Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တမန်တော် 4:17 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

17 သို့သော်လည်း လူတိကြား၌ ဤကိစ္စကို ထပ်၍ ပြန့်နှံ့မလားစီခြင်းငှာ နောက်တစ်ခါ ယေသျှုနာမကို အမှီပြု၍ ဇာသူ့ကိုမျှ မဟောပြောစီရန် ထိုသူရို့အား တင်းကြပ်စွာ သတိပီးကြမည်” ဟု ဆိုကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




တမန်တော် 4:17
25 ပူးပေါင်းရင်းမြစ်များ  

ထိုသို့ အလို့ငှာ ထိုသူ၏တပည့်များသည် သူ၏အလောင်းကို လာ၍ ခိုးယူပြီးလျှင် ထိုသူသည် သီခြင်းက ထမြောက်ပြီဟု လူတိကို ပြောကြလိမ့်မည်။ ဤသို့သော နောက်ဆုံး လှည့်ဖျားခြင်းသည် ပထမလှည့်ဖျားခြင်းထက် သာ၍ ဆိုးလိမ့်မည်။ ထို့ကြောင့် သင်္ချိုင်းဂူကို လုံခြုံစီခြင်းငှာ သုံးရက်မြောက်သည့်တိုင်အောင် စောင့်ကြည့်နိန်ခွင့်ပီးပါ” ဟု သူရို့က တောင်းလျှောက်ကြ၏။


သူရို့သည် မျက်စိပြန်မြင်ကြလေ၏။ ယေသျှုက “ဤအကြောင်းကို တစ်ယောက်ကိုလည်း မပြောကတ်ကေ့” ဟု ထိုသူရို့အား တင်းကြပ်စွာ မိန့်မှာတော်မူလေ၏။


ထိုသူရို့သည် ငါ့ကို စီရွှတ်လိုက်သော အသျှင်ကို မသိကြသည်ဖြစ်၍ ငါ၏နာမကြောင့် သင်ရို့ကိုလည်း ပြုကြလိမ့်မည်။


ထိုအခါ သူရို့သည် တမန်တော်ရို့အား တင်းကြပ်စွာ သတိပီး၍ ပြန်ရွှတ်လိုက်ကြ၏။ အကြောင်းမူကား လူအပေါင်းရို့သည် ဖြစ်ပျက်ခသည့်အရာအတွက် ဘုရားသခင်၏ ဘုန်းတော်ကို ချီးမွမ်းနိန်ကြသည်ဖြစ်၍ တရားလွှတ်တော်အဖွဲ့ဝင်ရို့သည် တမန်တော်ရို့အား အပြစ်ဒဏ်ပီးရန် နည်းလမ်းကို ရှာမတွိ့ပေ။


ဗိမာန်တော်မှူးနှင့် ယဇ်ပုရောဟိတ်မင်းရို့သည် ထိုစကားကိုကြားလျှင် ဤအရာကား မည်သို့ ဖြစ်လိမ့်မည်နည်းဟု တမန်တော်ရို့နှင့်ပတ်သတ်၍ အံ့သြနိန်ကြ၏။


ယဇ်ပုရောဟိတ်မင်းက “ငါရို့သည် သင်ရို့အား ထိုသူ၏နာမကို အမှီပြု၍ ဟောပြောသွန်သင်ခြင်းမပြုရန် တင်းကြပ်စွာ အမိန့်ပီးခ၏။ သို့သော် သင်ရို့သည် ယေရုဆလင်တစ်မြို့လုံး၌ ပြန့်နှံ့စွာ ဟောပြောသွန်သင်ပြီး ထိုသူ သီဆုံးရသည်မှာ ငါရို့ကြောင့်ဖြစ်သည်ဟု အပြစ်တင်လိုပါသည်တကား” ဟု တမန်တော်ရို့အား ပြောကြားကြ၏။


ထိုနည်းတူ သခင်ရို့၊ သင်ရို့၏ကျွန်တိကို ခြိမ်းခြောက်မှု မပြုဘဲ၊ သင်ရို့နှင့် သင်ရို့၏ ကျွန်တိ၌ ကောင်းကင်ဘုံတွင် အသျှင်တစ်ပါးတည်းသာ ဟိကြောင်းကို လည်းကောင်း၊ ထိုသခင်သည် မျက်နှာလိုက်တော်မမူကြောင်းကို လည်းကောင်း သတိရကြလော့။


ဇာကြောင့်ဆိုသော် သခင်ဘုရား၏ နှုတ်ကပတ်တရားသည် မာကေဒေါနိပြည်နှင့် အခါယပြည်၌ ပြန့်နှံ့သည်သာမက ဘုရားသခင်၌ သင်ရို့၏ ယုံကြည်ခြင်း သတင်းသည်လည်း အရပ်ရပ်သို့ ရောက်လားလေ၏။ သို့ဖြစ်၍ ထိုအကြောင်းအရာနှင့်ပတ်သတ်၍ ငါရို့သည် ပြောစရာမလိုယာ။


ပုတ်ခတ်ပြောဆိုခြင်း ခံရသောအခါ ပြန်၍ မတုံ့ပြန်။ ဒုက္ခဝေဒနာ ခံတော်မူရသောအခါ ခြိမ်းခြောက်တော်မမူဘဲ ဖြောင့်မတ်စွာ တရားစီရင်တော်မူသော ဘုရားသခင်၏ လက်တော်သို့ မိမိကိုယ်ကို အပ်နှံတော်မူ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ