14 သို့ရာတွင် အနာရောဂါပျောက်ကင်းခသူသည် ပေတရု၊ ယောဟန်ရို့နှင့်အတူ ရပ်နိန်သည်ကို မြင်သောကြောင့် သူရို့သည် မည်သို့မျှ ငြင်းဆိုမှုကို မပြုနိုင်ကြ။
ဤအရာတိကို တစ်ယောက်မျှ မငြင်းနိုင်ရာ။ ထို့ကြောင့် သင်ရို့သည် တိတ်ဆိတ်စွာနီသင့်၏။ မဆင်ခြင်ဘဲ ဇာအမှုအရာကိုမျှ မပြုကေ့။
သင်ရို့သည် လက်ဝါးကပ်တိုင်ထက်၌ တင်၍ သတ်လိုက်ပြီး ဘုရားသခင်က ရှင်ပြန်ထမြောက်စီတော်မူသော နာဇရက်မြို့သား ယေသျှုခရစ်တော်၏ နာမတော်တန်ခိုးတော်အားဖြင့် ထိုသူသည် လုံးဝ ခြီသန်စွမ်းလာပြီးလျှင် အဂု သင်ရို့ရှိ့၌ ရပ်နိန်သည်ကို သင်ရို့နှင့်အတူ ဣသရေလလူမျိုးအပေါင်းရို့ သိအပ်ပေ၏။
ပေတရုနှင့် ယောဟန်ရို့သည် ပညာမတတ်သောသူ၊ သာမန်လူများသာ ဖြစ်လျက်ပင် ဤသို့ ရဲရင့်ကြသည်ကို တရားလွှတ်တော်အဖွဲ့ဝင်များ မြင်တွိ့ကြသောအခါ အလွန်အံ့သြကြ၏။ ထိုသူရို့သည် ယေသျှု၏အပေါင်းအဖော်များ ဖြစ်ခကြသည်ကိုလည်း သတိပြုမိကြ၏။
ထို့ကြောင့် သူရို့သည် တမန်တော်ရို့အား တရားလွှတ်တော်ထဲမှ ထွက်လားခိုင်းပြီးလျှင် သူရို့သည် စတင်၍ ဤသို့ တိုင်ပင်ကြ၏။
“ဤသူရို့ကို ငါရို့ ဇာပိုင် လုပ်ရမည်နည်း။ ဤထူးခြားသော နိမိတ်လက္ခဏာတစ်ရပ်သည် သူရို့အားဖြင့် ဖြစ်ခသည်ကို ယေရုဆလင်မြို့၌ဟိသော လူတိုင်း ကောင်းစွာ သိကြသည် ဖြစ်၍ ဤအရာကို ငါရို့ ငြင်း၍ မရနိုင်။
ထိုအခါ သူရို့သည် တမန်တော်ရို့အား တင်းကြပ်စွာ သတိပီး၍ ပြန်ရွှတ်လိုက်ကြ၏။ အကြောင်းမူကား လူအပေါင်းရို့သည် ဖြစ်ပျက်ခသည့်အရာအတွက် ဘုရားသခင်၏ ဘုန်းတော်ကို ချီးမွမ်းနိန်ကြသည်ဖြစ်၍ တရားလွှတ်တော်အဖွဲ့ဝင်ရို့သည် တမန်တော်ရို့အား အပြစ်ဒဏ်ပီးရန် နည်းလမ်းကို ရှာမတွိ့ပေ။