Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တမန်တော် 4:1 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

1 ပေတရုနှင့် ယောဟန်ရို့သည် လူအပေါင်းရို့အား ဟောပြောလျက်နီကြစဉ် တချို့သော ယဇ်ပုရောဟိတ်များ၊ ဗိမာန်တော်မှူးနှင့် ဇဒ္ဒုကဲတချို့သည် ရောက်လာကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




တမန်တော် 4:1
20 ပူးပေါင်းရင်းမြစ်များ  

ထို့နောက် တပည့်တော်ရို့သည် မုန့်၌ ထည့်သောတဆီးကို ယှောင်ကြဉ်ရန် ကိုယ်တော်က သူရို့ကို သတိပီးနိန်ခြင်းမဟုတ်၊ ဖာရိယှဲနှင့် ဇဒ္ဒုကဲရို့၏ သွန်သင်မှုကို ယှောင်ကြဉ်ရန် သတိပီးနိန်ခြင်းဖြစ်ကြောင်းကို နားလည်လာကြ၏။


ထို့ကြောင့် သူရို့သည် မိမိ၏တပည့်တိနှင့် ဟေရုဒ်၏လူရို့ကို ကိုယ်တော်ပါးသို့ စီရွှတ်လိုက်ကြ၏။ သူရို့က “ဆရာ ကိုယ်တော်သည် ဇာသူတစ်ယောက်၏ အဆင့်အတန်းကိုလည်း စိတ်မဝင်းစားသည်ဖြစ်၍ တခြားလူတိ၏ ထင်မြင်ချက်ကို စိုးရိမ်စိတ် မဟိဘဲ လူတိအား ဘုရားသခင်အလိုတော်နှင့် ဆိုင်သော သမ္မာတရားကို သွန်သင်ပီးပါ၏။ ကိုယ်တော်သည် သမ္မာတရားကို ဟောကြားတော်မူသည်ကို အကျွန်ရို့ သိကြပါ၏။


ယဇ်ပုရောဟိတ်အကြီးအကဲတိနှင့် လူအကြီးအကဲရို့က ဗာရဗ္ဗကို ရွှတ်ပီးပြီး ယေသျှုကို အသီသတ်ရန် ပိလတ်မင်းအား တောင်းဆိုကြဖို့ လူထုကို တိုက်တွန်းလှုံ့ဆော် ကြ၏။


ယဇ်ပုရောဟိတ်အကြီးအကဲတိ၊ ကျမ်းတတ်ဆရာတိနှင့် လူရို့တွင် အကြီးအကဲဖြစ်သောသူရို့ကလည်း ကိုယ်တော့်ကို ထိုနည်းတူ ကဲ့ရဲ့လှောင်ပြောင်ကတ်၏။


ဖာရိယှဲရို့နှင့် ဇဒ္ဒုကဲရို့သည် ဗတ္တိဇံခံရန် လာကြသည်ကို ယောဟန် မြင်လျှင် “မြွီဆိုးအမျိုးတိ၊ သင်ရို့သည် ရောက်လတ္တံ့သော ဘုရားသခင်၏ အပြစ်စီရင်ခြင်းမှ လွတ်လိမ့်မည်ဟု ဇာသူက ပြောသနည်း။


တစ်နိ့၌ ယေသျှုသည် ဗိမာန်တော်တွင် လူတိအား ဆုံးမသြဝါဒပီး၍ သတင်းကောင်းကို ဟောပြောလျက်နိန်စဉ် ယဇ်ပုရောဟိတ် အကြီးအကဲများ၊ ကျမ်းတတ်ဆရာများနှင့် လူအကြီးအကဲရို့သည် ကိုယ်တော်ထံသို့ လာကြ၏။


ထို့ကြောင့် ယုဒသည် ယဇ်ပုရောဟိတ်ကြီးရို့နှင့် ဗိမာန်တော်မှူးရို့ပါးသို့ လား၍ ကိုယ်တော်အား မည်သည့်နည်းဖြင့် အပ်ရန် ဆွေးနွေးတိုင်ပင်ကြ၏။


‘ကျွန်သည် သခင်ထက် ကြီးမြတ်သည် မဟုတ်’ ဟု သင်ရို့အား ငါပြောခသည်ကို မှတ်ထားကြလော့။ လူတိက ငါ့ကို ညှည်းဆဲကြလျှင် သင်ရို့ကိုလည်း သာ၍ ညှည်းဆဲကြလိမ့်မည်။ သူရို့သည် ငါ၏အဆုံးအမကို နာခံလျှင် သင်ရို့၏ အဆုံးအမကိုလည်း နာခံကြလိမ့်မည်။


ထို့ကြောင့် ယုဒသျှကာရုတ်သည် ယဇ်ပုရောဟိတ်အကြီးအကဲရို့နှင့် ဖာရိယှဲရို့က စီရွှတ်လိုက်သည့် ဗိမာန်တော်အစောင့်စစ်သားတချို့နှင့် ရောမစစ်သားများကို သူနှင့်အတူ ခေါ်လာကာ ထိုဥယျာဉ်သို့ ရောက်လာ၏။ သူရို့သည် မီးအိမ်၊ မီးတုတ်နှင့် လက်နက်များကို ကိုင်ဆောင်လာကြ၏။


သူရို့သည် ယဇ်ပုရောဟိတ်မင်း အန္နတ်၊ ကယာဖ၊ ယောဟန်၊ အလက်ဇန္ဒြားနှင့် တခြားသော ယဇ်ပုရောဟိတ်မင်း၏ မိသားစုဝင်များ အစဟိသောသူအပေါင်းရို့နှင့် တွိ့ဆုံကြ၏။


ထိုအခါ ယဇ်ပုရောဟိတ်မင်းနှင့် သူ၏ အပေါင်းအဖော်များဖြစ်ကြသော ဒေသဆိုင်ရာ ဇဒ္ဒုကဲအဖွဲ့ဝင်များသည် တမန်တော်ရို့ကို အလွန် မနာလိုဖြစ်ကြ၏၊ ထို့ကြောင့် သူရို့ကို အရေးယူရန် ဆုံးဖြတ်ကြ၏။


ဗိမာန်တော်မှူးနှင့် ယဇ်ပုရောဟိတ်မင်းရို့သည် ထိုစကားကိုကြားလျှင် ဤအရာကား မည်သို့ ဖြစ်လိမ့်မည်နည်းဟု တမန်တော်ရို့နှင့်ပတ်သတ်၍ အံ့သြနိန်ကြ၏။


ထို့ကြောင့် ဗိမာန်တော်မှူးသည် မိမိအစောင့်စစ်သည်တိနှင့် လား၍ တမန်တော်တိကို ပြန်၍ခေါ်လာကြ၏။ သို့သော် မိမိရို့အား လူထုက ကျောက်ခဲနှင့် ပစ်မည်ကို ကြောက်သောကြောင့် တမန်တော်တိအား အနိုင်အထက်မပြုဘဲ ခေါ်လာကြ၏။


ဤသို့ဖြင့် သူရို့သည် လူများ၊ အကြီးအကဲများ၊ ကျမ်းပြုဆရာများကို နှိုးဆော်ပီးကြ၏။ သူရို့သည် သတေဖန်အား ဖမ်းဆီးကာ တရားလွှတ်တော်ရှိ့သို့ ခေါ်ဆောင်လားကြ၏။


ဤသို့ဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တရားတော်သည် ဆက်လက်၍ ပြန့်နှံ့လေ၏။ ယေရုဆလင်မြို့၌ တပည့်တော် အရီအတွက်သည်လည်း အလွန်တိုးပွားလာပြီး များစွာသော ယဇ်ပုရောဟိတ်ရို့သည် ယုံကြည်လက်ခံလာကြ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ