23 ဇာသူမဆို ထိုပရောဖက်စကားကို မနာခံသောသူသည် ဘုရားသခင်၏ လူမျိုးတော်ဖြစ်ခြင်းမှ ဖယ်ယှား၍ ဖျက်ဆီးခြင်းကို ခံရလိမ့်မည်’ ဟု မိန့်မြွက်တော်မူခ၏။
ယုံကြည်၍ ဗတ္တိဇံမင်္ဂလာကို ခံယူသောသူတိုင်း ကယ်တင်တော်မူခြင်းကို ခံရမည်။ မယုံကြည်သောသူမူကား အပြစ်စီရင်ခြင်းကို ခံရမည်။
ငါ့ကိုပယ်၍ ငါဟောပြောသော သတင်းစကားကို နာမခံသောသူအား တရားစီရင်မည့်သူ ဟိသိမ့်၏။ ငါဟောပြောသည့်စကားပင် နောက်ဆုံးသောနိ့၌ ထိုသူရို့ကို တရားစီရင်လိမ့်မည်။
ထို့အတွက်ကြောင့် သင်ရို့သည် သင်ရို့အပြစ်များကြောင့် သီဆုံးရလိမ့်မည်ဟု ငါဆို၏။ ‘ငါဖြစ်သည်အတိုင်း ငါဖြစ်သည်’ ကို သင်ရို့ မယုံကြည်ကြလျှင် သင်ရို့သည် သင်ရို့အပြစ်များကြောင့် သီဆုံးကြလိမ့်မည်” ဟု မိန့်တော်မူ၏။
ထိုအခါ ပေတရု၏စကားကို လက်ခံယုံကြည်သော များစွာသော သူရို့သည် ဗတ္တိဇံကိုခံယူကြသဖြင့် ထိုနိ့၌ လူပေါင်း ၃,၀၀၀ ခန့် တိုးပွားလေ၏။
သို့သော် ငါရို့သည် နောက်သို့ ပြန်လှည့်သူတိ၊ ဖျက်ဆီးခြင်းကို ခံသော သူတိမဟုတ်ဘဲ၊ ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်း ခံထားရသောသူတိ ဖြစ်ကြ၏။
သင်ရို့သည် မိန့်တော်မူသော အသျှင်ကို မငြင်းပယ်မိကြစီရန် သတိပြုကြလော့။ အကြောင်းမူကား မြီကြီး၌ ဗျာဒိတ်ပီးသောသူကို ငြင်းပယ်သောသူသည် ပြစ်ဒဏ်မှ မလွတ်နိုင်ကြလျှင် ကောင်းကင်ဘုံမှ ဗျာဒိတ်ပီးတော်မူသောအသျှင်ကို ငြင်းပယ်လျှင် ဇာပိုင် အပြစ်က လွတ်နိုင်ပါအံ့နည်း။
ဤသို့သော ကြီးမြတ်သော ကယ်တင်ခြင်းတရားကို ဂရုမစိုက်ဘဲ နီကြလျှင် ငါရို့သည် ပြစ်ဒဏ်စီရင်ခြင်းက ဇာပိုင် လွတ်မြောက်နိုင်ပါဖို့လဲ။ သခင်ဘုရား ကိုယ်တိုင် ပထမဦးစွာ ဤကယ်တင်ခြင်းတရားကို ဟောကြားတော်မူခသည်ဖြစ်၍ ကြားနာရသောသူရို့က ထိုတရားတော်သည် မှန်ကန်ကြောင်းကို ငါရို့အား သက်သီပြခလေ၏။
အသီသတ်ခြင်းကို ခံရသည့် သိုးသူငယ်တော်၏ အသက်စာစောင်တွင် လောကကို ဖန်ဆင်းတော်မမူခင်ကပင် စာရင်းဝင်သောသူရို့မှတစ်ပါး မြီကြီးသားအပေါင်းရို့သည် ထိုသားရဲအား ကိုးကွယ်ကြလိမ့်မည်။
အသက်စာစောင်တွင် စာရင်းမဝင်သောသူ ဟိသမျှရို့သည် မီးအိုင်ထဲသို့ ပစ်ချခြင်းကို ခံရကြ၏။