တမန်တော် 3:13 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား13 ငါရို့အဖိုးအဖီးတိ၏ဘုရား၊ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်ရို့၏ ဘုရားသခင်သည် မိမိ၏အခိုင်းအစီ ယေသျှုအား ဘုန်းတန်ခိုးတော်ကို ပီးတော်မူခယာ။ သင်ရို့သည် ထိုအသျှင်ကို အာဏာဟိသောသူတိလက်၌ အပ်သော်လည်း သူ့ကို လွှတ်ပီးရန် ဆုံးဖြတ်ထားသော ပိလတ်၏ ရှိ့တော်၌ ငြင်းပယ်ခကြ၏။ အခန်းကိုကြည့်ပါ။ |
ထိုသူရို့က “သူ့ကို လက်ဝါးကပ်တိုင်မှာ တင်ပြီး သတ်ပစ်လိုက်ပါ။ သူ့ကို လက်ဝါးကပ်တိုင်မှာ တင်ပြီး သတ်ပစ်လိုက်ပါ။ သူ့ကို လက်ဝါးကပ်တိုင်မှာ တင်ပြီး သတ်ပစ်လိုက်ပါ” ဟု အော်ဟစ်၍ တောင်းဆိုကြ၏။ ပိလတ်မင်းက “သင်ရို့သည် ငါ့အား သင်ရို့၏ သျှင်ဘုရင်ကို လက်ဝါးကပ်တိုင်မှာ တင်၍ သတ်ခိုင်းနိန်ကြသလော” ဟု မိန်း၏။ ထိုအခါ ယဇ်ပုရောဟိတ်အကြီးအကဲများက “ငါရို့မှာ ဧကရာဇ်ဘုရင် တစ်ပါးတည်းသာ ဟိပါ၏” ဟု ပြန်ပြောကြ၏။
သို့ရာတွင် ဘုရားသခင်၏ကျေးဇူးတော်အားဖြင့် လူတိုင်းအတွက် အသီခံခြင်းငှာ ကောင်းကင်တမန်တိအောက် ခေတ္တမျှ နှိမ့်ချထားခြင်းကို ခံရသော ယေသျှုကို ငါရို့သည် မြင်ကြရပြီ။ ထိုအသျှင်သည် မိမိအသီခံတော်မူခြင်းကြောင့် ဘုန်းတန်ခိုးတော်ဖြင့်လည်းကောင်း၊ ဂုဏ်အသရေဖြင့်လည်းကောင်း ချီးမြှောက်ခြင်းခံရသည်ကို ငါရို့ မြင်တွိ့ကြရ၏။
သစ္စာဟိသော သက်သီခံ၊ သီခြင်းမှ ဦးစွာပထမ ရှင်ပြန်ထမြောက်တော်မူသော၊ လောကီသျှင်ဘုရင်တိကို အစိုးရတော်မူသော ယေသျှုခရစ်တော်ထံပါးမှ လည်းကောင်း၊ ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည် သင်ရို့၌ ဟိပါစီသောဝ်။ ထိုသူသည် ငါရို့ကို ချစ်တော်မူ၍ မိမိ၏အသွီးတော်အားဖြင့် ငါရို့၏ အပြစ်တရားမှ ငါရို့အား လွတ်မြောက်စီတော်မူပြီးလျှင်၊