Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တမန်တော် 28:8 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

8 ပုဗလိ၏ အဖသည် အပြင်းဖျားနှင့် ဝမ်းကိုက်ရောဂါများကို ခံစားရပြီး အိပ်ရာ၌ လဲနိန်၏။ ပေါလုသည်လည်း သူ၏အခန်းထဲသို့ လား၍ ဆုတောင်းပြီးနောက် သူ့အထက်၌ မိမိ၏လက်ကို တင်ကာ ကျန်းမာလာစီ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




တမန်တော် 28:8
22 ပူးပေါင်းရင်းမြစ်များ  

ယေသျှုသည် တပည့်တော် တစ်ဆယ့်နှစ်ယောက်ကို အတူတကွ ခေါ်ပြီးလျှင် ဝိညာဉ်ဆိုးတိကို နှင်ထုတ်နိုင်ခြင်းငှာ လည်းကောင်း၊ အနာရောဂါအမျိူးမျိူးကို ပျောက်ကင်းစီခြင်းငှာ လည်းကောင်း၊ သူရို့အား အခွင့်အာဏာများကို ပီးတော်မူ၏။


မကျန်းမာသောသူတိကို ကျန်းမာစီကြလော့၊ သီနိန်သောသူတိကို ထမြောက်စီကြလော့၊ နူနာစွဲနိန်သောသူတိကို ပျောက်ကင်းစီကြလော့၊ ပြီးနောက် နတ်ဆိုးတိကို နှင်ထုတ်ကြလော့။ သင်ရို့သည် အဖိုးအခမပီးဘဲ ရထားကြသည်ဖြစ်သောကြောင့်၊ အဖိုးအခမယူဘဲ ပြန်ပီးကြလော့။


ထို့နောက် ယေသျှုက လက်တစ်ဖက်သီနိန်သောသူအား “သင်၏လက်ကို ဆန့်လိုက်” ဟု မိန့်တော်မူသည့်အတိုင်း၊ ထိုသူသည် လက်ကို ဆန့်လိုက်လျှင် ထိုလက်သည် အခြားလက်တစ်ဖက်ကဲ့သို့ အကောင်းပကတိ ဖြစ်လားလေ၏။


ယေသျှုသည် ဤအကြောင်းအရာများကို မိန့်တော်မူနိန်စဉ် ယုဒလူမျိုး အရာဟိတစ်ယောက်သည် ကိုယ်တော်ပါးသို့ ရောက်လာ၍ ကိုယ်တော်ရှိ့တော်၌ ပျပ်ဝပ်လျက် “အကျွန့်သမီး သီကျလားသည်မှာ မကြာသိမ့်ပါ၊ သို့သော်လည်း ကိုယ်တော်သည် ကြွလာ၍ သူမထက်မှာ လက်ကို တင်ပီးတော်မူပါ၊ သူမသည် အသက်ရှင်လာလိမ့်မည်” ဟု လျှောက်လေ၏။


မြွီဆိုးများကို ကိုင်ဖမ်းသော်လည်းကောင်း၊ သီစီတတ်သော အဆိပ်အတောက်ကို သောက်သော်လည်းကောင်း၊ သူရို့သည် ဘေးဥပါဒ်နှင့် ကင်းလွတ်ကြလိမ့်မည်။ နာမကျန်းသော သူရို့အထက်မှာ လက်ကိုတင်၍ ကျန်းမာစီကြလိမ့်မည်” ဟု မိန့်တော်မူ၏။


“အကျွန်၏သမီးသျှေ သီဖို့ ဖြစ်နိန်ယာ။ ထိုအသျှေကို အသက်ရှင်ကျန်းမာစီခြင်းငှာ ကိုယ်တော်ကြွပြီးလျှင် အသျှေထက်မှာ လက်တော်ကို တင်ပီးတော်မူပါ” ဟု ကိုယ်တော်အား အနူးအညွှတ်တောင်းပန်လေ၏။


ကိုယ်တော်သည် ထိုမြို့တွင် ဖျားနာသူ တချို့ကိုသာ လက်တော်တင်၍ ကျန်းမာစီတော်မူသည် မှတစ်ပါး မည်သည့် နိမိတ်လက္ခဏာကိုမျှ ပြုတော်မမူ။


ထိုအခါ လူတချို့သည် ဆွံ့အ၍၊ နားပင်းနိန်သော လူတစ်ယောက်ကို အထံတော်သို့ ခေါ်ဆောင်ခပြီး၊ ထိုသူ၏အထက်တွင် လက်တော်ကို တင်ပါမည့်အကြောင်း၊ ကိုယ်တော်အား တောင်းပန်ကြ၏။


ကိုယ်တော်သည် သူမ၏အထက်၌ လက်ကို တင်တော်မူသဖြင့် သူမသည် ချက်ချင်းပင် ခါးဆန့်လားပြီး ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်းလေ၏။


နီဝင်ပြီးနောက် လူတိက ရောဂါအမျိုးမျိုးဟိသောသူ အပေါင်းရို့ကို ယေသျှုထံတော်သို့ ခေါ်ဆောင်ခသည်ဖြစ်၍ ကိုယ်တော်သည် ထိုသူရို့၏ ဂေါင်းထက်မှာ လက်ကိုတင်၍ ရောဂါများကို ပျောက်စီတော်မူ၏။


ထိုအရပ်နှင့် မနီးမဝီးတွင် ပုဗလိအမည်ဟိသော ကျွန်းသူကြီး ပိုင်ဆိုင်သော မြီယာများ ဟိ၏။ ထိုသူကြီးသည် အကျွန်ရို့ကို ချစ်ခင်ကြင်နာစွာ ကြိုဆိုပြီး၊ သုံးရက်ပတ်လုံး ကောင်းစွာ ဧည့်ခံကျွေးမွေးလေ၏။


ထိုအခြင်းအရာများကြောင့် ကျွန်းထက်၌ဟိသော တခြား မကျန်းမာသောသူ အားလုံးသည်လည်း ပေါလုပါးသို့ ရောက်လာကြ၍ ကျန်းမာခြင်းကို ရကြလေ၏။


ပေတရုသည် ထိုသူရို့ အားလုံးကို အခန်းတွင်းမှ ထွက်စီပြီးလျှင် ဒူးထောက်၍ ဆုတောင်းလေ၏။ ထို့နောက် အလောင်းဖက်သို့လှည့်၍ “တဗိသ၊ ထလော့” ဟု ဆိုလျှင် သူမသည် မျက်စိဖွင့်၍ ပေတရုကို မြင်သောအခါ ထ၍ ထိုင်လေ၏။


ဘုရားသခင်သည် တမန်တော်တိကို ပထမအရာ၌ လည်းကောင်း၊ ပရောဖက်တိကို ဒုတိယအရာ၌ လည်းကောင်း၊ သွန်သင်ပီးသော ဆရာတိကို တတိယအရာ၌ လည်းကောင်း၊ ထို့နောက် နိမိတ်လက္ခဏာပြသော သူတိကို လည်းကောင်း၊ အနာရောဂါများကို ပျောက်ကင်းစီနိုင်သော တန်ခိုးကို ရဟိသောသူတိကို လည်းကောင်း၊ သူတစ်ပါးအား ကူညီသောသူတိကို လည်းကောင်း၊ စီစဉ်ညွှန်ကြားနိုင်စွမ်းဟိသောသူတိကို လည်းကောင်း၊ အမျိုးမျိုးသော ဘာသာ စကားများကို ပြောနိုင်သောသူတိကို လည်းကောင်း အသင်းတော်တွင် ခန့်ထားတော်မူ၏။


ထိုဝိညာဉ်တော်အားဖြင့် တစ်ယောက်သောသူအား ယုံကြည်ခြင်းပါရမီကို လည်းကောင်း၊ တစ်ယောက်သောသူအား အနာရောဂါ ပျောက်ကင်းစီနိုင်သော တန်ခိုးများကို လည်းကောင်း ပီးတော်မူ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ