6 ထိုမြို့၌ တပ်မှူးသည် အာလေဇန္ဒြိမြို့မှ ဣတလိပြည်သို့ ကူးမည့် သင်္ဘောတစ်စီးကို တွိ့သဖြင့် အကျွန်ရို့အား ထိုသင်္ဘောထက်သို့ တက်စီကြ၏။
ထိုအခါ ကလောဒိမင်းက ယုဒလူမျိုးတိအားလုံး ရောမမြို့မှ ထွက်လားရမည်ဟု အမိန့်တော်ထုတ်လိုက်သောကြောင့် မိမိမယား ပြစ်ကိလနှင့်အတူ ဣတလိပြည်မှ မကြာခင်က ထွက်ခွာလာခသော ပုန္တုပြည်သား အာကုလ ဟုခေါ်သည့် ယုဒလူမျိုးတစ်ယောက်နှင့် သူသည် တွိ့ဆုံလေ၏။ ပေါလုသည် သူရို့နှင့်တွိ့ဆုံရန် သူရို့ပါးသို့ လားလေ၏၊
ထိုအချိန်၌ အာပေါလုဟု အမည်တွင်သော အာလေဇန္ဒြိမြို့၌ မွီးဖွားသည့် ယုဒလူမျိုး တစ်ယောက်သည် ဧဖက်မြို့သို့ ရောက်လာ၏။ ထိုသူသည် စကားပြောကောင်းသူ တစ်ယောက်ဖြစ်သည့်အပြင် ကျမ်းစာ ဗဟုသုတ ကြွယ်ဝသောသူတစ်ယောက်လည်းဖြစ်၏။
ထိုအခါ အကျွန်ရို့အား ဣတလိပြည်သို့ သင်္ဘောဖြင့် ကူးရမည့်အကြောင်းကို ဆုံးဖြတ်ပြီးနောက်၊ ပေါလုနှင့် အကျဉ်းသားအချို့ကို “ဧကရာဇ်မင်း၏ တစ်ထောင်တပ်” ဟု ခေါ်သော တပ်မှ တပ်မှူး ယုလိလက်သို့ အပ်လိုက်၏။
သုံးလလွန်သောအခါ အကျွန်ရို့သည် “နတ်သားအမြွှာ” ဟု ခေါ်သော အာလေဇန္ဒြိမြို့မှ လာသော သင်္ဘောကို စီး၍ ရွက်ရွှင့်ကြ၏။ ထိုသင်္ဘောသည် ဆောင်းကာလပတ်လုံး ထိုကျွန်း၌ နီခဖူးသော သင်္ဘောဖြစ်၏။
သို့ရာတွင် လူတချို့သည် သူ့ကို အတိုက်အခံ ပြုကြ၏။ ထိုသူရို့ကား၊ ကုရေနေနှင့် အာလေဇန္ဒြိမြို့၌ဟိသော ယုဒလူမျိုးတိပါဝင်သော လွတ်လပ်သူများ (ဟုခေါ်သည့်) တရားဇရပ်အဖွဲ့ဝင်များ ဖြစ်ကြ၏။ ထိုသူရို့နှင့်တကွ ကိလိကိပြည်နှင့် အာယှိပြည်မှ ယုဒအမျိုးသားတချို့ရို့သည် သတေဖန်နှင့် စတင်ငြင်းခုံကြ၏။