26 သို့ရာတွင်၊ ငါရို့ သင်္ဘောသည် ကျွန်းတချို့တွင် သောင်တင်လိမ့်မည်” ဟု ဆို၏။
သူရို့သည် ထိုလောင်းကို ဆွဲတင်ပြီးလျှင် ကြိုးဖြင့် သင်္ဘောတိုင်များ၌ ချိုင်ထားကြ၏။ သူရို့သည် သုရတိသောင်တွင် တင်မည်ကို စိုးရိမ်သဖြင့် ရွက်ကိုရုပ်သိမ်းပြီး လီတိုက်ရာသို့ မျောပါကြ၏။
တစ်ဆယ့်လေးရက်မြောက်သောည၌ အကျွန်ရို့သင်္ဘောသည် အာဒြိပင်လယ်ထဲတွင် လီတိုက်ရာသို့ မျောပါ နိန်၏။ ညဥ့်သန်းခေါင် အချိန်ခန့်တွင် သင်္ဘောသားရို့သည် ကမ်းနှင့် နီးလာသည်ဟု ထင်မှတ်ကြ၏။
ထိုအခါ သူရို့က သင်္ဘောသည် ကျောက်ဆောင်များအား တိုက်မိမည်ကို စိုးရိမ်ကြ၏။ ထို့ကြောင့် သင်္ဘော၏ ပဲ့ပိုင်းမှ ကျောက်ဆူးလေးလက်ကို ချပြီး၊ မိုးလင်းပါစီဟု ဆုတောင်းကြ၏။
အကျွန်ရို့သည် အသက်ဘေးမှလွတ်၍ ကမ်းထက်သို့ ရောက်သောအခါ ၎င်းကို မေလိတေကျွန်းဟု ခေါ်ကြောင်း သိရကြ၏။