22 သို့သော် ယခုမူကား အားတင်းထားကြလော။ သင်္ဘော ပျက်စီးခြင်းမှတစ်ပါး သင်ရို့အထဲတွင် တစ်ယောက်မျှ အသက်ဆုံးယှုံးရမည် မဟုတ်။
ထိုည၌ သခင်ဘုရားသည် ပေါလု၏အနား၌ ရပ်လျက်၊ “မကြောက်ကေ့၊ သင်သည် ဤယေရုဆလင်မြို့၌ ငါ၏အကြောင်းကို သက်သီခံသည့်နည်းတူ၊ ရောမမြို့၌လည်း သက်သီခံရလိမ့်မည်” ဟု မိန့်တော်မူ၏။
ထို့ကြောင့် အချင်းလူရို့၊ အားတင်းထားကြလော။ ငါသည် ဘုရားသခင်ကို ယုံကြည်သောသူဖြစ်သောကြောင့် ငါ့ကို ကောင်းကင်တမန် ဖော်ပြခသည့်အတိုင်း ဖြစ်လာလိမ့်မည်။
သို့ရာတွင် ပေါလုသည် တပ်မှူးနှင့် စစ်သားတိအား၊ “သင်္ဘောသားရို့ သင်္ဘောထက်၌ မဟိလျှင် သင်ရို့သည် အသက်ချမ်းသာရခြင်းငှာ မျှော်လင့်ခြင်းမဟိ” ဟု ဆို၏။
ထို့ကြောင့် သင်ရို့သည် အစာကိုစားကြရန် ငါတိုက်တွန်း၏။ သင်ရို့သည် အသက်ရှင်ကျန်ရဖို့အလို့ငှာ လိုအပ်သောအရာဖြစ်၏။ သင်ရို့၏ ဦးဂေါင်းမှ ဆံခြီတစ်မျှင်မျှ ဆုံးယှုံးလိမ့်မည် မဟုတ်” ဟု ဆို၏။
ထိုသူအပေါင်းရို့သည်လည်း စိတ်အားတက်လာပြီး အစားအစာတချို့ကိုယူ၍ စားကြ၏။
ကျန်ခသောသူရို့သည် ပျဉ်ပြားမှစ၍ သင်္ဘော၏ အပိုင်းအစများကို စီး၍ ကူးစီခြင်းငှာလည်းကောင်း အမိန့်ပီးလေ၏။ ဤနည်းဖြင့် အကျွန်ရို့အားလုံးသည် အသက်ဘေးမှလွတ်၍ ကမ်းသို့ ရောက်ကြ၏။