Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တမန်တော် 27:2 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

2 အကျွန်ရို့သည် အာဒြမုတ္တိမြို့မှ လာသော သင်္ဘောဖြင့် ရွက်ရွှင့်ကြ၏။ ထိုသင်္ဘောသည် အာယှိပြည်တစ်လျှောက်၌ဟိသော သင်္ဘောဆိပ်ကမ်းမြို့များသို့ လားမည့် သင်္ဘောဖြစ်၏။ ငါရို့နှင့်အတူ အာရိတ္တာခု အမည်ဟိသော မာကေဒေါနိပြည် သက်သာလောနိတ်မြို့သား တစ်ယောက်သည်လည်း လိုက်ပါလာ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




တမန်တော် 27:2
17 ပူးပေါင်းရင်းမြစ်များ  

တစ်နိ့၌ ယေသျှုနှင့် တပည့်တော်ရို့သည် လောင်းထက်သို့ တက်ကြ၏။ ထို့နောက်ကိုယ်တော်က၊ “အိုင်တစ်ဖက်ကို ကူးကြကုန်အံ့” ဟု မိန့်တော်မူသဖြင့် တပည့်တော်ရို့သည် ရွက်ရွှင့်ကြ၏။


ထိုအခါ ထိုမိန်းမချေက “ဤသူရို့သည် အမြင့်ဆုံးသော ဘုရားသခင်၏ အမှုတော်ဆောင်များ ဖြစ်ကြပြီး၊ သင်ရို့အား ကယ်တင်ခြင်းလမ်းကို ဟောပြောနိန်သောသူများဖြစ်ကြ၏” ဟု အော်ဟစ်၍ ပေါလုနှင့် ငါရို့နောက်က လိုက်ပါလာ၏။


ပေါလုနှင့် သိလသည် အံဖိပေါလိမြို့နှင့် အာပေါလောနိမြို့ကို လှည့်လည်လာကြပြီးလျှင် သက်သာလောနိတ်မြို့သို့ ရောက်လာကြ၏။ ထိုမြို့၌ ယုဒတရားဇရပ် တစ်ခု ဟိလေ၏။


မှော်အတတ်ကို သုံးခသောသူများသည် ၎င်းနှင့်သက်ဆိုင်သော မိမိရို့၏စာလိပ်များကို ယူလာပြီး လူအပေါင်းရို့ရှိ့၌ မီးတိုက်ကြ၏။ သူရို့သည် ထိုစာလိပ်များ၏ တန်ဖိုးကို တွက်ကြည့်ရာ ငွီဒင်္ဂါးပြား ၅၀,၀၀၀ တန်ဖိုး ဟိ၏။


တစ်မြို့လုံး ရုန်းရင်းဆန်ခတ်ဖြစ်၍၊ လူအများရို့သည် ပေါလုနှင့်အတူ ခရီးလားဖော်တိဖြစ်သော မာကေဒေါနိပြည်သား ဂါယုနှင့် အာရိတ္တာခုရို့ကို ဖမ်းဆီး၍ ပွဲခံရာဇရပ်သို့ ဆွဲခေါ်လားကြ၏။


ငါရို့သည် ပါတိပြည်၊ မေဒိပြည်၊ ဧလံပြည်၊ မေသောပေါတာမိပြည်၊ ယုဒပြည်၊ ကပ္ပဒေါကိပြည်၊ ပုန္တုပြည်၊ အာယှိပြည်၊


သို့ပိုင်သျှောင် ခုနစ်ရက်လွန်သောအခါ ငါရို့သည် ထိုအရပ်မှ ထွက်၍ ငါရို့၏ ခရီးစဉ်အတိုင်း ခရီးဆက်ကြ၏။ သူရို့သည်လည်း မိမိရို့၏မယားတိ၊ အသျှေတိနှင့်အတူ မြို့ပြင်ကမ်းခြီသို့ လိုက်ပို့ကြ၏။ ထိုနီရာတွင် ငါရို့အားလုံးသည် ဒူးထောက်ပြီး ဆုတောင်းကြ၏။


သူရို့သည် များစွာသော လက်ဆောင်များကို အကျွန်ရို့အား ပီးကြလေ၏။ အကျွန်ရို့သည် ထိုမှ ရွက်ရွှင့်ကြသောအခါလည်း လမ်းခရီး၌ လိုအပ်သော စားနပ်ရိက္ခာများကို သင်္ဘောထက်သို့ တင်ပီးကြ၏။


အကျွန်ရို့သည် သုရကုတ်မြို့သို့ ရောက်လျှင် သုံးရက်မျှနီထိုင်ကြ၏။


အကျွန်ရို့သည် ရောမမြို့သို့ ရောက်သောအခါ၊ ပေါလုသည် မိမိအား အစောင့်စစ်သား တစ်ယောက်နှင့်အတူ နီရသောအခွင့်ကို ရ၏။


ထိုကျွန်းသူကျွန်းသားရို့သည် အကျွန်ရို့အား အလွန်ရင်းနှီးစွာ ချစ်ခင်ကြင်နာမှုကို ပြသကြ၏။ မိုးရွာ၍ ချမ်းသောကြောင့် ထိုသူရို့သည် မီးပုံတစ်ပုံကို ဖိုပြီး အကျွန်ရို့အား ကြိုဆိုကြ၏။


ငါနှင့်အတူ ထောင်ကျခံနိန်ရသူ အာရိတ္တာခုနှင့် ဗာနဗ၏ ညီအစ်ကိုဝမ်းကွဲဖြစ်သောသူ မာကုသည် သင်ရို့ကို နှုတ်ဆက်လိုက်ပါ၏။ (မာကုသည် သင်ရို့ပါးသို့ ရောက်လာသောအခါ သူ့အား ကြိုဆိုလက်ခံကြရန် ညွှန်ကြားချက်များကို သင်ရို့ ရဟိထားပြီးဖြစ်၏။)


ငါ၏ လုပ်ဖော်ဆောင်ဖက်ရို့ ဖြစ်ကြသည့် မာကု၊ အာရိတ္တာခု၊ ဒေမနှင့် လုကာရို့ကလည်းကောင်း သင့်ကို နှုတ်ဆက်ကြ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ