30 ထို့နောက် မင်းကြီး၊ ဘုရင်ခံ၊ ဗေရနိတ်နှင့်အတူတကွ ထိုင်နိန်ကြသော အဖွဲ့ဝင်အပေါင်းရို့သည် ထလာကြ၏။
သို့ရာတွင် သင်ရို့၏ယုဒဘာသာရေးနှင့်ဆိုင်သော စကားလုံးတိ၊ အမည်နာမတိ၊ ပညတ်တရားတိနှင့် ပတ်သက်၍ အငြင်းပွားမှု ဖြစ်သောကြောင့် သင်ရို့၏ကိစ္စကို သင်ရို့ရာ ဖြေယှင်းကြ၊ ငါသည် ဤကိစ္စကို တရားစီရင်လိမ့်မည်မဟုတ်” ဟု ဆိုလျက်၊
နောက်တစ်နိ့တွင် အဂြိပ္ပမင်းနှင့် ဗေရနိတ်ရို့သည် ခမ်းနားသော ဂုဏ်အသရေကိုဆောင်လျက် တပ်မှူးတိ၊ ထိုမြို့၏ ခေါင်းဆောင်တိနှင့်တကွ ညီလာခံခန်းမထဲသို့ ဝင်လာကြ၏။ ထိုအခါ ဖေတ္တုသည် အမိန့်ပီးသဖြင့် ပေါလုအား ရှိ့မှောက်သို့ ခေါ်ဆောင်လာကြ၏။
သူရို့သည် ထိုအခန်းမှ ထွက်လာပြီးနောက် သူရို့အချင်းချင်း “ဤသူသည် သီထိုက်သော အပြစ်ကိုသော်လည်းကောင်း၊ အကျဉ်းခံထိုက်သော အပြစ်ကိုသော်လည်းကောင်း မပြု” ဟု ပြောဆို ကြ၏။
သို့ပင်သျှောင် သင်၏ အယူအဆ အကြောင်းကိုမူ ငါရို့ နားထောင်လိုပါ၏။ အကြောင်းမူကား ဤဂိုဏ်းခွဲကို အရပ်ရပ်၌ ဟိသောလူတိက ဆန့်ကျင်ပြောဆိုနိန်ကြသည်ကို ငါရို့သိကြ၏” ဟု ဆိုကြ၏။