Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တမန်တော် 26:11 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

11 တရားဇရပ်များတွင် အကျွန်သည် သူရို့အား အကြိမ်ပေါင်းများစွာ ပြစ်ဒဏ်ပီး၍ သူရို့၏အယူဝါဒကို စွန့်လွှတ်ကြစီရန် ကြိုးစားဆောင်ရွက်ခပါ၏။ အကျွန်သည် သူရို့ကို မုန်းတီးသဖြင့် တစ်ကျွန်းတစ်နိုင်ငံများသို့ပင် လား၍ သူရို့ကို ညှည်းဆဲနှိပ်စက်ခပါ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




တမန်တော် 26:11
17 ပူးပေါင်းရင်းမြစ်များ  

သတိထားကတ်ပါ၊ သင်ရို့ကို ဖမ်းဆီး၍ တရားရုံးသို့ အပ်နှံကြလိမ့်မည်၊ ထိုသူရို့သည် တရားဇရပ်များထဲ၌ သင်ရို့အား သတ်ပုတ်ကြလိမ့်မည်။


“သင်ရို့ကို သင်ရို့ သတိနှင့်နိန်ကြလော့။ လူတချို့က သင်ရို့ကို တရားရုံးသို့ ပို့ဆောင်ကြလိမ့်မည်။ တရားဇရပ်များ၌ သင်ရို့ကို ရိုက်နှက်ကြလိမ့်မည်။ သင်ရို့သည် ငါ့အတွက်ကြောင့် အာဏာပိုင်များနှင့် သျှင်ဘုရင်ရို့၏ရှိ့မှောက်သို့ ရောက်ပြီးလျှင် သတင်းကောင်းဟောပြောရသော အခွင့်ကို ရကြလိမ့်မည်။


“သင်ရို့အား ငါ အမှန်ဆိုသည်ကား လူတိက မိမိရို့ လွန်ကျူးသော အပြစ်ဟိသမျှကို လည်းကောင်း၊ လိမ်လည်သော စကားအမျိုးမျိုးအတွက်လည်းကောင်း အပြစ်ရွှတ်ခွင့်ရနိုင်၏။


ထိုအခါ သူသည် အမြင်မှန်ရပြီးလျှင်၊ ‘ငါ့အဖ၏ အငှားသားတိတောင်မှ အစာကို ဝမ်းဝအောင် စားကြရ၏။ ငါမူကား ဤနီရာ၌ သီလောက်အောင် ငတ်မွတ်နိန်ယာ။


ဤအမှုအရာတိ မဖြစ်ခင် ငါ၏နာမကြောင့် သင်ရို့ကို လူတိက ဖမ်းဆီးညှည်းဆဲပြီးလျှင် တရားဇရပ်များတွင် လည်းကောင်း၊ အကျဉ်းထောင်များတွင် လည်းကောင်း အပ်နှံကြလိမ့်မည်။ သျှင်ဘုရင်၊ အုပ်ချုပ်သူတိပါးသို့ ပို့ဆောင်ကြလိမ့်မည်။


ထိုသူရို့သည် အလွန်ဒေါသထွက်သဖြင့် ယေသျှုအား မည်သို့ပြုရမည်ကို အချင်းချင်းဆွေးနွေးကြ၏။


ယုဒလူမျိုးတိသည် ထိုလူစုလူဝေးကို မြင်သောအခါ မနာလိုစိတ်ဖြစ်ကြပြီးလျှင် ပေါလုပြောသမျှကို ဆန့်ကျင်လျက် ကဲ့ရဲ့ဆဲဆိုကြ၏။


ယုဒလူမျိုးများက ပေါလုကို ကဲ့ရဲ့ပြောဆို၍ ဆန့်ကျင်ကြသောအခါ သူသည် မိမိ၏အဝတ်များမှ ဖုန်ကို ခါချလိုက်ပြီးလျှင် “သင်ရို့သည် ပျက်စီးခြင်းသို့ရောက်လျှင် သင်ရို့အပြစ်အတွက် သင်ရို့ကိုယ်တိုင် ခံယူကြရမည်၊ ငါ့မှာ တာဝန်မဟိယာ၊ ယခုမှစ၍ ငါသည် တခြားလူမျိုးတိ ပါးသို့ လားရဦးမည်” ဟု ဆိုလေ၏။


ငါကလည်း ‘သခင်ဘုရား၊ အကျွန်သည် တရားဇရပ်များသို့ လားပြီး၊ ကိုယ်တော့်ကို ယုံကြည်သောသူများအား ဖမ်းဆီး၍ သတ်ပုတ်ကြောင်းကို သူရို့သည် ကောင်းစွာ သိကြပါ၏။


ငါပြောသောအရာသည် မှန်ကန်ကြောင်းကို ယဇ်ပုရောဟိတ်မင်းနှင့် လွှတ်တော်တစ်ရပ်လုံးက သက်သီခံနိုင်ကြပါ၏။ ငါသည် ထိုသူရို့ပါးမှ ဒမာသက်မြို့၌ နီသော ယုဒလူမျိုးညီအစ်ကိုရို့ကို ရီးလိုက်သောစာတိကို လက်ခံရဟိသောကြောင့် ထိုဘာသာ၌ ယုံကြည်သက်ဝင်သော သူရို့ကို ဖမ်းဆီးပြီး သံကြိုးများဖြင့် တုပ်၍ ယေရုဆလင်မြို့သို့ ပြစ်ဒဏ်ပီးခြင်းငှာ ခေါ်ဆောင်လာရန် ထိုမြို့သို့ လားခပါ၏။


ထိုအတောအတွင်း သျှောလုသည် သခင်ဘုရား၏တပည့်တော်ရို့အား သတ်ဖြတ်ရန် ခြိမ်းခြောက်လျက်နိန်၏။ သူသည် ယဇ်ပုရောဟိတ်မင်းထံသို့ လားပြီးလျှင်၊


သူရို့သည် သင်ရို့အဖို့ ပီးထားသော ကိုယ်တော်၏ ကောင်းမြတ်သော နာမတော်ကို ကဲ့ရဲ့ပြောဆိုကြသည် မဟုတ်လော။


သို့သော် ဗာလမ်သည် အပြစ်အတွက် ဆုံးမခြင်းကို ခံရသောသူ ဖြစ်၏။ သူ၏ မြည်းသည် လူ့ဘာသာစကားကို ပြော၍ ထိုပရောဖက်၏ မိုက်မဲမှုကို တားမြစ်လေ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ