Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တမန်တော် 24:16 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

16 သို့ဖြစ်၍ အကျွန်သည် ဘုရားရှိ့၊ လူရှိ့၌ မိမိ၏ အသိစိတ်ကို ကြည်လင်စီခြင်းငှာ အစဉ်အမြဲ အကောင်းဆုံး လုပ်ဆောင်လျက်ဟိပါ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




တမန်တော် 24:16
20 ပူးပေါင်းရင်းမြစ်များ  

ထိုအခါ ပေါလုသည် ယုဒလွှတ်တော်အဖွဲ့ဝင်များကို စိ့စိ့ကြည့်လျက်၊ “ဣသရေလ ညီအစ်ကိုရို့၊ ငါသည် ဤနိ့အချိန်အထိ ဘုရားသခင်၏ရှိ့တွင် ငါ၏သိစိတ်သည် ကြည်လင်စွာဖြင့် ပြုမူနီထိုင်၏” ဟု ဆို၏။


ထို့ကြောင့် ပညတ်တရား၏မိန့်မှာချက်တိကို သူရို့၏နှလုံးသားထဲမှာ ရီးသားထားကြောင်းကို သူရို့၏အပြုအမူက ဖော်ပြနိန်၏။ သူရို့၏ အတွေးထဲမှာလည်း တစ်ခါတရံ ကိုယ့်ကိုကိုယ် အပြစ်တင်လျက် တစ်ခါတရံ ကိုယ့်ကို ကိုယ် ကာကွယ်လျက် ဤပညတ်တရားများသည် အမှန်ဖြစ်ကြောင်းကို သူရို့၏အသိစိတ်က ဖော်ပြလျက်ဟိ၏။


ခရစ်တော်သည် ငါ့ကို ပိုင်တော်မူသည်ဖြစ်၍ သန့်ယှင်းသောဝိညာဉ်တော်သည်လည်း ငါ၏အသိစိတ်ကို လွှမ်းမိုးအုပ်စိုးနိန်သောကြောင့် ငါသည် မုသာကို မပြော၊ အမှန်တရားကိုသာ ပြောနိန်ခြင်း ဖြစ်သည်ကို ဝိညာဉ်တော်သည် ငါအား အာမခံ၏။


ယုဒလူတိအတွက် ဖြစ်စီ၊ တခြားလူမျိုးတိအတွက် ဖြစ်စီ၊ ဘုရားသခင်၏ အသင်းတော်တိအတွက် ဖြစ်စီ ကဲ့ရဲ့စရာအကြောင်း မဖြစ်စီခြင်းငှာ နီထိုင်ကြလော့ —


ငါ၏ သြတ္တပ္ပစိတ်သည် ကြည်လင်လျက်ဟိပါ၏။ ထိုသို့ ဆိုသော် ငါ၌ အပြစ်မဟိဟု သက်သီပြသည်မဟုတ်။ ငါ့ကို စစ်ကြောစီရင်သောသူကား သခင်ဘုရားပေတည်း။


ငါရို့၏ ဝါကြွားစရာအကြောင်းမှာ ဤလောက၌ အသက်ရှင်စဉ်ကာလ အထူးသဖြင့် သင်ရို့နှင့် ဆက်ဆံရာတွင် လောကနှင့်ဆိုင်သော အသိဉာဏ်ကို အမှီမပြုဘဲ ဘုရားသခင်၏ ကျေးဇူးတော်ကို အမှီပြုလျက် ဟိသည်ကို လည်းကောင်း ဘုရားသခင် ပီးသနားတော်မူသော ရိုးသားဖြူစင်ခြင်းနှင့် သန့်ယှင်းစင်ကြယ်ခြင်းဖြင့် လည်းကောင်း ကျင့်ကြံပြုမူလျက်ဟိသည်ကို ကိုယ့်ကိုကိုယ်သိသောစိတ်က သက်သီခံလျက်ဟိ၏။


ငါရို့သည် ဖုံးအုပ်ထားသော အရာအားလုံးနှင့် ရှက်ဖွယ်ကောင်းသော အပြုအမူများကို စွန့်ပယ်၍ လိမ်လည်မှုကိုမပြုဘဲ ဘုရားသခင်၏ နှုတ်ကပါတ်တော်ကို မှောက်လှန်၍ မဟောပြော။ ငါရို့သည် ဘုရားသခင်၏ မျက်မှောက်တော်၌ သမ္မာတရား၏အလင်းတွင် အသက်ရှင်လှုပ်ရှား၍ လူအပေါင်းရို့၏ အသိစိတ်ကို ကြည်လင်အောင် ပြုမူဆောင်ရွက်ကြ၏။


ငါရို့သည် ယုံကြည်သူ သင်ရို့နှင့် ဟိခစဉ်တွင် သန့်ယှင်း ဖြောင့်မတ်၍ အပြစ်ဆိုဖွယ်မဟိအောင် နီထိုင်ခကြောင်းကို သင်ရို့နှင့် ဘုရားသခင်သည် ငါရို့၏ သက်သီဖြစ်ကြ၏။


သင်၏ယုံကြည်ခြင်းကို လည်းကောင်း၊ ကြည်လင်သော အသိစိတ်ကို လည်းကောင်း စွဲကိုင်ထားလော့။ လူတချို့သည် ကြည်လင်သော အသိစိတ်ကို ငြင်းပယ်၍ မိမိရို့၏ယုံကြည်ခြင်းကို ဖျက်ဆီးပစ်ကြလေ၏။


ဤသို့ မိန့်မှာရခြင်း၏ ရည်ရွယ်ချက်သည်ကား သန့်ယှင်းသောနှလုံးသား၊ ကြည်လင်သောအသိစိတ်နှင့် စစ်မှန်သော ယုံကြည်ခြင်းမှ လာသော ချစ်ခြင်းမေတ္တာ တိုးပွားလာစီရန်ဖြစ်၏။


သူရို့သည် ကြည်လင်သန့်ယှင်းသော အသိစိတ်ဖြင့် ယုံကြည်မှုဆိုင်ရာ နက်နဲသော သမ္မာတရားများကို လက်ခံထားသောသူတိ ဖြစ်ရမည်။


ငါ၏အဖိုး အဖီးရို့ ပြုခသည့်နည်းတူ ငါသည် စင်ကြယ်သောစိတ်နှင့် အမှုတော်မြတ်ကို ဆောင်ရွက်လျက် ဘုရားသခင်အား ကျေးဇူးတော်ကို ချီးမွမ်းပါ၏။ ငါသည် နိ့ညမပြတ် ဆုတောင်းရာ၌ သင့်ကို အမြဲတမ်း အောက်မိ့သတိရလျက် ကိုယ်တော်အား ကျေးဇူးတော်ကို ချီးမွမ်းလျက်ဟိ၏။


စင်ကြယ်သောသူရို့အတွက် အရာခပ်သိမ်းသည် စင်ကြယ်၏။ သို့ရာတွင် ညစ်ညူးသောသူရို့နှင့် မယုံကြည်သောသူရို့အတွက် စင်ကြယ်သောအရာဟူ၍ မဟိ။ အကြောင်းမူကား သူရို့၏စိတ်နှလုံးနှင့် အသိစိတ်များသည် မစင်ကြယ်သောကြောင့် ဖြစ်ကြ၏။


ငါရို့သည် သန့်စင်သောရီဖြင့် ဆီးကြောထားသော ကိုယ်ခန္ဓာဖြင့် လည်းကောင်း၊ ဖြောင့်မှန်သော နှလုံးသား၊ စစ်မှန်သောယုံကြည်ခြင်း၊ ဆိုးညစ်သောစိတ်နှလုံးကို သန့်ယှင်းစင်ကြယ်၍ လည်းကောင်း၊ ဘုရားသခင် ထံတော်ပါးသို့ တိုးဝင်ချဉ်းကပ်ကြကုန်အံ့။


ငါရို့သည် အရာရာ၌ ကြည်လင်သော အသိစိတ်ဖြင့် ကောင်းမွန်စွာ အသက်ရှင်နီထိုင်ခြင်းငှာ အလိုဟိကြသည်ဖြစ်၍ ငါရို့အတွက်လည်း ဆုတောင်းပီးကြလော့။


မှန်လျှင် ခရစ်တော်၏အသွီးတော်သည် မည်မျှလောက်ထိ စင်ကြယ်ခြင်းသို့ ရောက်ကြပါမည်နည်း။ ခရစ်တော်သည် ထာဝရဝိညာဉ်တော်အားဖြင့် ပြည့်စုံသော ပူဇော်သကာအဖြစ် မိမိကိုယ်ကို ဘုရားသခင်အား ပူဇော်ပီးခ၏။ ကိုယ်တော်၏အသွီးတော်သည် သီခြင်းတရားနှင့်ဆိုင်သော အကျင့်များမှ ငါရို့၏စိတ်ဝိညဉ်ကို သန့်ယှင်းစီလိမ့်မည်။ အကြောင်းမူကား ငါရို့သည် အသက်ရှင်တော်မူသော ဘုရားသခင်၏အမှုတော်မြတ်ကို ဆောင်ရွက်နိုင်ကြစီရန် ဖြစ်၏။


အကြောင်းမူကား သင်ရို့သည် ဘုရားသခင်၏ အလိုတော်ကိုသိသဖြင့် မိမိရို့မခံထိုက်သော ဒုက္ခဝေဒနာများကို သည်းခံကြလျှင် ဘုရားသခင်သည် သင်ရို့အား နှစ်သက်တော်မူလိမ့်မည်။


သို့ရာတွင် နူးညံ့သိမ်မွိ့ပြီး ရိုသီစွာဖြင့် ထိုအရာများကို လုပ်ဆောင်ကြလော့။ သင်ရို့သည် မိမိကိုယ်ကိုသိသောစိတ် ကြည်လင်လျက် ဟိသောကြောင့် ခရစ်တော်၌ သင်ရို့၏ ကောင်းသော ကျင့်ကြံပြုမူပုံကို သင်ရို့အား ကြမ်းတမ်းစွာ စော်ကားပြောဆိုသော သူရို့သည် မြင်သောအခါ အရှက် ရကြလိမ့်မည်။


ဤအရာသည် အဂု သင်ရို့ကို ကယ်တင်သော ဗတ္တိဇံမင်္ဂလာကို ပုံဆောင်ပေသည်။ ဗတ္တိဇံမင်္ဂလာ ခံယူခြင်းသည် ကိုယ်ကာယ အညစ်အကြေးများကို ဆီးကြောခြင်း မဟုတ်။ ကြည်လင်သောအသိစိတ်ဖြင့် ဘုရားသခင်၏ ရှိ့တော်၌ ကတိသစ္စာပြုခြင်း ဖြစ်ပေသည်။ ထိုဗတ္တိဇံတရားသည်ကား ယေသျှု ခရစ်တော်၏ ရှင်ပြန်ထမြောက်တော်မူခြင်းအားဖြင့် သင်ရို့အား ကယ်တင်ရာအကြောင်း ဖြစ်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ