11 အကျွန်သည် ယေရုဆလင်မြို့သို့ ဝတ်ပြုကိုးကွယ်ခြင်းငှာ လားခသည်မှာ တစ်ဆယ့်နှစ်ရက်တောင် မဟိသိမ့်သည်ကို ကိုယ်တော်သည် သိနိုင်ပါ၏။
နောက်တစ်နိ့၌ ပေါလုသည် အကျွန်ရို့နှင့်အတူ ယာကုပ်ပါးသို့ လားရောက်တွိ့ဆုံ၏။ အသင်းတော်လူကြီး အပေါင်းရို့လည်း သူ့ထံ၌ ရောက်နိန်ကြ၏။
တပ်မှူးသည် ယုဒလူမျိုးများက ပေါလုအား ဇာအမှုဖြင့် ပြစ်တင်စွပ်စွဲကြသည်ကို သေချာစွာ သိလို၏။ ထို့ကြောင့် နောက်တစ်နိ့၌ ပေါလုအား တုပ်နှောင်ထားသော သံကြိုးများကို ဖယ်စီပြီး ယဇ်ပုရောဟိတ်အကြီးအကဲများနှင့် ယုဒလွှတ်တော်အဖွဲ့ဝင်ရို့ကို စုရုံးစီခြင်းငှာ အမိန့်ပီးလေ၏။ ထို့နောက် ပေါလုကို ခေါ်၍ သူရို့အရှိ့၌ ရပ်စီ၏။
ထိုည၌ သခင်ဘုရားသည် ပေါလု၏အနား၌ ရပ်လျက်၊ “မကြောက်ကေ့၊ သင်သည် ဤယေရုဆလင်မြို့၌ ငါ၏အကြောင်းကို သက်သီခံသည့်နည်းတူ၊ ရောမမြို့၌လည်း သက်သီခံရလိမ့်မည်” ဟု မိန့်တော်မူ၏။
ထို့နောက် တပ်မှူးသည် မိမိ၏ တပ်ခွဲမှူးနှစ်ယောက်ကို ခေါ်၍ “ဤနိ့ည ကိုးချက်တီးအချိန်၌ ကဲသရိမြို့သို့ လားခြင်းငှာ စစ်သူရဲ ၂၀၀၊ မြင်းစီးသူရဲ ခုနစ်ဆယ်နှင့် လှံကိုင်သူရဲ ၂၀၀ ရို့ကို အသင့် ဟိစီကြလော့။
ငါးရက်လွန်သောအခါ ယဇ်ပုရောဟိတ်မင်း အာနနိသည် တေရတုလုဟု နာမည်ဟိသော ရှိ့နီမှစ၍ ယုဒလူမျိုး အကြီးအကဲတချို့နှင့်အတူ ကဲသရိမြို့သို့ ရောက်လာကြ၏။ သူရို့သည် ပေါလု အကြောင်းနှင့်ပတ်သက်၍ ဘုရင်ခံဖေလဇ်၏ ရှိ့တွင် စွဲချက်တင်ကြ၏။
“ယေရုဆလင်မြို့မှ ထွက်ခွာလာပြီး နှစ်ပေါင်းများစွာ ကြာသောအခါ၊ အကျွန်သည် မိမိလူရို့အား ဖေသာတချို့ ပီးကမ်းကူညီဖို့နှင့် ဘုရားသခင်အား ပူဇော်သကာပြုခြင်းငှာ ထိုနီရာသို့ ရောက်လာခြင်းဖြစ်ပါ၏။