တမန်တော် 22:30 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား30 တပ်မှူးသည် ယုဒလူမျိုးများက ပေါလုအား ဇာအမှုဖြင့် ပြစ်တင်စွပ်စွဲကြသည်ကို သေချာစွာ သိလို၏။ ထို့ကြောင့် နောက်တစ်နိ့၌ ပေါလုအား တုပ်နှောင်ထားသော သံကြိုးများကို ဖယ်စီပြီး ယဇ်ပုရောဟိတ်အကြီးအကဲများနှင့် ယုဒလွှတ်တော်အဖွဲ့ဝင်ရို့ကို စုရုံးစီခြင်းငှာ အမိန့်ပီးလေ၏။ ထို့နောက် ပေါလုကို ခေါ်၍ သူရို့အရှိ့၌ ရပ်စီ၏။ အခန်းကိုကြည့်ပါ။ |
သို့သော်၊ သင်ရို့ကို ငါဆိုသည်ကား၊ မိမိညီအစ်ကိုအား စိတ်ဆိုးဒေါသဖြစ်သူသည် တရားရုံး၌ အပြစ်စီရင်ခြင်းကို ခံထိုက်၏၊ မိမိ၏ညီအစ်ကိုတစ်ယောက်ကို ‘အသုံးမကျသောသူ’ ဟု ပြောဆိုသောသူသည် လွှတ်တော်ရုံးရှိ့၌ တရားစီရင်ခြင်းကို ခံထိုက်၏။ မိမိညီအစ်ကိုအား တန်ဖိုးမဟိသောသူ၊ အရူးဟု ပြောဆိုသောသူသည် ငရဲမီးအိုင်ထဲသို့ ပစ်ချခြင်းကို ခံထိုက်၏။
ထိုသူသည် အကျွန်ရို့ပါးသို့ လာ၍ ပေါလု၏ ခါးပတ်ကြိုးကို ယူပြီးလျှင်၊ မိမိ၏ခြီနှင့် လက်တိကို တုပ်နှောင်ကာ “ဤခါးပတ်ကြိုး ပိုင်သျှင်သည် ယေရုဆလင်မြို့၌ ဟိသောယုဒလူမျိုးရို့၏ ဤပိုင် တုပ်နှောင်ခြင်းကို ခံရပြီးလျှင် တခြားလူမျိုးရို့၏ လက်သို့ အပ်နှံခြင်းကို ခံရလိမ့်မည်ဟု သန့်ယှင်းသောဝိညာဉ်တော် မိန့်တော်မူသည်” ဟူ၍ ဆိုလေ၏။
ငါပြောသောအရာသည် မှန်ကန်ကြောင်းကို ယဇ်ပုရောဟိတ်မင်းနှင့် လွှတ်တော်တစ်ရပ်လုံးက သက်သီခံနိုင်ကြပါ၏။ ငါသည် ထိုသူရို့ပါးမှ ဒမာသက်မြို့၌ နီသော ယုဒလူမျိုးညီအစ်ကိုရို့ကို ရီးလိုက်သောစာတိကို လက်ခံရဟိသောကြောင့် ထိုဘာသာ၌ ယုံကြည်သက်ဝင်သော သူရို့ကို ဖမ်းဆီးပြီး သံကြိုးများဖြင့် တုပ်၍ ယေရုဆလင်မြို့သို့ ပြစ်ဒဏ်ပီးခြင်းငှာ ခေါ်ဆောင်လာရန် ထိုမြို့သို့ လားခပါ၏။
ထိုသူရို့အထဲတွင် လူတချို့က ဖာရိယှဲများဖြစ်ကြပြီး၊ တချို့က ဇဒ္ဒုကဲတိ ဖြစ်ကြသည်ကို ပေါလုသည် သိမြင်သောအခါ “ငါ၏ညီအစ်ကို ဣသရေလလူမျိုးရို့၊ ငါသည် ဖာရိယှဲ ဖြစ်ပါ၏။ ဖာရိယှဲ၏သားလည်း ဖြစ်ပါ၏။ သီသောသူရို့သည် ရှင်ပြန်ထမြောက်မည် ဖြစ်ကြောင်းကို ငါသည် မျှော်လင့်နိန်သောကြောင့် ဤနီရာတွင် စစ်ဆီးခံနိန်ရခြင်း ဖြစ်ပါ၏” ဟု ဆိုလေ၏။
တမန်တော်ရို့သည် ကောင်းကင်တမန်စကားကို နာခံ၍ အာရုဏ်တက်ချိန်၌ ဗိမာန်တော်ထဲသို့ဝင်ပြီး စတင်၍ သွန်သင်ကြ၏။ ယဇ်ပုရောဟိတ်မင်းနှင့် သူ၏ အပေါင်းအပါရို့သည် စုံညီတရားလွှတ်တော် အစည်းအဝေးကို ပြုလုပ်ရန် ယုဒခေါင်းဆောင်အားလုံး စုရုံးစီကြ၏။ ထို့နောက် တမန်တော်ရို့ကို သူရို့ရှိ့သို့ ခေါ်ထုတ်လာရန် အစောင့်တပ်သားရို့ကို အမိန့်ပီး၍ အကျဉ်းထောင်သို့ စီရွှတ်ကြ၏။