တမန်တော် 22:1 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား1 “ညီအစ်ကိုရို့နှင့် ဖခင်ရို့၊ ငါ၏ ဖြေယှင်းချက်ကို နားထောင်ကြပါ” ဟု ဆို၏။ အခန်းကိုကြည့်ပါ။ |
ထိုသူရို့အထဲတွင် လူတချို့က ဖာရိယှဲများဖြစ်ကြပြီး၊ တချို့က ဇဒ္ဒုကဲတိ ဖြစ်ကြသည်ကို ပေါလုသည် သိမြင်သောအခါ “ငါ၏ညီအစ်ကို ဣသရေလလူမျိုးရို့၊ ငါသည် ဖာရိယှဲ ဖြစ်ပါ၏။ ဖာရိယှဲ၏သားလည်း ဖြစ်ပါ၏။ သီသောသူရို့သည် ရှင်ပြန်ထမြောက်မည် ဖြစ်ကြောင်းကို ငါသည် မျှော်လင့်နိန်သောကြောင့် ဤနီရာတွင် စစ်ဆီးခံနိန်ရခြင်း ဖြစ်ပါ၏” ဟု ဆိုလေ၏။
သုံးရက်လွန်သောအခါ၊ ပေါလုသည် ဒေသခံ ယုဒ ခေါင်းဆောင်တိကို တွိ့ဆုံခြင်းငှာ ခေါ်လေ၏။ ထိုသူရို့သည် စုရုံးလာကြသောအခါ ပေါလုက “ငါ၏ ညီအစ်ကို ဣသရေလလူမျိုးရို့၊ ငါသည် မိမိအမျိုးသားရို့ကို လည်းကောင်း၊ ဘိုးစဉ်ဘောင်ဆက် ကျင့်သုံးခသော ထုံးတမ်းဓလေ့ကို သော်လည်းကောင်း မဆန့်ကျင်ခ သော်လည်း၊ ယုဒအမျိုးသားရို့သည် ငါ့ကို ယေရုဆလင်မြို့၌ ဖမ်းဆီးပြီး ရောမလူမျိုးရို့၏ လက်သို့ အပ်လိုက်ကြ၏။
ဘုရားသခင်၏ အလိုတော်နှင့်ညီသော ဝမ်းနည်းမှုသည် သင်ရို့၌ ဇာပိုင် လုပ်ဆောင်ခသည်ကို ကြည့်ရှုလော့။ ထိုဝမ်းနည်းမှုသည် သင်ရို့အထဲ၌ ဇာပိုင် စိတ်အားထက်သန်ခြင်း၊ မိမိရို့၌ အပြစ်ကင်းကြောင်း ဖော်ပြရန် အလွန်လိုလားခြင်း၊ မခံမရပ်နိုင်ဖြစ်ခြင်း၊ သတိပီးခြင်း၊ အလွန်တောင့်တခြင်း၊ ဘုရားဖက်၌စိတ်အားကြီးခြင်း၊ ပြစ်မှားသောသူကို ပြစ်ဒဏ်ပီးရန် လိုလားခြင်းများကို လုပ်ဆောင်ခယာ။ သင်ရို့သည် ဤအမှုများတွင် မိမိရို့ အပြစ်ကင်းကြောင်းကို ထင်ရှားစီခယာ။
သင်ရို့ကို ငါသည် အစဉ်အမြဲ အောက်မိ့၏။ သို့ဖြစ်၍ ငါသည် သင်ရို့နှင့်ပတ်သက်၍ ထိုသို့ သဘောထား၏။ ငါသည် ယခု အကျဉ်းခံရသော အရာ၌ လည်းကောင်း၊ ဧဝံဂေလိတရားကို လွတ်လပ်စွာ ကာကွယ်၍ ထိုတရားကို ခိုင်ခံ့စွာ တည်စီသော်လည်းကောင်း ငါနှင့်အတူ ကျေးဇူးတော်ကို မျှဝီခံစားသောသူများ ဖြစ်ကြသဖြင့် သင်ရို့အားလုံးသည် ငါ၏စိတ်နှလုံး၌ ဟိကြ၏။