Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တမန်တော် 20:4 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

4 ပေါလုနှင့်အတူ အာယှိပြည်သို့ လိုက်သောသူရို့မှာ ဗေရိမြို့သားဖြစ်သော ပုရု၏သား သောပတရု၊ သက်သာလောနိတ်မြို့သား အာရိတ္တာခုနှင့် သေကုန္ဒု၊ ဒေရဗေမြို့သား ဂါယု၊ လုတ္တရမြို့သား တိမောသေ၊ အာယှိပြည်သား တုခိတ်နှင့် တရောဖိမ်ရို့ဖြစ်ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




တမန်တော် 20:4
29 ပူးပေါင်းရင်းမြစ်များ  

သို့ရာတွင် ယုံကြည်သူတိက သူ့ကို ဝိုင်းရံထားကြစဉ်တွင် သူသည် ထ၍ မြို့ထဲသို့ ပြန်ဝင်လား၏။ နောက်တစ်ရက်တွင် သူသည် ဗာနဗနှင့်အတူ ဒေရဗေမြို့သို့ ထွက်ခွာလား၏။


တမန်တော်ရို့က ထိုအကြောင်းကို သိလျှင် လုကောနိပြည်၌ဟိသော လုတ္တရမြို့၊ ဒေရဗေမြို့နှင့် ပတ်ဝန်းကျင်ဒေသများသို့ ထွက်ဗြီးကြလေ၏။


ပေါလုသည် ဒေရဗေမြို့သို့ ခရီးထွက်လာခပြီး တိမောသေ ဟုခေါ်သော တပည့်တော်တစ်ယောက် နီထိုင်သည့် လုတ္တရမြို့သို့ ရောက်လာ၏။ ထိုသူ၏အမိသည် ယုဒလူမျိုး ယုံကြည်သူ တစ်ယောက်ဖြစ်ပြီး သူ၏အဖသည်ကား၊ ဟေလသလူမျိုးဖြစ်၏။


အာယှိပြည်၌ နှုတ်ကပတ်တရားတော်ကို ဟောပြောရန် သန့်ယှင်းသောဝိညာဉ်တော်က သူရို့ကို ခွင့်ပြုတော်မမူသောကြောင့် ပေါလုနှင့် သူ၏အပေါင်းအဖော်ရို့သည် ဖြူဂိပြည်နှင့် ဂလာတိပြည်သို့ ခရီးဆက်ကြ၏။


ပေါလုနှင့် သိလသည် အံဖိပေါလိမြို့နှင့် အာပေါလောနိမြို့ကို လှည့်လည်လာကြပြီးလျှင် သက်သာလောနိတ်မြို့သို့ ရောက်လာကြ၏။ ထိုမြို့၌ ယုဒတရားဇရပ် တစ်ခု ဟိလေ၏။


သို့ရာတွင် ပေါလုသည် ဗေရိမြို့၌လည်း ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို ဟောပြောနိန်သည်ကို သက်သာလောနိတ်မြို့သား ယုဒလူမျိုးများက ကြားသိကြလျှင် သူရို့သည် ဗေရိမြို့သို့ ရောက်လာ၍ လူအပေါင်းရို့အား သွီးထိုး၍ ဆူပူမှုဖြစ်စီရန် လှုံ့ဆော်ကြ၏။


တစ်မြို့လုံး ရုန်းရင်းဆန်ခတ်ဖြစ်၍၊ လူအများရို့သည် ပေါလုနှင့်အတူ ခရီးလားဖော်တိဖြစ်သော မာကေဒေါနိပြည်သား ဂါယုနှင့် အာရိတ္တာခုရို့ကို ဖမ်းဆီး၍ ပွဲခံရာဇရပ်သို့ ဆွဲခေါ်လားကြ၏။


ငါရို့သည် ပါတိပြည်၊ မေဒိပြည်၊ ဧလံပြည်၊ မေသောပေါတာမိပြည်၊ ယုဒပြည်၊ ကပ္ပဒေါကိပြည်၊ ပုန္တုပြည်၊ အာယှိပြည်၊


ပေါလုသည် အာယှိနယ်၌ အချိန် မကုန်ဆုံးစီလိုသဖြင့် ဧဖက်မြို့နားမှဖြတ်၍၊ ဖြစ်နိုင်လျှင် ပင်တေကုတ္တေ ပွဲတော်နိ့အမီ ယေရုဆလင်မြို့သို့ စောလျင်စွာ ရောက်နိုင်ခြင်းငှာ ရွက်ရွှင့်ရန် စိတ်ပိုင်းဖြတ်လေ၏။


ထိုသူရို့ရောက်လာကြသောအခါ၊ ပေါလုက “ငါသည် အာယှိပြည်သို့ ရောက်သော ပထမနိ့မှစ၍ သင်ရို့နှင့်အတူ တစ်ချိန်လုံး ဇာပိုင် အသက်ရှင်ခသည်ကို သင်ရို့သိကြ၏။


ဤသို့ သူရို့ပြောရခြင်းကား၊ ပေါလုအား ဧဖက်မြို့မှ တရောဖိမ်ဟု အမည်ဟိသော သူနှင့်အတူ မြို့ထဲ၌ တွိ့မြင်ခသဖြင့် ထိုသူအား ပေါလုသည် ဗိမာန်တော်ထဲသို့ ခေါ်သွင်းသည်ဟု ထင်မှတ်သောကြောင့်ဖြစ်၏။


အကျွန်ရို့သည် အာဒြမုတ္တိမြို့မှ လာသော သင်္ဘောဖြင့် ရွက်ရွှင့်ကြ၏။ ထိုသင်္ဘောသည် အာယှိပြည်တစ်လျှောက်၌ဟိသော သင်္ဘောဆိပ်ကမ်းမြို့များသို့ လားမည့် သင်္ဘောဖြစ်၏။ ငါရို့နှင့်အတူ အာရိတ္တာခု အမည်ဟိသော မာကေဒေါနိပြည် သက်သာလောနိတ်မြို့သား တစ်ယောက်သည်လည်း လိုက်ပါလာ၏။


ငါ၏လုပ်ဖော်ကိုင်ဖက် တိမောသေနှင့် ငါ၏ ယုဒလူမျိုးတိဖြစ်ကြသော လုကိ၊ ယာသုန်နှင့် သောသိပတရု ရို့ကလည်း သင်ရို့ကို နှုတ်ဆက်လိုက်ကြ၏။


ငါမှစ၍ မိမိ၏အိမ်အသင်းတော်၌ လာရောက်စုဝေးကြသော အသင်းတော်တစ်ခုလုံးကို ဧည့်ဝတ်ကျေပွန်သူ ဂါယု ကလည်း သင်ရို့ကို နှုတ်ဆက်လိုက်၏။ မြို့တော်ဘဏ္ဍာထိန်း ဧရတ္တု နှင့် ငါရို့၏ညီအစ်ကို ကွာတု ရို့ကလည်း သင်ရို့ကို နှုတ်ဆက်လိုက်ကြ၏။


ဘုရားသခင်၏ အလိုတော်အားဖြင့် ခရစ်တော်ယေသျှု၏ တမန်တော်ဖြစ်သူ ငါ၊ ပေါလုနှင့် ငါရို့၏ညီ တိမောသေပါးမှ — ကောရိန္သုမြို့၌ဟိသော ဘုရားသခင်၏အသင်းတော်မှစ၍ အခါယပြည်၌ဟိသော ဘုရားသခင်၏ လူစုတော်အားလုံးပါးသို့ စာရီးလိုက်ပါ၏။


အကြောင်းမူကား၊ ငါမှစ၍ သိလွာနုနှင့် တိမောသေရို့ သည် သင်ရို့အား ဟောပြောခသော ဘုရားသခင်၏သားတော် ယေသျှုခရစ်တော်သည် “ဟုတ်မှန်၏” “မဟုတ်မှန်၏” ဟူ၍ ပြောသော သခင်မဟုတ်၊ အမြဲတမ်း ဟုတ်မှန်သော သခင်ဖြစ်တော်မူ၏။


ငါ နှင့်ပတ်သက်သော အကြောင်းအရာအလုံးစုံကို သင်ရို့ သိစီခြင်းငှာ၊ သခင်ဘုရား၏အမှုတော်ကို ဆောင်ရွက်ရာတွင် သစ္စာဟိသော အခိုင်းအစီဖြစ်သော ငါရို့၏ ချစ်သောညီတစ်ယောက်ဖြစ်သော တုခိတ်က ပြောပြလိမ့်မည်။


ငါသည် သင်ရို့၏အကြောင်းကို ကြားရသောအခါ စိတ်သက်သာခြင်းငှာ အသျှင်ယေသျှု အလိုတော်ဟိလျှင် တိမောသေကို သင်ရို့ထံသို့ များမကြာခင် စီရွှတ်နိုင်လိမ့်မည်ဟု ငါ မျှော်လင့်ပါ၏။


ငါနှင့်အတူ ထောင်ကျခံနိန်ရသူ အာရိတ္တာခုနှင့် ဗာနဗ၏ ညီအစ်ကိုဝမ်းကွဲဖြစ်သောသူ မာကုသည် သင်ရို့ကို နှုတ်ဆက်လိုက်ပါ၏။ (မာကုသည် သင်ရို့ပါးသို့ ရောက်လာသောအခါ သူ့အား ကြိုဆိုလက်ခံကြရန် ညွှန်ကြားချက်များကို သင်ရို့ ရဟိထားပြီးဖြစ်၏။)


သခင်ဘုရား၏ အမှုတော်မြတ်၌ လုပ်ဖော်ဆောင်ဖက်များဖြစ်ကြပြီး သစ္စာဟိသော အမှုတော်ဆောင်ဖြစ်သူ၊ ငါရို့ ချစ်သောညီ တုခိတ်သည် ငါနှင့်ပတ်သတ်သည့် အကြောင်းအရာဟိသမျှကို သင်ရို့အား ပြောပြလိမ့်မည်။


ငါရို့၏ ကယ်တင်သျှင် ဘုရားသခင်နှင့် ငါရို့၏မျှော်လင့်ရာဖြစ်သော ခရစ်တော်ယေသျှု၏ အမိန့်တော်အားဖြင့် ခန့်အပ်ခြင်းခံရသော ခရစ်တော်ယေသျှု၏တမန်တော် တစ်ပါးဖြစ်သည့် ငါ ပေါလု ပါးမှ —


ငါ၏ချစ်သား တိမောသေပါးသို့ စာရီးလိုက်ပါ၏။ အဖဘုရားသခင်နှင့် ငါရို့၏အသျှင် ခရစ်တော်ယေသျှုထံပါးက ကျေးဇူးတော်၊ ကရုဏာတော်နှင့် ငြိမ်သက်ခြင်း ဟိပါစီသောဝ်။


ငါသည် တုခိတ်ကို ဧဖက်မြို့သို့ ပို့လိုက်ပြီ။


ဧရက္ကုသည် ကောရိန္သုမြို့၌ ကျန်ခ၏၊ တရောဖိမ်သည် ဖျားနိန်သောကြောင့် သူ့ကို မိလက်မြို့၌ ထားခ၏။


ငါသည် အာတေမကို သော်လည်းကောင်း တုခိတ်ကို သော်လည်းကောင်း သင့်ပါးသို့ စီရွှတ်လိုက်သောအခါ နိကောပလိမြို့၌ ငါနှင့် တွိ့ဖို့ လာရောက်ရန် ကြိုးစားလော့။ အကြောင်းမူကား ငါသည် ဆောင်းကာလအတွင်း ထိုမြို့၌ နီထိုင်ရန် ငါ ဆုံးဖြတ်ထား၏။


ငါ၏ လုပ်ဖော်ဆောင်ဖက်ရို့ ဖြစ်ကြသည့် မာကု၊ အာရိတ္တာခု၊ ဒေမနှင့် လုကာရို့ကလည်းကောင်း သင့်ကို နှုတ်ဆက်ကြ၏။


အသက်ကြီးသူဖြစ်သော — ငါသည် စစ်မှန်သောမေတ္တာနှင့် ချစ်ခင်မြတ်နိုးရသော ဂါယုပါးသို့ စာရီးလိုက်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ