34 ငါနှင့် ငါ့အပေါင်းဖော်ရို့၏ လိုအပ်ချက်များအတွက် ငါသည် ငါ့လက်ဖြင့် အလုပ်လုပ်၍ ထောက်ပံ့ခကြောင်းကို သင်ရို့ကိုယ်တိုင် သိကြ၏။
အကြောင်းမူကား သူသည် တဲရှင်လုပ်ငန်း လုပ်ကိုင်ခြင်းဖြင့် မိမိ၏အသက်မွီးဝမ်းကျောင်းအတွက် ဝင်ငွီရှာသူဖြစ်၍ အလုပ်ချင်း တူသောကြောင့် သူရို့နှင့်အတူ နီထိုင်ကာ အလုပ်လုပ်လေ၏။
ထို့ကြောင့် သူသည် အာယှိပြည်၌ ကာလအတန် တည်းခိုနီစဉ်၊ မိမိအား အလုပ်အကျွေးပြုသောသူ တိမောသေနှင့် ဧရတ္တုရို့ကို မာကေဒေါနိပြည်သို့ စီရွှတ်လိုက်၏။
တစ်မြို့လုံး ရုန်းရင်းဆန်ခတ်ဖြစ်၍၊ လူအများရို့သည် ပေါလုနှင့်အတူ ခရီးလားဖော်တိဖြစ်သော မာကေဒေါနိပြည်သား ဂါယုနှင့် အာရိတ္တာခုရို့ကို ဖမ်းဆီး၍ ပွဲခံရာဇရပ်သို့ ဆွဲခေါ်လားကြ၏။
သင်ရို့အား ငါ ပြသခသည့်အတိုင်း ခပ်သိမ်းသောအရာ၌ အလုပ်ကို ကြိုးစားလုပ်ဆောင်ပြီး အားနည်းသောသူရို့ကို ကူညီမစ ကြလော့။ အသျှင်ယေသျှုကိုယ်တိုင် ပြောခသော ‘ပီးကမ်းခြင်းသည် ရယူခြင်းထက် သာ၍ မင်္ဂလာဟိ၏’ ဟူသော စကားကို အောက်မိ့ကြလော့” ဟု ဆို၏။
ငါရို့ကိုယ်တိုင် ကိုယ့်လက်ဖြင့် ပင်ပန်းစွာလုပ်ဆောင်ကြရ၏။ ငါရို့သည် ကျိန်ဆဲခြင်းကို ခံရသောအခါ ကောင်းကြီးပီးကြ၏။ ညှည်းဆဲခြင်းကို ခံရသောအခါ သည်းခံကြ၏။
ညီအစ်ကိုမောင်နှမရို့၊ ငါရို့၏ ကြိုးပမ်းအားထုတ်မှုနှင့် ပင်ပန်းခက်ခဲမှုများကို သင်ရို့သည် အမှန်ပင် မှတ်မိကြ၏။ ငါရို့သည် သင်ရို့အတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်စီရန် နိ့ရော၊ ညပါ အလုပ်လုပ်လျက် ဘုရားသခင်၏ သတင်းကောင်းကို သင်ရို့အား ဟောပြောကြ၏။
ငါနှင့် အတူဟိသော သူအားလုံးက သင့်ကို နှုတ်ဆက်လိုက်ကြ၏။ ယုံကြည်ခြင်း၌ ငါရို့ကို ချစ်ခင်ကြသောသူများကိုလည်း နှုတ်ဆက်ကြောင်း ပြောလိုက်ပါ။ ဘုရားသခင်၏ကျေးဇူးတော်သည် သင်ရို့အားလုံး၌ တည်ပါစီသောဝ်။