Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တမန်တော် 2:47 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

47 ဘုရားသခင်ကိုလည်း ချီးမွမ်းပြီးလျှင် လူအပေါင်းရို့ရှိ့တွင် မျက်နှာပွင့်လန်းလျက် ဟိကြ၏။ သခင်ဘုရားသည်လည်း ကယ်တင်ခြင်းခံရသူရို့၏ အရီအတွက်ကို နိ့စဉ်နှင့်အမျှ တိုးပွားစီတော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




တမန်တော် 2:47
25 ပူးပေါင်းရင်းမြစ်များ  

လူအပေါင်းရို့သည် တရားစကားများကို အာရုံစိုက်၍ နာယူနိန်ကြသောကြောင့် သူရို့သည် ကိုယ်တော်အား သတ်ရမည့်အခွင့်ကို ရှာ၍ မရနိုင်ကြ။


ယေသျှုသည်လည်း ခန္ဓာနှင့် ဉာဏ်ပညာပိုင်းတွင် တိုးတက်ကြီးထွားလျက် ဘုရားသခင်နှင့် လူရှိ့၌ မျက်နှာပွင့်လန်းလျက် ဟိလေ၏။


သခင်ဘုရား၏တန်ခိုးတော်သည် သူရို့နှင့်အတူ ဟိသောကြောင့် များစွာသောသူရို့သည် ယုံကြည်ခြင်းသို့ ရောက်ကြပြီးလျှင် သခင်ဘုရားထံသို့ ပြောင်းလဲလာကြ၏။


ဗာနဗသည် သူတော်ကောင်းတစ်ယောက်ဖြစ်၍ ယုံကြည်ခြင်း၌ လည်းကောင်း၊ သန့်ယှင်းသောဝိညာဉ်တော်နှင့် လည်းကောင်း ပြည့်စုံသောကြောင့် များစွာသောသူတိကို သခင်ဘုရားထံသို့ ပို့ဆောင်လေ၏။


လူမျိုးခြားတိက သခင်ဘုရား၏သတင်းစကားကို ကြားသောအခါ သူရို့သည် အလွန်ဝမ်းမြောက်ကြသည်ဖြစ်၍ သခင်ဘုရား၏တရားတော်ကို ချီးမွမ်းကြ၏။ ထာဝရအသက်ကို ရစီခြင်းငှာ ရွီးချယ်ထားသော သူရို့သည်လည်း ယုံကြည်သူများ ဖြစ်လာကြ၏။


ပေါလုနှင့် ဗာနဗ သည် ဣကောနိမြို့သို့ ရောက်လျှင် ယခင်နည်းတူ ယုဒတရားဇရပ်သို့ လားရောက်၍ ဟောပြောကြသဖြင့်၊ ယုဒလူမျိုးများနှင့် တခြားလူမျိုးများစွာရို့သည် ယုံကြည်သူများ ဖြစ်လာကြ၏။


ပေါလုနှင့် ဗာနဗ ရို့သည် ဒေရဗေမြို့၌ သတင်းကောင်းတရားတော်မြတ်ကို ဟောပြောကြပြီးနောက် များစွာသောသူရို့သည် တပည့်တော်များဖြစ်လာကြ၏။ ထို့နောက် လုတ္တရမြို့၊ ဣကောနိမြို့နှင့် ပိသိဒိပြည် အန္တိအုတ်မြို့သို့ ပြန်လားခလေ၏။


ထို့ကြောင့် အသင်းတော်များသည် ယုံကြည်ခြင်း၌ သာ၍ ခိုင်မာလာကြပြီးလျှင် အရီအတွက်အားဖြင့်လည်း နိ့စဉ်နိ့တိုင်း တိုးပွားလာကြ၏။


ထို့ကြောင့်၊ သူရို့အထဲမှ များစွာသောလူရို့သည် ယုံကြည်လာကြ၏။ များစွာသော အထက်တန်းလွှာ ဟေလသမိန်းမနှင့် ယောက်ျားရို့သည်လည်း ယုံကြည်လာကြ၏။


အကြောင်းမူကား ဘုရားသခင်၏ ကတိတော်သည် သင်ရို့နှင့် သင်ရို့၏သားသမီးတိမှစ၍ အဝီး၌ဟိသောသူ အားလုံး၏အသျှင် ငါရို့၏ဘုရားသခင် ခေါ်တော်မူသော သူရို့အတွက်ဖြစ်၏” ဟု ဆိုလေ၏။


ထိုအခါ ပေတရု၏စကားကို လက်ခံယုံကြည်သော များစွာသော သူရို့သည် ဗတ္တိဇံကိုခံယူကြသဖြင့် ထိုနိ့၌ လူပေါင်း ၃,၀၀၀ ခန့် တိုးပွားလေ၏။


ထိုအခါ သူရို့သည် တမန်တော်ရို့အား တင်းကြပ်စွာ သတိပီး၍ ပြန်ရွှတ်လိုက်ကြ၏။ အကြောင်းမူကား လူအပေါင်းရို့သည် ဖြစ်ပျက်ခသည့်အရာအတွက် ဘုရားသခင်၏ ဘုန်းတော်ကို ချီးမွမ်းနိန်ကြသည်ဖြစ်၍ တရားလွှတ်တော်အဖွဲ့ဝင်ရို့သည် တမန်တော်ရို့အား အပြစ်ဒဏ်ပီးရန် နည်းလမ်းကို ရှာမတွိ့ပေ။


တမန်တော်ရို့သည် အသျှင်ယေသျှု ရှင်ပြန်ထမြောက်တော်မူခြင်းအကြောင်းကို ကြီးစွာသောတန်ခိုးဖြင့် သက်သီခံကြ၏။ ဘုရားသခင်သည် သူရို့အားလုံးကို ကြွယ်ဝသော ကောင်းကြီးမင်္ဂလာဖြင့် သွန်းလောင်းတော်မူ၏။


သို့သော် နှုတ်ကပတ်တရားတော်ကို ကြားနာကြသူရို့သည် ကိုယ်တော့်ကို ယုံကြည်သက်ဝင်လာကြပြီး အရီအတွက်အားဖြင့် ယုံကြည်သူ ၅,၀၀၀ ခန့် တိုးပွားလာသတည်း။


ကာလအင်တန်ကြာပြီးနောက် တပည့်တော် အရီအတွက် များပြားလာသဖြင့် ဟေလသစကားကို ပြောသော ယုဒလူမျိုးတိနှင့် ဒေသခံ ယုဒလူမျိုးရို့ကြား အငြင်းပွားကြ၏။ ဟေလသစကားကို ပြောသော ယုဒလူမျိုးရို့က မိမိရို့၏ မုဆိုးမများသည် နိ့စဉ်အစားအသောက် ထောက်ပံ့မှု၌ လစ်လျူရှု ခံထားရသောကြောင့် ပြစ်တင်ပြောဆိုကြ၏။


ဤသို့ဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တရားတော်သည် ဆက်လက်၍ ပြန့်နှံ့လေ၏။ ယေရုဆလင်မြို့၌ တပည့်တော် အရီအတွက်သည်လည်း အလွန်တိုးပွားလာပြီး များစွာသော ယဇ်ပုရောဟိတ်ရို့သည် ယုံကြည်လက်ခံလာကြ၏။


ထို့ကြောင့် ထိုကာလတွင် ယုဒပြည်၊ ဂါလိလဲပြည်နှင့် ယှာမာရိပြည် အရပ်ရပ်၌ အသင်းတော်သည် ငြိမ်ဝပ်စွာနိန်ရလေ၏။ အသင်းတော်သည် သခင်ဘုရားအား ကြောက်ရွံ့ရိုသီသော စိတ်နှင့် လည်းကောင်း၊ သန့်ယှင်းသောဝိညာဉ်တော်၏ အားပီးတိုက်တွန်းအားဖြင့် လည်းကောင်း အသက်ရှင် နီထိုင်ကြသောကြောင့် အရီအတွက် တိုးပွားများပြား လာလေ၏။


လုဒ္ဒမြို့နှင့် ယှာရုန်လွင်ပြင်၌ နီထိုင်သော လူအပေါင်းရို့သည် သူ့ကိုတွိ့မြင်၍ သခင်ဘုရားထံတော်သို့ ပြောင်းလဲလာကြ၏။


ဤသို့ဖြင့် ခရစ်တော်၏အမှုကို ဆောင်ရွက်သောသူအား ဘုရားသခင် နှစ်သက်တော်မူသည့်အပြင် လူတိလည်း သဘောကျကြ၏။


ထိုသို့ ခွဲခန့်မှတ်သားထားသော သူတိကို ခေါ်တော်မူ၏။ ထိုသို့ ခေါ်တော်မူသော သူတိကိုလည်း ဖြောင့်မတ်ရာ၌ တည်စီတော်မူ၏။ ထိုသို့ ဖြောင့်မတ်ရာ၌ တည်စီတော်မူသောသူတိအား မိမိ၏ဘုန်းတန်ခိုးတော်ဖြင့် ချီးမြှောက်တော်မူ၏။


ထို့အပြင် ပရောဖက် ဟေသျှာယ ကလည်း ဣသရေလ အမျိုးကို ရည်မှတ်၍ ကြွေးကြော်သည်ကား “ဣသရေလလူမျိုးတိသည် သမုဒ္ဒရာသဲလုံးနှင့် အမျှ များပြားသော်လည်း အနည်းငယ်သောသူတိသာလျှင် ကယ်တင်ခြင်းကို ခံရကြလိမ့်မည်။


အကြောင်းမူကား၊ ပျက်စီးခြင်းသို့ ရောက်သောသူရို့ဖို့ လက်ဝါးကပ်တိုင်ထက်၌ ခရစ်တော်၏ အသီခံတော်မူခြင်းတရားသည် အဓိပ္ပာယ်မဟိသော တရားဖြစ်၏။ သို့ရာတွင် ကယ်တင်ခြင်းခံရသော ငါရို့အတွက်မူကား ဘုရားသခင်၏ တန်ခိုးတော်ဖြစ်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ