42 ထိုသူရို့သည် တမန်တော်ရို့၏ သွန်သင်ခြင်းကိုခံယူခြင်း၊ မိတ်ဖွဲ့ခြင်း၊ မုန့်ဖဲ့ခြင်း၊ ဆုတောင်းခြင်းများဖြင့် အချိန်ကုန်လွန်စီကြ၏။
စားပွဲတွင် သူရို့နှင့်အတူ ထိုင်တော်မူလျက် မုန့်ကိုယူ၍ ကျေးဇူးတော်ချီးမွမ်းပြီးမှ မုန့်ကိုဖဲ့ပြီးလျှင် သူရို့အား ပီးတော်မူ၏။
ထို့နောက် ထိုသူနှစ်ယောက်သည် လမ်းတွင် ဖြစ်ပျက်ခသည့် အကြောင်းအရာကို လည်းကောင်း၊ မုန့်ကိုဖဲ့ချိန်ကျမှ ကိုယ်တော်ဖြစ်မှန်း သိလာခြင်းကို လည်းကောင်း ယှင်းပြကြ၏။
သူရို့သည် ယေသျှု၏ မယ်တော်မာရိ အပါအဝင် မိန်းမတချို့နှင့် လည်းကောင်း၊ ကိုယ်တော်၏ ညီတော်များနှင့် လည်းကောင်း၊ မကြာမကြာ စုရုံး၍ အတူတကွ ဆုတောင်းလျက်နိန်ကြ၏။
ဗာနဗသည် ထိုမြို့သို့ ရောက်သောအခါ ဘုရားသခင်ပီးထားသော ကျေးဇူးတော်ကို မြင်ရ၍ အားရဝမ်းသာဖြစ်ရလေ၏။ သို့ဖြစ်၍ သခင်ဘုရားအား မိမိ၏စိတ်နှလုံးကို ပုံအပ်၍ ယုံကြည်ကိုးစားပြီး သစ္စာစောင့်ကြရန် သူရို့အားလုံးကို တိုက်တွန်းနှိုးဆော်လေ၏။
သူရို့သည် ယုံကြည်သူများကို စစ်မှန်သောယုံကြည်ခြင်း၌ တည်ကြည်စီရန် အားပီး တိုက်တွန်းနှိုးဆော်ကြ၏။ “ဘုရားသခင်၏နိုင်ငံတော်သို့ ဝင်ရောက်ခြင်းငှာ ငါရို့သည် များစွာသော ဆင်းရဲဒုက္ခတိကို ကျော်ဖြတ်ကြရမည်” ဟု သွန်သင်ကြ၏။
သူရို့သည် နိ့စဉ်နိ့တိုင်း ဗိမာန်တော်၌ စုဝေးကြပြီးလျှင် သူရို့၏အိမ်များတွင် မုန့်ကိုဖဲ့လျက် စေတနာစိတ်နှင့် ဝမ်းမြောက်စွာ အတူတကွ အစားအစာများကို သုံးဆောင်ကြကာ၊
ထို့နောက် ပေါလုသည် အိမ်ထက်သို့ ပြန်တက်ပြီးလျှင် မုန့်ကိုဖဲ့၍ စားလေ၏။ အစားအစာ သုံးဆောင်ပြီးနောက် ပေါလုသည် ထိုသူရို့နှင့်အတူ အရုဏ်တက်သည့်တိုင်အောင် ကြာမြင့်စွာ စကားပြောပြီးနောက် ထိုမြို့မှ ထွက်လားလေ၏။
စနီနိ့ ညဇာဖက်၌ ငါရို့သည် အတူတကွ မိတ်ဆုံ စားသုံးခြင်းငှာ စုရုံးကြ၏။ နောက်တစ်နိ့တွင် ပေါလုသည် ထိုမြို့မှ ထွက်လားရန် အကြံဟိသဖြင့် သန်းခေါင်ယံတိုင်အောင် လူတိအား သွန်သင်လျက်ဟိ၏။
ပေတရုနှင့် ယောဟန်ရို့သည် လွတ်မြောက်လာပြီးသည်နှင့် ချက်ချင်းပင် မိမိလူစုထံသို့ ပြန်လာကြပြီးလျှင် ယဇ်ပုရောဟိတ်အကြီးအကဲတိနှင့် ဘာသာရေးခေါင်းဆောင်တိ ပြောကြားလိုက်သမျှကို ပြောပြကြ၏။
ထိုသို့ ဆုတောင်းပြီးသောအခါ၌ သူရို့စုဝေးနိန်သောအရပ်သည် တုန်လှုပ်လေ၏။ သူရို့သည်လည်း သန့်ယှင်းသော ဝိညာဉ်တော်နှင့် ပြည့်ဝလျက် ဘုရားသခင်၏ တရားတော်ကို ရဲရင့်စွာ စတင်၍ ဟောပြောကြလေ၏။
ငါရို့ကား ဆုတောင်းခြင်းနှင့် နှုတ်ကပတ်တော် ဟောပြောခြင်း အမှုကိုသာ အစဉ်တစိုက် ဆောင်ရွက်ကြမည်” ဟု ဆို၏။
ဆင်းရဲဒုက္ခရောက်စဉ်ခါ သည်းခံလျက် ဝမ်းမြောက်စိတ်နှင့် မျှော်လင့်၍ နိန်ကြလော့။ အမြဲမပြတ်ဆုတောင်းပတ္ထနာပြုလျက် နိန်ကြလော့။
သင်ရို့သည် သခင်ဘုရား၏ခွက်ဖလားကို သော်လည်းကောင်း၊ နတ်ဆိုးရို့၏ ခွက်ဖလားကို သော်လည်းကောင်း မသောက်နိုင်။ သခင်ဘုရား၏စားပွဲနှင့် နတ်ဆိုးများ၏စားပွဲ နှစ်ခုလုံး၌ မစားနိုင်။
သင်ရို့သည် ငါ့ကို အစဉ်အောက်မိ့သတိရ၍ ငါပီးအပ်ခသော သွန်သင်ချက်အတိုင်း လိုက်နာပြုကျင့်သောကြောင့် သင်ရို့ကို ငါချီးကျူး၏။
ထို့ကြောင့် ညီအစ်ကိုမောင်နှမရို့၊ ငါသည် သင်ရို့ပါးသို့ လာ၍ အမျိုးမျိုးသော ဘာသာစကားကို ပြောဆိုသော်လည်း ဘုရားသခင်၏ ဗျာဒိတ်တော်အားဖြင့် ဖြစ်စီ၊ အသိပညာအားဖြင့် ဖြစ်စီ၊ ပုရောဖက်ဟောပြောခြင်းအားဖြင့် ဖြစ်စီ၊ ဆုံးမသွန်သင်အားဖြင့် ဖြစ်စီ မဟောပြောလျှင် သင်ရို့၌ ဇာအကျိုးဟိမည်နည်း။
ခရစ်တော်၏ ကျေးဇူးတော်အားဖြင့် သင်ရို့အား ခေါ်ယူတော်မူသော အသျှင်ကို သင်ရို့သည် ဤမျှလောက် စောလျင်စွာ စွန့်ခွါ၍ အခြားသော သတင်းကောင်းကို နာယူလျက်ဟိသဖြင့် ငါသည် အလွန်အံ့သြ၏။
သင်ရို့သည်လည်း တမန်တော်ရို့နှင့် ပရောဖက်ရို့မှ ချမှတ်ခသော အုတ်မြစ်ထက်တွင် တည်ဆောက်ခြင်းကိုခံရကြ၍၊ ထိုအဆောက်အဦး၏ အရေးအကြီးဆုံးသော ထောင့်ချုပ်ကျောက်ကား ခရစ်တော်ယေသျှုပင်ဖြစ်၏။
သင်ရို့အား ကူညီမစတော်မူခြင်းငှာ ဘုရားသခင်အား တောင်းလျှောက်ကြလော့။ ဝိညာဉ်တော် ညွှန်ကြားသည့်အတိုင်း အရာရာ၌ ဆုတောင်းကြလော့။ ထို့ကြောင့် နိုးနိုးကြားကြားဖြင့် နီကြလော့။ ကာလအစဉ် အားမလျှော့ဘဲ၊ ဘုရားသခင်၏လူစုတော်အဖို့ ဆုတောင်းကြလော့။
အကြောင်းမှုကား ငါသည် အမှုတော်ကို စတင်ဆောင်ရွက်ချိန်မှစ၍ ယနိ့ တိုင်အောင် သတင်းကောင်းကို ပြန့်နှံ့စီခြင်းငှာ သင်ရို့သည် ငါနှင့်အတူ ဆောင်ရွက်ခကြသောကြောင့် ဖြစ်၏။
သို့ရာတွင် သင်ရို့ ကြားသိရသည့် သတင်းကောင်း၏ မျှော်လင့်ခြင်းမှ သင်ရို့သည် မယိမ်းမယိုင်စီဘဲ ခိုင်မြဲစွာ အုတ်မြစ်ချထားသည့် ယုံကြည်ခြင်း၌ ဆက်၍ တည်နိန်ကြရမည်။ ထိုသတင်းကောင်းကို မြီကြီးထက်၌ဟိသော လောကီသားတိုင်းအား ဟောပြောနိန်သည်ဖြစ်၍ ငါပေါလုသည် ထိုသတင်းကောင်းအတွက် အခိုင်းအစီ ဖြစ်လာ၏။
ဆုတောင်းခြင်းအမှုကို အစဉ်တစိုက် ပြုကြလော့။ ထိုသို့ပြုရာတွင် ဘုရားသခင်အား ကျေးဇူးတော်ချီးမွမ်းလျက် သတိဟိကြလော့။
သို့ရာတွင် သင်သည်ကား မိမိ သင်ယူထားသော သမ္မာတရား၌ မြဲမြံ၍ ခိုင်မာသော ယုံကြည်ခြင်း ဟိလော့။ အကြောင်းမူကား သင်သည် ဇာသူ့ပါးက သင်ယူခသည်ကို သင် သိ၏၊
တချို့သောသူရို့ ပြုမူကြသည့်အတိုင်း အတူတကွ စုဝေးသည့် အလေ့အထကို လက်မလျှော့ဘဲ၊ အချင်းချင်း တစ်ယောက်ကို တစ်ယောက် တိုက်တွန်းနှိုးဆော်ကြကုန်အံ့။ အကြောင်းမှာ သင်ရို့သည် သခင်ဘုရား ကြွလာမည့်နိ့ရက်သည် သာ၍ နီးလာသည်ကို သိမြင်လျက်ဟိကြ၏။
သို့သော် ငါရို့သည် နောက်သို့ ပြန်လှည့်သူတိ၊ ဖျက်ဆီးခြင်းကို ခံသော သူတိမဟုတ်ဘဲ၊ ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်း ခံထားရသောသူတိ ဖြစ်ကြ၏။
ငါရို့သည် ခမည်းတော်နှင့် လည်းကောင်း၊ သားတော် ယေသျှုခရစ်တော်နှင့် လည်းကောင်း၊ မိတ်ဖွဲ့ရကြသည်ဖြစ်၍ သင်ရို့သည်လည်း ငါရို့နှင့်အတူ ထိုမိတ်ဖွဲ့ခြင်းတွင် ပါဝင်ခွင့်ရကြစီရန် ငါရို့ မြင်ရ၊ ကြားရသည့် အကြောင်းအရာများကို သင်ရို့အား ဖော်ပြ၏။
သို့ရာတွင် ကိုယ်တော်သည် အလင်း၌ ဟိတော်မူသကဲ့သို့ ငါရို့သည်လည်း အလင်း၌ အသက်ရှင်လျှောက်လှမ်းကြလျှင် ငါရို့သည် တစ်ယောက်နှင့်တစ်ယောက် မိတ်ဖွဲ့ခြင်း ဟိကြသည်ဖြစ်၍ ဘုရားသခင်၏သားတော် ယေသျှု၏ အသွီးတော်သည်လည်း ငါရို့၏ ခပ်သိမ်းသော အပြစ်များကို စင်ကြယ်စီတော်မူ၏။
ထိုသူရို့သည် အမှန်စင်စစ် ငါရို့၏ မိတ်သဟာယတွင် ပါဝင်ခြင်းမဟိခသဖြင့် ငါရို့ပါးမှ ထွက်လားကြ၏။ ထိုသူရို့သည် ငါရို့နှင့် မိတ်သဟာယဖွဲ့ခြင်း ဟိပါက ငါရို့နှင့်အတူ ဟိနိန်ကြမည်ဖြစ်၏။ သို့သော်လည်း သူရို့ ထွက်လားကြခြင်းမှာ ငါရို့မိတ်သဟာယတွင် သူရို့ အမှန်ပင် မပါဝင်ကြောင်းကို ပေါ်လွင်ထင်ရှားစီရန် ဖြစ်၏။
သို့ရာတွင် အဆွီရို့၊ သင်ရို့သည် မိမိရို့၏ အလွန်သန့်ယှင်းသော ယုံကြည်ခြင်း၌ မိမိကိုယ်ကို တည်ဆောက်လျက်၊ သန့်ယှင်းသော ဝိညာဉ်တော်၏ တန်ခိုးတော်အားဖြင့် ဆုတောင်းကြလော့။