Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တမန်တော် 2:4 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

4 ထိုအခါ ထိုသူအပေါင်းရို့သည် သန့်ယှင်းသောဝိညာဉ်တော်နှင့် ပြည့်ဝပြီးလျှင် ဝိညာဉ်တော်သည် ထိုသူရို့အား အခွင့်ပီးသောကြောင့် အခြားသော ဘာသာစကားများဖြင့် စတင်၍ ပြောဆိုကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




တမန်တော် 2:4
55 ပူးပေါင်းရင်းမြစ်များ  

ထိုသူရို့က သင်ရို့ကို စစ်ဆီးမိန်းမြန်းရန် ခေါ်ဆောင်လားကြသောအခါ ဇာကိုပြောရမည် သို့မဟုတ် ဇာပိုင် ပြောရမည်ကို မစိုးရိမ်ကတ်ကေ့၊ အချိန်ရောက်လာသောအခါ သင်ရို့ ဇာကိုပြောရမည် ဆိုသည်ကို သိလာကတ်လိမ့်မည်။


ယုံကြည်လက်ခံသောသူရို့၌ကား၊ ငါ၏နာမကို အမှီပြု၍ အံ့သြဖွယ်နိမိတ်လက္ခဏာတိကို ပြနိုင်ကြလိမ့်မည်။ နတ်ဆိုးတိကို နှင်ထုတ်လိမ့်မည်။ ထူးခြားသောဘာသာစကားတိကို ပြောဆိုကြလိမ့်မည်။


သူသည် သခင်ဘုရား၏ ရှိ့တော်မှောက်၌ ကြီးမြတ်သောသူ ဖြစ်လိမ့်မည်။ ထိုသူသည် စပျစ်ရည်နှင့် သီရည်သီရက်ကို သောက်လိမ့်မည်မဟုတ်။ အမိဝမ်းထဲကပင် သူသည် သန့်ယှင်းသော ဝိညာဉ်တော်နှင့် ပြည့်ဝလိမ့်မည်။


မာရိ၏ နှုတ်ဆက်စကားကို ဧလိဇဗက်သည် ကြားသောအခါ သူမ၏ဝမ်းထဲက အချေကလည်း လှုပ်လေ၏။ ဧလိဇဗက်ကလည်း သန့်ယှင်းသောဝိညာဉ်တော်နှင့် ပြည့်ဝပြီးလျှင်၊


ယောဟန်၏အဖ ဇာခရိသည် သန့်ယှင်းသောဝိညာဉ်တော်နှင့် ပြည့်ဝပြီးလျှင် ဘုရားသခင်၏ သတင်းစကားတော်ကို ဟောပြောသည်မှာ၊


အကြောင်းမူကား၊ ထိုအချိန်၌ သင်ရို့ ဇာပိုင်ပြောရမည်ဆိုသည်ကို သန့်ယှင်းသောဝိညာဉ်တော်က သွန်သင်တော်မူလိမ့်မည်” ဟု မိန့်တော်မူ၏။


အကြောင်းမူကား သင်ရို့၏ ရန်သူတစ်ဦးတစ်ယောက်မျှ မငြင်းခုံ၊ မဟန့်တားနိုင်အောင် သင်ရို့အား နှုတ်သတ္တိ၊ ဉာဏ်သတ္တိကို ငါပီးမည်။


ယေသျှုသည် သန့်ယှင်းသောဝိညာဉ်တော်နှင့် ပြည့်ဝပြီး ယော်ဒန်မြစ်မှ ပြန်ကြွလာတော်မူစဉ် ဝိညာဉ်တော်သည် ကိုယ်တော်အား တောကန္တာရသို့ ပို့ဆောင်တော်မူ၏။


ယေဒါလည်း ခမည်းတော်က ငါ၏ နာမကြောင့် စီရွှတ်တော်မူသော ကူညီမစသော သူတည်းဟူသော သန့်ယှင်းသော ဝိညာဉ်တော်သည် ဟိသမျှအရာတိကို ပြသသွန်သင်တော်မူ၍ ငါပြောသမျှသော စကားတိကို သင်ရို့အား ပြန်လည်သတိရစီတော်မူလိမ့်မည်။


ထို့နောက် သူရို့အထက်၌ မှုတ်တော်မူလျက် “သန့်ယှင်းသောဝိညာဉ်တော်ကို ခံယူကြလော့” ဟု မိန့်တော်မူ၏။


ယောဟန်က ရီ၌ ဗတ္တိဇံကို ပီး၏။ သို့သော် သင်ရို့သည် ရက်အင်တန်ကာလအတွင်း သန့်ယှင်းသောဝိညာဉ်တော်၌ ဗတ္တိဇံကို ခံရကြလိမ့်မည်” ဟု မိန့်တော်မူ၏။


သို့ရာတွင် သင်ရို့အထက်၌ သန့်ယှင်းသောဝိညာဉ်တော် ဆင်းသက်လာသောအခါ၊ သင်ရို့သည် တန်ခိုးဖြင့် ပြည့်ဝပြီးလျှင် ယေရုဆလင်မြို့မှစ၍ ယုဒပြည်တစ်ခုလုံး၊ ယှာမာရိပြည်နှင့် ကမ္ဘာမြီကြီးအစွန်းတိုင်အောင် ငါ၏သက်သီဖြစ်ကြလိမ့်မည်” ဟု သူရို့အား မိန့်တော်မူ၏။


အကြောင်းမူကား သူရို့သည် အခြားသော ဘာသာစကားဖြင့် ပြောကာ ဘုရားသခင်၏ ဂုဏ်တော်ကြီးမြတ်တော်မူခြင်းကို ချီးမွမ်းကြသည်ကို ကြားရသောကြောင့်ဖြစ်၏။ ထိုအခါ ပေတရုသည် ထ၍ ပြောသည်မှာ၊


“ဤသူရို့သည် ငါရို့ကဲ့သို့ သန့်ယှင်းသော ဝိညာဉ်တော်ကို ရကြပြီ၊ ဤသူရို့အား ရီဖြင့် ဗတ္တိဇံပီးခြင်းကို ဇာသူသည် တားဆီးနိုင်အံ့နည်း” ဟု ဆိုလျက်၊


ထို့နောက် ငါသည် ဟောပြောရန် အစပြုစဉ်တွင် သန့်ယှင်းသောဝိညာဉ်တော်သည် အယင်က ငါရို့ပါးသို့ ဆင်းသက်တော်မူသကဲ့သို့ သူရို့ပါးသို့လည်း ဆင်းသက်လာတော်မူလေ၏။


ဗာနဗသည် သူတော်ကောင်းတစ်ယောက်ဖြစ်၍ ယုံကြည်ခြင်း၌ လည်းကောင်း၊ သန့်ယှင်းသောဝိညာဉ်တော်နှင့် လည်းကောင်း ပြည့်စုံသောကြောင့် များစွာသောသူတိကို သခင်ဘုရားထံသို့ ပို့ဆောင်လေ၏။


အန္တိအုတ်မြို့ ယုံကြည်သူများသည်လည်း ဝမ်းမြောက်ခြင်းနှင့်လည်းကောင်း၊ သန့်ယှင်းသောဝိညာဉ်တော်နှင့်လည်းကောင်း ပြည့်ဝကြလေ၏။


ထိုအခါ ပေါလုဟု လူသိများသော သျှောလုသည် သန့်ယှင်းသောဝိညာဉ်တော်နှင့် ပြည့်လျက် ထိုမှော်ဆရာအား စိစိကြည့်ကာ


ထို့ပြင် လူတိုင်း၏စိတ်နှလုံးအကြံအစည်ကို သိတော်မူသော ဘုရားသခင်သည် သန့်ယှင်းသောဝိညာဉ်တော်ကို ငါရို့ အားပီးသည့်နည်းတူ သူရို့ကိုလည်း ပီးတော်မူကြောင်းကို ထိုလူမျိုးခြားတိအားဖြင့် သက်သီပြတော်မူ၏။


ပေါလုသည် သူရို့၏ ဂေါင်းထက်တွင် လက်ကို တင်လိုက်သောအခါ သန့်ယှင်းသောဝိညာဉ်တော်သည် သူရို့အထက်၌ သက်ရောက်လေ၏။ ထိုအခါ သူရို့သည် ထူးဆန်းသော ဘာသာစကားများဖြင့် ပြောကြပြီးလျှင် ဘုရားသခင်၏ သတင်းစကားတော်ကိုလည်း ဟောပြောကြေငြာကြ၏။


ယုဒအမျိုးသားတိနှင့် ယုဒဘာသာသို့ ကူးပြောင်းလာကြသော တခြားလူမျိုးတိ ဖြစ်ကြပြီး၊ ငါရို့ထဲမှ တချို့သည် ကုရေတေပြည်သားနှင့် အာရပ်အမျိုးသားများ ဖြစ်ကြ၏။ သို့သော် ငါရို့သည် ဘုရားသခင်ပြုတော်မူသော ကြီးမြတ်သည့် အမှုများကို ငါရို့ဘာသာစကားဖြင့် သူရို့ ဟောပြောသည်ကို ကြားရယာ” ဟု ဆို၏။


ထို့နောက် လျှာနှင့်တူသော မီးတောက်များသည် အဖြာဖြာကွဲလျက် သူရို့အသီးသီးအထက်၌ တည်နိန်သည်ကို မြင်ရကြ၏။


ထိုသို့ ဆုတောင်းပြီးသောအခါ၌ သူရို့စုဝေးနိန်သောအရပ်သည် တုန်လှုပ်လေ၏။ သူရို့သည်လည်း သန့်ယှင်းသော ဝိညာဉ်တော်နှင့် ပြည့်ဝလျက် ဘုရားသခင်၏ တရားတော်ကို ရဲရင့်စွာ စတင်၍ ဟောပြောကြလေ၏။


ထိုအခါ ပေတရုသည် သန့်ယှင်းသော ဝိညာဉ်တော်နှင့် ပြည့်ဝလျက် “လူတိ ခေါင်းဆောင်တိနှင့် အသက်ကြီးသူရို့၊


ထို့ကြောင့် ညီအစ်ကိုမောင်နှမရို့၊ သင်ရို့အထဲမှ သန့်ယှင်းသောဝိညာဉ်တော်နှင့် လည်းကောင်း၊ ဉာဏ်ပညာနှင့် လည်းကောင်း ပြည့်ဝပြီးလျှင် ဂုဏ်သရေဟိသော လူခုနစ်ယောက်ကို ရွီးချယ်ကြလော့။ ငါရို့သည် ထိုသူရို့ကို ဤတာဝန်အတွက် ခန့်ထားမည်။


တမန်တော်ရို့၏ စကားကို ယုံကြည်သူအားလုံးသည် နှစ်သက်ကြသဖြင့် သူရို့သည် ယုံကြည်ခြင်းနှင့် လည်းကောင်း၊ သန့်ယှင်းသောဝိညာဉ်တော်နှင့် လည်းကောင်း ပြည့်ဝသော သတေဖန်မှစ၍ ဖိလိပ္ပု၊ ပြောခေါ်၊ နိကနော်၊ တိမုန်၊ ပါမေနနှင့် အန္တိအုတ်မြို့မှ ယုဒဘာသာသို့ ပြောင်းလဲလာသော တစ်ပါးအမျိုးသားဖြစ်သူ နိကောလ ရို့ကို ရွီးချယ်ကြ၏။


သတေဖန်သည် ဘုရားသခင်၏ ကောင်းကြီးမင်္ဂလာကို ကြွယ်ဝစွာ ခံစားရသောသူဖြစ်၍၊ တန်ခိုးတော်နှင့် ပြည့်ဝသူဖြစ်သောကြောင့် ကြီးမားသော အံ့ဩဖွယ်သောအမှုအရာများနှင့် နိမိတ်လက္ခဏာများကို လူတိကြားထဲ၌ ပြလေ၏။


သို့သော် သတေဖန်သည် သန့်ယှင်းသောဝိညာဉ်တော်နှင့် ပြည့်ဝလျက် ကောင်းကင်သို့ မော်ကြည့်လိုက်သောအခါ ဘုရားသခင်၏ ဘုန်းတန်ခိုးတော် လည်းကောင်း၊ ဘုရားသခင်၏လက်ယာဖက်တွင် ယေသျှုရပ်နိန်သည်ကို လည်းကောင်း မြင်လေ၏။


ထိုအခါ ပေတရုနှင့် ယောဟန်ရို့သည် ထိုသူရို့အထက်၌ လက်ကိုတင်ကြသောအခါ ထိုသူရို့သည် သန့်ယှင်းသောဝိညာဉ်တော်ကို ခံယူကြ၏။


ထို့ကြောင့် အာနနိသည် လား၍ သျှောလုဟိသည့်အိမ်သို့ ဝင်ပြီး သူ၏အထက်၌ လက်ကိုတင်ပြီးလျှင်၊ “ငါ့ညီ သျှောလု၊ သင်သည် မျက်စိပြန်မြင်စီဖို့နှင့် သန့်ယှင်းသော ဝိညာဉ်တော်နှင့် ပြည့်ဝလာစီဖို့အတွက် သင် ဤအရပ်သို့ လာနိန်စဉ် လမ်းခရီး၌ ထင်ရှားတော်မူသော သခင်ဘုရားတည်းဟူသော ယေသျှုက ငါ့ကို သင့်ပါးသို့ စီရွှတ်တော်မူလိုက်သည်” ဟု ဆို၏။


သန့်ယှင်းသောဝိညာဉ်တော်၏ တန်ခိုးတော်အားဖြင့် သင်ရို့၏ မျှော်လင့်ခြင်းသည် ဆက်လက် ကြီးထွားပါမည်အကြောင်း မျှော်လင့်ခြင်း၏အသျှင် ဘုရားသခင်သည် ကိုယ်တော်၌ တည်သော သင်ရို့၏ယုံကြည်ခြင်းအားဖြင့် သင်ရို့သည် ငြိမ်သက်ခြင်း၊ ဝမ်းမြောက်ခြင်း အပေါင်းနှင့် ပြည့်စုံကြပါစီသောဝ်။


ထိုဝိညာဉ်တော်သည် တစ်ယောက်သောသူအား နိမိတ်လက္ခဏာများ ပြနိုင်သောတန်ခိုးကိုလည်းကောင်း၊ အခြားတစ်ယောက်သောသူအား ပရောဖက်ပြုနိုင်သော အခွင့်ကိုလည်းကောင်း၊ တစ်ယောက်သောသူအား စိတ်ဝိညာဉ်ကို ပိုင်းခြားသိနိုင်သော ဉာဏ်ပညာကို လည်းကောင်း ပီးတော်မူ၏။ တစ်ယောက်သောသူအား အမျိုးမျိုးသော ဘာသာစကားကို ပြောဆိုနိုင်သော စွမ်းရည်ကိုလည်းကောင်း၊ တစ်ယောက်သောသူအား ထိုအမျိုးမျိုးသော ဘာသာစကားကို အနက်ပြန်ဆိုနိုင်သော စွမ်းရည်ကိုလည်းကောင်း ပီးတော်မူ၏။


ငါသည် လူ့ဘာသာစကားများနှင့် ကောင်းကင်တမန် ဘာသာစကားများကို ပြောနိုင်သော်လည်း မေတ္တာမဟိလျှင် ငါ၏စကားသည် ဆူညံသော မောင်းကဲ့သို့ လည်းကောင်း၊ အသံမြည်သော လင်းကွင်းကဲ့သို့လည်းကောင်း ဖြစ်၏။


မေတ္တာသည် အမြဲတည်၏။ ပရောဖက်ပြုခြင်းသည်လည်း မတည်မြဲ။ အမျိုးမျိုးသော ဘာသာစကားကို ပြောနိုင်သော အခွင့်သည်လည်း ရပ်တန့်လိမ့်မည်။ အသိပညာလည်း ကွယ်ပျောက်လိမ့်မည်။


ငါသည် အမျိုးမျိုးသော ဘာသာစကားကို သင်ရို့အားလုံးထက် ပို၍ပြောဆိုနိုင်သဖြင့် ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်း၏။


ငါသည် သင်ရို့အားလုံးကို အမျိုးမျိုးသော ဘာသာစကားကို ပြောဆိုခြင်းငှာ အလိုဟိ သော်လည်း၊ ဘုရားသခင်၏ သတင်းစကားကို ဟောပြောနိုင်သော ဆုကျေးဇူးအား သာ၍ ရစီလို၏။ အသင်းတော်တစ်ခုလုံး၏ အကျိုးကို ပြုစုစီခြင်းငှာ အမျိုးမျိုးသော ဘာသာစကား၏ အနက်ကို ဖော်ပြနိုင်သောသူ မဟိဘဲ ထိုဘာသာစကားများဖြင့် ပြောဆိုသောသူထက် ဘုရားသခင်၏ သတင်းစကားကို ဟောပြောသောသူသည် သာ၍ တန်ဖိုးဟိ၏။


ခရစ်တော်၏မေတ္တာတော်ကို ဇာခါလေ့ အပြည့်အဝ နားမလည်နိုင်သော်လည်း၊ ဘုရားသခင်၏ ပြည့်စုံတော်မူခြင်းဟိသမျှနှင့် ပြည့်ဝတော်မူပါမည့်အကြောင်း ငါ​ဆုတောင်း​၏။


ပျက်စီးစီတတ်သော အရက်သီစာ သောက်စားခြင်းများကို ယှောင်၍ ဝိညာဉ်တော်နှင့် ပြည့်ဝစီကြလော့။


သင်ရို့အား ကူညီမစတော်မူခြင်းငှာ ဘုရားသခင်အား တောင်းလျှောက်ကြလော့။ ဝိညာဉ်တော် ညွှန်ကြားသည့်အတိုင်း အရာရာ၌ ဆုတောင်းကြလော့။ ထို့ကြောင့် နိုးနိုးကြားကြားဖြင့် နီကြလော့။ ကာလအစဉ် အားမလျှော့ဘဲ၊ ဘုရားသခင်၏လူစုတော်အဖို့ ဆုတောင်းကြလော့။


ထိုပရောဖက်ရို့ပြုခသည့် အရာများသည် သူရို့ကိုယ်ကျိုးအတွက်မဟုတ်ဘဲ သင်ရို့အဖို့ ဆောင်ရွက်ခြင်း ဖြစ်ကြောင်းကို သင်ရို့အား ဘုရားသခင် ဖော်ပြတော်မူပေ၏။ အဂု ထိုအရာများသည် ကောင်းကင်ဘုံမှ စီရွှတ်ခြင်းခံရသော သန့်ယှင်းသော ဝိညာဉ်တော်၏ တန်ခိုးတော်အားဖြင့် ဟောပြောသောသူတိမှတစ်ဆင့် သင်ရို့ကြားရသော သတင်းကောင်းတရားပင် ဖြစ်၏။ ထိုအကြောင်းအရာများကို ကောင်းကင်တမန်တိပင်လျှင် နားလည်ရန် အလိုဟိကြ၏။


အကြောင်းမူကား မည်သည့် ပရောဖက်ပြုချက်မျှ လူ့အလိုဆန္ဒအရ ပေါ်လာသည် မဟုတ်။ သန့်ယှင်းသော ဝိညာဉ်တော်၏ နှိုးဆော်ခြင်းကို ခံရသောသူရို့သည် ဘုရားသခင် ထံတော်ပါးမှ လာသော ဗျာဒိတ်တော်ကို ဟောပြောခြင်းသာဖြစ်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ