25 ထိုအသျှင်နှင့်ပတ်သတ်၍ ဒါဝိဒ်က၊ “ ‘ငါသည် သခင်ဘုရားကို အစဉ်မပြတ် မျက်မှောက်ပြု၏။ ဇာကြောင့်ဆိုသော် ငါသည် ဒုက္ခဆင်းရဲခြင်းမှ ကင်းလွတ်စီရန်၊ ကိုယ်တော်သည် ငါ့အနား၌ ဟိတော်မူ၏။
ထိုသူနှစ်ဦးမှာ ဘုရားသခင်၏ ရှိ့တော်မှောက်တွင် သူတော်ကောင်းဖြစ်ပြီးလျှင် သခင်ဘုရား၏ ပညတ်တော်ဟိသမျှနှင့် မိန့်တော်မူချက်အားလုံးကို လိုက်နာကြ၏။
သင်ရို့သည် တကွဲတပြားစီဖြစ်လျက် အသီးသီး မိမိရို့အိမ်သို့ ပြန်လားကြပြီးလျှင် ငါ့ကို တစ်ယောက်တည်း ထားပစ်ခမည့်အချိန်သည် ရောက်လာမည်ဖြစ်၍ ယခုပင် ရောက်လာလေပြီ။ သို့သော်လည်း ငါသည် တစ်ယောက်တည်းမဟုတ်၊ ခမည်းတော်သည် ငါနှင့်အတူ ဟိတော်မူ၏။
ထို့ကြောင့် ငါ၏ စိတ်နှလုံးသည် ပျော်ရွှင်၍၊ ငါ့စကားသည်လည်း ရွှင်မြူးခြင်းနှင့် ပြည့်ဝနိန်၏။ ငါ၏ ခန္ဓာသည်လည်း၊ မျှော်လင့်ခြင်း၌ ခိုလှုံလိမ့်မည်၊