Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တမန်တော် 2:20 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

20 သခင်ဘုရား၏ ထူးမြတ်သောနိ့ မကျရောက်ခင်၊ နီမင်းသည် မှောင်မိုက်အတိ ဖြစ်၍ လသည်လည်း သွီးကဲ့သို့ နီလိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




တမန်တော် 2:20
25 ပူးပေါင်းရင်းမြစ်များ  

“ဤဒုက္ခကပ်ဆိုးကြီးကာလ ကုန်ဆုံးလားပြီးနောက် မကြာခင်မှာ နီကို မိုက်လားစီပြီးလျှင် လသည် မိမိ၏အလင်းရောင်ကို ပီးလိမ့်မည်မဟုတ်။ ကြယ်တိသည် အာကာပြင်မှ ကြွီကျကြပြီးလျှင် ကောင်းကင်တန်ခိုးများကို တုန်လှုပ်စီလိမ့်မည်။


မွန်းတည့်ချိန်မှစ၍ မွန်းလွဲသုံးချက်တီးချိန်ထိတိုင်အောင် မြီကြီးတစ်ပြင်လုံး မှောင်မိုက်အတိ ဖြစ်လားလေ၏။


“ထိုကာလ၌ ဆင်းရဲဒုက္ခရောက်လာပြီးနောက် နီသည် မှောင်မိုက်အတိ ဖြစ်ပြီးလျှင်၊ လသည်လည်း အလင်းရောင်ကို မပီး။


“နီ၊ လ၊ ကြယ်နက္ခတ်များ၌ ပုဗ္ဗနိမိတ်တိ ထင်ရှားလိမ့်မည်။ မြီကြီးထက်၌လည်း လူမျိုးအသီးသီးရို့သည် သမုဒ္ဒရာလှိုင်းတံပိုး ကြီးခြင်းကြောင့် မငြိမ်မသက်ဖြစ်ခြင်း၊ ကြောက်ရွံ့တုန်လှုပ်ခြင်း ဖြစ်ကြလိမ့်မည်။


အာကာပြင်ထက်၌ နိမိတ်လက္ခဏာတိကို လည်းကောင်း၊ အောက်အရပ် မြီကြီးထက်၌ အံ့သြဖွယ်ရာတိ ဖြစ်ကြသော သွီး၊ မီးလျှံ၊ မီးခိုးလုံး စသည်ရို့ကို လည်းကောင်း ငါပြမည်။


ထိုအခါ သခင်ဘုရားထံ ကူညီမစခြင်းကို တောင်းခံကြသောသူမှန်သမျှသည် ကယ်တင်တော်မူခြင်းကို ခံရလိမ့်မည်’ ဟူ၍ ဟောပြောခ၏။


သခင်ဘုရား၏ နိ့ရက်၌ ထိုသူ၏ ဝိညာဉ်သည် ကယ်တင်ခြင်းခံရမည့်အကြောင်း သူ၏ကိုယ်ခန္ဓာကို ဖျက်ဆီးစီခြင်းငှာ စာတန်မာရ်နတ်၏ လက်သို့ ပီးအပ်ကြလော့။


အကြောင်းမူကား သခင်ဘုရား၏ နိ့ရက်သည် ညဉ့်အခါ၌ သူခိုးလာသကဲ့သို့ ရောက်လာလိမ့်မည်ဖြစ်ကြောင်းကို သင်ရို့ကိုယ်တိုင် ကောင်းစွာ သိကြ၏။


သို့ရာတွင် သူခိုးလာသကဲ့သို့ သခင်ဘုရား၏ နိ့ရက်သည် ရောက်လာလိမ့်မည်။ ထိုနိ့ရက်၌ မိုးကောင်းကင်သည် အသံမြည်ဟီးလျက် ကွယ်ပျောက်လားလိမ့်မည်။ ကောင်းကင်နှင့်ဆိုင်သော အရာများသည်လည်း လောင်ကျွမ်းကြလိမ့်မည်။ ထိုအခါ မြီကြီးနှင့်တကွ ဟိသမျှသောအရာအားလုံးသည် ပျောက်ကွယ်လားလိမ့်မည်။


သို့သော်လည်း ဘုရားသခင်သည် အဂုဟိသော မိုးကောင်းကင်နှင့် မြီကြီးကို မီးအားဖြင့် ဖျက်ဆီးသည့် နိ့တိုင်အောင် ဘုရားသခင်၏ အမိန့်တော်အားဖြင့် ဆက်လက် တည်စီတော်မူပေ၏။ ဘုရားတရားမဲ့သော သူရို့အား တရားစီရင်၍ ဖျက်ဆီးခြင်းကို ခံရမည့်နိ့တိုင်အောင် ထိုအရာများကို ထိန်းသိမ်းလျက်ဟိ၏။


ထို့နောက် စတုတ္ထ ကောင်းကင်တမန်သည် မိမိ၏ခွက်ဖလားကို နီထက်သို့ သွန်ချလိုက်၏။ ထိုအခါ နီသည် လူတိအား အပူဟိန်ဖြင့် လောင်ကျွမ်းစီနိုင်သောအခွင့်ကို ရလေ၏။


ထို့နောက် သိုးသူငယ်တော်သည် ဆဋ္ဌမတံဆိပ်ကို ဖွင့်သောအခါ မြီငလျင်ပြင်းစွာ လှုပ်လေ၏။ နီသည် အမွီးဖြင့်ရက်ထားသော လျှော်တေအဝတ်ကဲ့သို့ မည်းနက်လာ၏။ လတစ်ခုလုံးသည်လည်း သွီးကဲ့သို့ နီလာ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ