23 ထိုအချိန်၌ သခင်ဘုရား၏ သွန်သင်ချက်လမ်းစဉ်ကြောင့် ဧဖက်မြို့၌ ဆူပူအုံကြွမှုကြီး တစ်ရပ်ဖြစ်ပေါ်လာ၏။
ထိုသူသည် တရားဇရပ်၌ ရဲရင့်စွာဖြင့် ဟောပြောခြင်းငှာ စတင်လေ၏။ ပြစ်ကိလနှင့် အာကုလရို့သည် သူဟောပြောသည်ကို ကြားသောအခါ ထိုသူ့ကို မိမိရို့အိမ်သို့ ခေါ်ယူ၍ ဘုရားသခင်၏တရားလမ်းကို သာ၍ မှန်ကန်စွာ သိစီခြင်းငှာ သူ့အား ယှင်းပြကြ၏။
သို့ရာတွင် သူရို့အထဲက လူတချို့ရို့သည် ဂေါင်းမာပြီး မယုံကြည်သဖြင့် လူအပေါင်းရို့ရှိ့တွင် သခင်ဘုရား၏ သွန်သင်ချက်ကို လှောင်ပြောင်ပြောဆိုကြ၏။ သို့ဖြစ်၍ ပေါလုသည် ယုံကြည်သူရို့ကို ခေါ်၍ ထိုလူအပေါင်းရို့ ပါးမှ ထွက်ပြီး တုရန္နု၏စာသင်ခန်းမ၌ နိ့စဉ်နိ့တိုင်း ဆွေးနွေးခြင်းကို ပြုလျက်နိန်၏။
ငါသည် ဤသွန်သင်ချက်ကို လိုက်လျှောက်သောသူရို့ကို သီဆုံးသည်ထိတိုင်အောင် ညှည်းဆဲခပြီးလျှင် ယောက်ျား၊ မိန်းမရို့ကိုလည်း ဖမ်းဆီး၍ ထောင်ထဲ၌ ချထားခပါ၏။
အကျွန်သည် အသျှင်၏ ရှိ့တော်၌ ဝန်ခံလိုသည်မှာ၊ သူရို့က လွဲမှားသည်ဟု ခံယူထားသော လမ်းစဉ်အတိုင်း အကျွန်ရို့အဖိုးအဖီးရို့၏ ဘုရားသခင်ကို ကိုးကွယ်ပါ၏။ သို့သော်လည်း အကျွန်သည် မောသျှေ၏ပညတ်ကျမ်းနှင့် ပရောဖက်ကျမ်းများတွင် ရီးသားထားသမျှကိုလည်း ယုံကြည်ပါ၏။
ထို့နောက် ဖေလဇ်က၊ ထိုဘာသာ၏ လမ်းစဉ်ကို ကောင်းစွာ သိထားသောသူ ဖြစ်သဖြင့် ကြားနာမှုကို ရွိ့ဆိုင်းထား၏။ ထိုသူက “တပ်မှူးလုသိ ရောက်လာသောအခါ ငါသည် သင်ရို့အမှုကို စစ်ဆီးဆုံးဖြတ်မည်” ဟု သူရို့အား ပြောလေ၏။
သခင်ဘုရား၏ လမ်းစဉ်ကို လိုက်လျှောက်သောမိန်းမ၊ ယောက်ျားတိကို တွိ့ပါက ဖမ်းဆီး၍ ယေရုဆလင်မြို့သို့ ခေါ်ဆောင်နိုင်ခြင်းငှာ ဒမာသက်မြို့၌ဟိသော တရားဇရပ်များသို့ ညွှန်ကြားစာ ပီးပါရန် တောင်းဆိုလေ၏။
ငါသည် ခရီးအကြိမ်ကြိမ် လားရာတွင် မြစ်ရီကြီးသည့်ဖီး၊ ဒါးပြဖီး၊ ကိုယ့်လူမျိုးဖြစ်သော ယုဒလူမျိုးရို့၏ဖီး၊ လူမျိုးခြားတိ ပြုသောဖီး၊ မြို့ကြီးများတွင် တွိ့ရတတ်သည့်ဖီး၊ ကျေးလက်တောရွာ၌ တွိ့ရသောဖီး၊ ပင်လယ်ပြင်၌ တွိ့ရသောဖီး၊ မိတ်ဆွီအတုယောင်များ၏ဖီးများနှင့် ကြုံတွိ့ခရ၏။
ငါရို့သည် ရိုက်ပုတ် ခံခရခြင်း၊ ထောင်ကျခံခရခြင်းနှင့် ရုန်းရင်းဆန်ခတ်ပြုခြင်းကို ခံခရကြပြီးလျှင် အလုပ်ကို ပင်ပန်းစွာလုပ်ဆောင်ကြရပြီး အိပ်ရခြင်း၊ စားရခြင်း ဟူ၍ပင်မဟိ။
လူသိနည်းသောသူများကဲ့သို့ ဖြစ်သော်ငြားလည်း အများကသိကြ၏။ သီသောသူများကဲ့သို့ ဖြစ်သော်လည်း အသက်ရှင်လျက် ဟိကြ၏။ သတ်ပုတ်ခြင်းခံရသော်လည်း ငါရို့သည် အသီသတ်ခြင်းမခံရပေ။