တမန်တော် 18:26 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား26 ထိုသူသည် တရားဇရပ်၌ ရဲရင့်စွာဖြင့် ဟောပြောခြင်းငှာ စတင်လေ၏။ ပြစ်ကိလနှင့် အာကုလရို့သည် သူဟောပြောသည်ကို ကြားသောအခါ ထိုသူ့ကို မိမိရို့အိမ်သို့ ခေါ်ယူ၍ ဘုရားသခင်၏တရားလမ်းကို သာ၍ မှန်ကန်စွာ သိစီခြင်းငှာ သူ့အား ယှင်းပြကြ၏။ အခန်းကိုကြည့်ပါ။ |
တမန်တော်ရို့သည် သခင်ဘုရားအကြောင်းကို ရဲရင့်စွာဟောပြောလျက် ထိုနီရာ၌ အချိန်အတန်ကြာ တည်းခိုနိန်ခလေ၏။ အသျှင်ဘုရားကလည်း တမန်တော်တိအား နိမိတ်လက္ခဏာနှင့် အံဖွယ်သောအမှုအရာတိကို ပြနိုင်စီခြင်းငှာ တန်ခိုးပီးတော်မူသည်ဖြစ်၍ သူရို့ဟောပြောသော သတင်းကောင်းတရားသည် သခင်ဘုရား၏ကျေးဇူးတော် အမှန်ပင်ဖြစ်ကြောင်းကို သက်သီပြတော်မူ၏။
ထို့ကြောင့် သူရို့သည် ပေါလုကို ရက်ချိန်းပီးကြပြီး၊ ထိုနိ့ရက် ရောက်လာသောအခါ များစွာသောလူရို့သည် ပေါလုတည်းခိုရာသို့ ရောက်လာကြ၏။ ပေါလုကလည်း ထိုသူရို့အား မိုးထဖက်မှ စ၍ ညမိုးချုပ်သည်ထိတိုင်အောင် ဘုရားသခင်၏ နိုင်ငံတော်အကြောင်းကို ယှင်းပြဟောပြောလေ၏။ ယေသျှု၏ အကြောင်းကို နားလည်ယုံကြည်စီခြင်းငှာ မောသျှေ၏ပညတ္တိကျမ်းနှင့် ပရောဖက်ကျမ်းများမှ ကိုးကား၍ ကြိုးစားကာ ဟောပြောလေ၏။