17 ထိုအခါ သူရို့အားလုံးသည် တရားဇရပ်မှူး သုဿင်ကို ဖမ်းဆီး၍ တရားရုံးရှိ့၌ သတ်ပုတ်ကြ၏။ ထိုသို့ ပြုကြသော်လည်း မြို့ဝန်မင်း ဂါလျုန်သည်ကား မျက်ကွယ်ပြုထားလေ၏။
ပိလတ်မင်းသည် တရားပလ္လင်ထက်၌ ထိုင်နိန်စဉ်တွင် မိမိ၏ဇနီးက “အပြစ်ကင်းသောဤသူနှင့် တစ်ခုလည်း ပတ်သက်မှု မဟိစီကေ့၊ ဇာကြောင့်လဲဆိုကေ အကျွန်သည် ညက အိပ်မက်ထဲမှာ ဤသူကြောင့် အလွန် စိတ်ဒုက္ခ ရောက်ခရပါ၏” ဟု သတင်း ပို့လိုက်၏။
ထိုအခါ ယာဣရုဟု အမည်ဟိသူ တရားဇရပ်မှူးတစ်ယောက်သည် လာ၍ ယေသျှုကို မြင်လျှင် ခြီတော်ရင်း၌ ပျပ်ဝပ်လျက်၊
သူရို့သည် ပေါလုပြောသည့် အသီခံခြင်းမှ ရှင်ပြန်ထမြောက်ခြင်းအကြောင်းကို ကြားလျှင် အချို့က ပေါလုကို လှောင်ပြောင်သရော်ကြ၏။ အချို့က “သင်ပြောသည့် အကြောင်းအရာတိကို နောက်တစ်ခါ အကျွန်ရို့ နားထောင်ချင်သိမ့်၏” ဟု ဆိုကြ၏။
တရားဇရပ်မှူး ကရိပ္ပုသည် မိမိ၏အိမ်သူအိမ်သားအားလုံးနှင့် အတူတကွ သခင်ဘုရား၌ ယုံကြည်ကြလေ၏။ ထို့အပြင် တခြားသော ကောရိန္သုမြို့သူ မြို့သားများ များစွာရို့သည်လည်း သတင်းကောင်းတရားကို ကြားနာရကြသည်ဖြစ်၍ ယုံကြည်ခြင်းသို့ ရောက်ကြပြီးလျှင် ဗတ္တိဇံကို ခံကြလေ၏။
ဘုရားသခင်၏ အလိုတော်နှင့်အညီ၊ ယေသျှုခရစ်တော်၏ တမန်တော်အဖြစ် ခေါ်ခြင်းခံရသောသူ ပေါလုနှင့် ငါရို့၏ညီ သုဿင်ထံမှ —
ငါရို့ ဟောပြောကြေငြာသော လက်ဝါးကပ်တိုင်ထက်တွင် အသီခံတော်မူသည့် ခရစ်တော်၏အကြောင်းသည် ယုဒလူရို့အဖို့ ထိမိ၍ လဲစရာဖြစ်ပြီး၊ တခြားလူမျိုးရို့အဖို့မူကား အချည်းနှီးသော တရားဖြစ်၏။