တမန်တော် 17:31 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား31 ဘုရားသခင်သည် သူရွီးချယ်ထားသော သူတစ်ယောက်အားဖြင့် လောကလူသားအာလုံးကို ဖြောင့်မတ်ခြင်း တရားတော်နှင့်အညီ တရားစီရင်မည့် နိ့ရက်ကို သတ်မှတ်ထားပြီးဖြစ်၏။ ထိုသူကို အသီခံခြင်းမှ ရှင်ပြန်ထမြောက် စီတော်မူသောအားဖြင့် လူတိုင်းအား ဤသက်သီကို ပြတော်မူပြီးပြီ” ဟု ပေါလုက ဟောပြောလေ၏။ အခန်းကိုကြည့်ပါ။ |
ဧပိကုရု၏တပည့်တိနှင့် သတောအိတ်ဟု ခေါ်သော အတွေးအခေါ်ပညာသျှင်ရို့သည်လည်း ပေါလုနှင့် ဆွေးနွေးငြင်းခုံခြင်းငှာ စတင်ကြလေ၏။ အချို့က “ဤစကားအိုးသည် ဇာအကြောင်းကို ပြောပြဖို့ ကြိုးစားနိန်စွာလဲ” ဟု ဆို၏။ အချို့ကလည်း “ဤသူသည် နိုင်ငံခြားနတ်ဘုရားတိ အကြောင်းကို ပြောဆိုနိန်ပုံရ၏” ဟု ဆိုကြ၏။ သူရို့က ဤသို့ ပြောဆိုရသည့်အကြောင်းမှာ၊ ပေါလုသည် ယေသျှုနှင့် ရှင်ပြန်ထမြောက်ခြင်းအကြောင်း သတင်းကောင်းကို ဟောပြောနိန်ခြင်းကြောင့် ဖြစ်၏။
သို့ဖြစ်၍ ချိန်းချက်တော်မူသောအချိန် မရောက်မီ ဇာသူကိုမျှ စစ်ကြောစီရင်ခြင်း မပြုကေ့။ သင်ရို့သည် နောက်ဆုံး တရားစီရင်တော်မူခြင်းငှာ သခင်ဘုရား ကြွလာတော်မူထိတိုင်အောင် စောင့်၍ နိန်ကြရမည်။ ကိုယ်တော်သည် မှောင်မိုက်ထဲ၌ ဝှက်ထားသောအရာများကို အလင်းတော်သို့ လည်းကောင်း၊ လူရို့၏စိတ်နှလုံး၌ ကွယ်ဝှက်ထားသော အကြံအစည်များကို လည်းကောင်း ထုတ်ဖော်တော်မူလိမ့်မည်။ ထိုအခါ လူတစ်ဦးစီတိုင်း မိမိရို့ခံထိုက်သည့်အလျောက် ဘုရားသခင်ထံမှ ချီးမွမ်းခြင်းကို ခံရကြလိမ့်မည်။