Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တမန်တော် 17:18 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

18 ဧပိကုရု၏တပည့်တိနှင့် သတောအိတ်ဟု ခေါ်သော အတွေးအခေါ်ပညာသျှင်ရို့သည်လည်း ပေါလုနှင့် ဆွေးနွေးငြင်းခုံခြင်းငှာ စတင်ကြလေ၏။ အချို့က “ဤစကားအိုးသည် ဇာအကြောင်းကို ပြောပြဖို့ ကြိုးစားနိန်စွာလဲ” ဟု ဆို၏။ အချို့ကလည်း “ဤသူသည် နိုင်ငံခြားနတ်ဘုရားတိ အကြောင်းကို ပြောဆိုနိန်ပုံရ၏” ဟု ဆိုကြ၏။ သူရို့က ဤသို့ ပြောဆိုရသည့်အကြောင်းမှာ၊ ပေါလုသည် ယေသျှုနှင့် ရှင်ပြန်ထမြောက်ခြင်းအကြောင်း သတင်းကောင်းကို ဟောပြောနိန်ခြင်းကြောင့် ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




တမန်တော် 17:18
16 ပူးပေါင်းရင်းမြစ်များ  

သူရို့သည် အခြားသောတပည့်တော်များ ဟိရာသို့ ရောက်လာကြသောအခါ လူပရိသတ်ရို့သည် သူရို့ပတ်လည်၌လည်းကောင်း၊ ကျမ်းပြုဆရာရို့သည်လည်း သူရို့နှင့် အငြင်းအခုံ ပြောဆိုနိန်ကြသည်ကိုလည်းကောင်း မြင်တော်မူ၏။


ထိုအရပ်မှ ယေသျှုသည် ထွက်ကြွတော်မူသောအခါ၊ ဖာရိယှဲနှင့် ကျမ်းတတ်ဆရာရို့သည် ကိုယ်တော်အား ခါးသီးစွာ ဝေဖန်ပြောဆိုခြင်းကို စတင်ကြလေ၏၊ အကြောင်းအရာ များစွာကိုလည်း မိန်းမြန်းကာ၊


ထိုအကြောင်းအရာကား၊ မေသျှိယသည် ဒုက္ခဝေဒနာခံရပြီး သီခြင်းမှ အယင်ဦးဆုံး ထမြောက်သောသူ ဖြစ်သည်နှင့်အညီ ယုဒလူမျိုးရို့နှင့် တခြားလူမျိုးရို့၌ ကယ်တင်ခြင်းအလင်းကို ပီးတော်မူလိမ့်မည်” ဟူ၍ ဖြစ်၏။


တမန်တော် နှစ်ပါးက ယေသျှု၌ သီခြင်းတရားမှ ရှင်ပြန်ထမြောက်ခြင်းတရားအကြောင်းကို လူတိအား သွန်သင်ဟောပြောကြသောကြောင့် သူရို့သည် စိတ်အနှောက်အယှက်ဖြစ်ကြ၏။


ထို့နောက် ထိုသူရို့သည် နိ့စဉ်နိ့တိုင်း ဗိမာန်တော်တွင် လည်းကောင်း၊ လူရို့၏အိမ်များတွင် လည်းကောင်း ယေသျှုသည် မေသျှိယဖြစ်တော်မူကြောင်း သတင်းကောင်းကို အဆက်မပြတ် ဟောပြောသွန်သင်ကြ၏။


သို့ရာတွင် လူတချို့သည် သူ့ကို အတိုက်အခံ ပြုကြ၏။ ထိုသူရို့ကား၊ ကုရေနေနှင့် အာလေဇန္ဒြိမြို့၌ဟိသော ယုဒလူမျိုးတိပါဝင်သော လွတ်လပ်သူများ (ဟုခေါ်သည့်) တရားဇရပ်အဖွဲ့ဝင်များ ဖြစ်ကြ၏။ ထိုသူရို့နှင့်တကွ ကိလိကိပြည်နှင့် အာယှိပြည်မှ ယုဒအမျိုးသားတချို့ရို့သည် သတေဖန်နှင့် စတင်ငြင်းခုံကြ၏။


သူရို့သည် မိမိကို မိမိ ပညာဟိဟု ပြောဆိုလျက်ဟိကြသော်လည်း ပညာမဟိသောသူများသာကြ၏။


ဇာသူမျှ မိမိကိုယ်ကို မလှည့်စားကတ်ကေ့။ သင်ရို့အထဲမှ တစ်စုံတစ်ယောက်သောသူသည် ဤလောကတွင် မိမိကိုယ်ကို ပညာဟိသည်ဟု ထင်မှတ်လျှင်၊ ထိုသူသည် စစ်မှန်သောပညာဟိ ဖြစ်လာခြင်းငှာ မိုက်မဲသောသူဖြစ်ပါစီ။


ငါရို့သည် ခရစ်တော်အဖို့ ရူးသွပ်သောသူများဖြစ်ရ၏။ သို့သော် သင်ရို့ကား ခရစ်တော်၌ ပညာဟိများ ဖြစ်ကြ၏။ ငါရို့သည် အားနည်းသော သူများဖြစ်ကာ၊ သင်ရို့မူကား သန်စွမ်းသောသူများဖြစ်ကြ၏။ ငါရို့မူကား အသရေမဲ့သောသူများဖြစ်ပြီး၊ သင်ရို့မူကား အသရေဟိသောသူများ ဖြစ်ကြပါသည်တကား။


သင်ရို့သည် လှည့်ဖြားတတ်သည့် အချည်းနှီးသော လူ့ပညာအားဖြင့် လွှမ်းမိုးခြင်းကို မခံရစီခြင်းငှာ သတိပြုကြလော့။ ထိုပညာများသည် ခရစ်တော်ထံပါးက လာသည်မဟုတ်၊ စကြာဝဠာကို အစိုးရသည့် ဝိညာဉ်များထံက လည်းကောင်း၊ လူတိ လက်ဆင့်ကမ်း သယ်ဆောင်လာကြသည့် ဩဝါဒတရားပါးက လည်းကောင်း လာ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ