31 ထိုအခါ သူရို့က “အသျှင်ယေသျှုကို ယုံကြည်လော့။ ထိုသို့ ယုံကြည်လျှင် သင်နှင့် သင်၏အိမ်သူ အိမ်သားတိသည် ကယ်တင်ခြင်းသို့ ရောက်ကြလိမ့်မည်” ဟု ပြော၏။
ယုံကြည်၍ ဗတ္တိဇံမင်္ဂလာကို ခံယူသောသူတိုင်း ကယ်တင်တော်မူခြင်းကို ခံရမည်။ မယုံကြည်သောသူမူကား အပြစ်စီရင်ခြင်းကို ခံရမည်။
သို့ရာတွင် ထိုသူအား ယုံကြည်လက်ခံသမျှသော သူသည် ဘုရားသခင်၏သားသမီးတိ ဖြစ်ခွင့်ကို ရကြ၏။
သို့သော်လည်း ယေသျှုသည် မေသျှိယတည်းဟူသော ဘုရားသခင်၏သားတော် ဖြစ်သည်ကို ယုံကြည်ကြစီခြင်းငှာလည်းကောင်း၊ ထိုသို့ယုံကြည်ခြင်းအားဖြင့် ကိုယ်တော်၏နာမတော်မြတ်၌ အသက်ကို ရစီခြင်းငှာ လည်းကောင်း ဤအရာများကို ရီးထားခြင်းဖြစ်၏။
ထိုသားတော်ကို ယုံကြည်လက်ခံသောသူသည် ထာဝရအသက်ကို ရ၏။ သားတော်ကို မယုံကြည်သောသူမူကား အသက်ကိုမရဘဲ ဘုရားသခင်၏ အမျက်တော်အောက်၌ နိန်သောသူ ဖြစ်၏။
သားတော်ကို မြင်တွိ့၍ ယုံကြည်သောသူ အပေါင်းရို့သည် ထာဝရအသက်ကို ရစီခြင်းငှာ ခမည်းတော်သည် အလိုဟိ၏။ ငါသည်လည်း နောက်ဆုံးသောနိ့၌ ထိုသူရို့အား သီခြင်းမှ ရှင်ပြန်ထမြောက်စီတော်မူမည်” ဟု မိန့်တော်မူ၏။
သင်ရို့အား ငါအမှန်ဆိုသည်ကား၊ ငါ့ကို ယုံကြည်သောသူသည် ထာဝရအသက်ကို ရ၏။
ယင်းပိုင် မလုပ်သင့်ပါကား။ အသျှင်ယေသျှု၏ ကျေးဇူးတော်ကြောင့် ငါရို့သည် ကယ်တင်တော်မူခြင်းကို ခံကြရသည်နည်းတူ၊ သူရို့သည်လည်း ခံကြရသည်ကို ငါရို့ ယုံကြည်ကြသည်” ဟူ၍ ပေတရုက ပြောဆို၏။
ထိုမိန်းမသည် မိမိ၏ အိမ်သူအိမ်သားတိနှင့်အတူ ဗတ္တိဇံကို ခံပြီးနောက် “အကျွန်သည် သခင်ဘုရား၏ စစ်မှန်သော ယုံကြည်သူတစ်ယောက် ဖြစ်သည်ဟု သင်ရို့ သတ်မှတ်လျှင် အကျွန့်အိမ်၌ လာ၍ တည်းကြပါ” ဟု တောင်းပန်၍ သူမသည် ငါရို့အား လိုက်ပါဖို့ရန် ဆွဲဆောင်ပြောဆိုလေ၏။
ထို့နောက် ပေါလုနှင့် သိလသည် ထောင်မှူးနှင့် သူ၏အိမ်သူအိမ်သားအားလုံးကို သခင်ဘုရား၏ နှုတ်ကပတ်တရားတော်ကို ဟောပြောကြ၏။
တရားဇရပ်မှူး ကရိပ္ပုသည် မိမိ၏အိမ်သူအိမ်သားအားလုံးနှင့် အတူတကွ သခင်ဘုရား၌ ယုံကြည်ကြလေ၏။ ထို့အပြင် တခြားသော ကောရိန္သုမြို့သူ မြို့သားများ များစွာရို့သည်လည်း သတင်းကောင်းတရားကို ကြားနာရကြသည်ဖြစ်၍ ယုံကြည်ခြင်းသို့ ရောက်ကြပြီးလျှင် ဗတ္တိဇံကို ခံကြလေ၏။
ကယ်တင်ခြင်းသည် အခြားသော သူတစ်ယောက်၌မျှမဟိ၊ အကြောင်းမူကား ထိုနာမမှတစ်ပါး ငါရို့ကို ကယ်တင်နိုင်သော အခြားသောနာမကို ကောင်းကင်အောက်၌ ဇာသူ့ကိုမျှ ပီး၍မထား” ဟု သူရို့အား ဖြေကြားတော်မူ၏။
သူရို့သည် ဆက်လက်ပြီး ခရီးပြုကြစဉ် ရီဟိသောအရပ်သို့ ရောက်ကြသဖြင့် အရာဟိက၊ “ဤအရပ်၌ ရီဟိပါ၏။ ငါသည် ဗတ္တိဇံမင်္ဂလာ ခံယူရန် တားဆီးနိုင်သည့်အရာ ဟိပါသလော” ဟု ဆို၏။
အဦးဆုံးအသီးများအဖြစ်ဖြင့် ပူဇော်သကာပြုသော မုန့်ညက်သည် သန့်ယှင်းလျှင် မုန့်တစ်ပုံလုံးသည် သန့်ယှင်းလျက်ဟိ၏။ ထို့အပြင် အမြစ်သန့်ယှင်းလျှင် အကိုင်းအခက်တိလည်း သန့်ယှင်းကြ၏။
ခရစ်တော်သည် ဤသို့ ပြုတော်မူခြင်းမှာ အာဗြဟံ ခံစားရသော ကောင်းကြီးမင်္ဂလာသည် ခရစ်တော်ယေသျှုအားဖြင့် တခြားလူမျိုးများ၌ သက်ရောက်သဖြင့် ငါရို့သည် ဘုရားသခင် ကတိထားတော်မူသော ဝိညာဉ်တော်ကို ယုံကြည်ခြင်းအားဖြင့် ခံယူရဟိရန် ဖြစ်၏။
သို့ရာတွင် ယေသျှုခရစ်၌ ယုံကြည်ခြင်းအားဖြင့် ထိုယုံကြည်သူတိုင်းအား ကတိတော်ကို ရဟိခံစားစီခြင်းငှာ လောကတစ်ခုလုံးသည် အပြစ်တရား၏ လက်အောက်တွင် ကျရောက်နိန်ကြောင်းကို ကျမ်းစာတော်မြတ်၌ ဖော်ပြထား၏။
သင်ရို့အားလုံးသည် ခရစ်တော်ယေသျှု၌ ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်၏ သားသမီးများဖြစ်ကြ၏။