Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တမန်တော် 16:17 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

17 ထိုအခါ ထိုမိန်းမချေက “ဤသူရို့သည် အမြင့်ဆုံးသော ဘုရားသခင်၏ အမှုတော်ဆောင်များ ဖြစ်ကြပြီး၊ သင်ရို့အား ကယ်တင်ခြင်းလမ်းကို ဟောပြောနိန်သောသူများဖြစ်ကြ၏” ဟု အော်ဟစ်၍ ပေါလုနှင့် ငါရို့နောက်က လိုက်ပါလာ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




တမန်တော် 16:17
31 ပူးပေါင်းရင်းမြစ်များ  

ထို့ကြောင့် သူရို့သည် မိမိ၏တပည့်တိနှင့် ဟေရုဒ်၏လူရို့ကို ကိုယ်တော်ပါးသို့ စီရွှတ်လိုက်ကြ၏။ သူရို့က “ဆရာ ကိုယ်တော်သည် ဇာသူတစ်ယောက်၏ အဆင့်အတန်းကိုလည်း စိတ်မဝင်းစားသည်ဖြစ်၍ တခြားလူတိ၏ ထင်မြင်ချက်ကို စိုးရိမ်စိတ် မဟိဘဲ လူတိအား ဘုရားသခင်အလိုတော်နှင့် ဆိုင်သော သမ္မာတရားကို သွန်သင်ပီးပါ၏။ ကိုယ်တော်သည် သမ္မာတရားကို ဟောကြားတော်မူသည်ကို အကျွန်ရို့ သိကြပါ၏။


ချက်ချင်းပင်လျှင် ထိုသူနှစ်ယောက်က “ဘုရားသခင်၏သားတော် ယေသျှု၊ အကျွန်ရို့ကို ဇာလုပ်ပါဖို့လဲ၊ အချိန်မရောက်ခင် အကျွန်ရို့ကို အပြစ်ပီးဖို့ လာယာလား” ဟု အော်ဟစ်ကြ၏။


“နာဇရက်မြို့သားယေသျှု၊ ကိုယ်တော်သည် အကျွန်ရို့နှင့် ဇာသို့ ဆိုင်သနည်း။ အကျွန်ရို့ကို ဖျက်ဆီးဖို့ ရောက်လာသည်လော။ ကိုယ်တော်သည် ဘုရားသခင်ထံမှ ကြွလာသော သန့်ယှင်းသော သူဖြစ်သည်ကို — အကျွန်သိပါ၏” ဟု ဟစ်ကြော်လေ၏။


သူရို့သည် အထံတော်သို့ လာကြပြီးလျှင် “ဆရာ၊ ဆရာက လူတိ ဇာပိုင် ထင်မှတ်ထင်မှတ်၊ ဂရုမစိုက်ဘဲ၊ မှန်သောစကားကိုသာ ပြောတတ်ပါ၏။ လူ့မျက်နှာကို မထောက်ဘဲ၊ ဘုရားသခင်၏တရားလမ်းကို အမှန်အတိုင်း သွန်သင်တော်မူကြောင့်ကို အကျွန်ရို့ သိကြပါ၏။ ယင်းအတွက်ကြောင့် အကျွန်ရို့သည် ရောမဧကရာဇ်မင်းအား အခွန်ဆက်အပ်သလော၊ မဆက်အပ်သလော ဆိုသည်ကို ပြောပြပါ” ဟု ပရိယာယ်ဆင်၍ မိန်းလျှောက်တော်မူ၏။


“အမြင့်ဆုံးသော ဘုရားသခင်၏ သားတော်ယေသျှု၊ ကိုယ်တော်သည် အကျွန်နှင့် ဇာသို့ ဆိုင်သနည်း။ အကျွန့်အား မညှည်းဆဲပါကေ့။ ဘုရားသခင်ကို တိုင်တည်၍ တောင်းဆိုပါ၏” ဟု ကျယ်သောအသံဖြင့် အော်ဟစ်တောင်းပန်လေ၏။


ကိုယ်တော်၏ လူတိကိုလည်း သူရို့၏ အပြစ်မှ ခွင့်ရွှတ်ပြီးလျှင် ကယ်တင်တော်မူမည့်အကြောင်း ပြောကြားရလိမ့်မည်။


သီမင်းအရိပ်၏ မှောင်မိုက်ထဲ၌ နီထိုင်သူရို့၌ အလင်းသည် ပေါ်ထွန်းလျက်၊ အကျွန်ရို့ကို ငြိမ်သက်ခြင်းလမ်းသို့ ညွှန်ပြတော်မူလိမ့်မည်” ဟု ဆိုလေ၏။


သူလျှိုတိက၊ “ဆရာ၊ ဆရာ ဟောပြောသွန်သင်တော်မူသော အရာအားလုံး မှန်ကန်ကြောင်းကို အကျွန်ရို့သိပါ၏။ ဆရာသည် လူမျက်နှာကိုမထောက်ဘဲ ဘုရားသခင်၏ တရားလမ်းကို ဖြောင့်မတ်စွာ သွန်သင်တတ်ပါ၏။


“အို၊ နာဇရက်မြို့သား ယေသျှု၊ ကိုယ်တော်သည် အကျွန်ရို့နှင့် ဇာဆိုင်လဲ၊ အကျွန်ရို့ကို ပျက်စီးစီရန်အတွက် ကြွလာသလား၊ ကိုယ်တော်သည် ဇာသူဖြစ်သည်ကို အကျွန် သိပါ၏။ ကိုယ်တော်သည် ဘုရားသခင်၏ သန့်ယှင်းသောသူဖြစ်ပါ၏” ဟု ကျယ်လောင်စွာ ဟစ်အော်လေ၏။


မိစ္ဆာနတ်ဆိုးရို့က “အသျှင်သည် ဘုရားသခင်၏သားတော်ဖြစ်၏” ဟု အော်ဟစ်လျက် လူတိထဲမှ ထွက်လားကြ၏။ ယေသျှုသည် နတ်ဆိုးတိအား စကားတစ်ခွန်းကိုမျှ ပြောခြင်းကို မပြုခြင်းငှာ အမိန့်ပီးတော်မူ၏။ အကြောင်းမူကား သူရို့သည် ကိုယ်တော်အား မေသျှိယဖြစ်ကြောင်းကို သိသောကြောင့် ဖြစ်၏။


ယေသျှုကိုမြင်လျှင် သူသည် အော်ဟစ်ကာ ရှိ့တော်၌ပျပ်ဝပ်လျက် “ယေသျှု၊ အမြင့်မြတ်ဆုံးသော ဘုရားသခင်၏သားတော်၊ အကျွန့်ပါးက ဇာအလိုဟိပါသလဲ၊ အကျွန့်ကို မနှိပ်စက်ပါကေ့၊ တောင်းပန်ပါ၏” ဟု ကျယ်သောအသံဖြင့် အော်ဟစ် လျှောက်ထားလေ၏။


ယေသျှုကလည်း၊ “ငါသည် လမ်းခရီးဖြစ်၏။ သမ္မာတရားလည်း ဖြစ်၏။ အသက်လည်း ဖြစ်၏။ ငါ့ကို အမှီမပြုလျှင် ခမည်းတော်ထံသို့ တစ်ယောက်မျှ မရောက်နိုင်။


ထိုသူသည် တရားဇရပ်၌ ရဲရင့်စွာဖြင့် ဟောပြောခြင်းငှာ စတင်လေ၏။ ပြစ်ကိလနှင့် အာကုလရို့သည် သူဟောပြောသည်ကို ကြားသောအခါ ထိုသူ့ကို မိမိရို့အိမ်သို့ ခေါ်ယူ၍ ဘုရားသခင်၏တရားလမ်းကို သာ၍ မှန်ကန်စွာ သိစီခြင်းငှာ သူ့အား ယှင်းပြကြ၏။


တချို့သော ယုဒလူမျိုး နယ်လှည့်ပယောဂဆရာရို့သည် အသျှင်ယေသျှု၏ နာမတော်ကို အသုံးပြု၍ ဝိညာဉ်ဆိုးကို နှင်ထုတ်ခြင်းငှာ ကြိုးစားကြ၏။ သူရို့က ဝိညာဉ်ဆိုးအား “ပေါလုဟောပြောသော ယေသျှု၏နာမကို တိုင်တည်၍ သင်ရို့ကို ငါ အမိန့်ပီး၏” ဟု ဆိုကြ၏။


လွတ်လပ်သောသူများကဲ့သို့ အသက်ရှင်နီထိုင်ကြလော့။ သို့သော်လည်း မကောင်းမှုများကို ဖုံးကွယ်ရန်အတွက် သင်ရို့၏ လွတ်လပ်မှုကို အသုံးမပြုကြဘဲ ဘုရားသခင်၏ ကျွန်များကဲ့သို့ အသက်ရှင်နီထိုင်ကြလော့။


များစွာသောလူရို့သည် ကာမဂုဏ်​လိုက်စား​ခြင်း​နောက်​သို့ လိုက်ကြပြီး သမ္မာတရားကို ကဲ့ရဲ့ပြောဆို ကြလိမ့်မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ