Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တမန်တော် 16:14 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

14 နီမောင်းသောအထည်များကို ရောင်းချသည့် လုဒိဟုခေါ်သော သွာတိရမြို့သူ တစ်ယောက်သည်လည်း ငါရို့ဟောပြောသော တရားကို ကြားနာကြသောသူရို့ထဲက တစ်ယောက်ဖြစ်၏။ သူမသည် ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်သော မိန်းမတစ်ယောက်ဖြစ်သည်နှင့်အညီ သခင်ဘုရားသည် ပေါလုဟောသော တရားကို အာရုံဝင်စားစီခြင်းငှာ ထိုမိန်းမ၏စိတ်နှလုံးကို ဖွင့်ပီးတော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




တမန်တော် 16:14
24 ပူးပေါင်းရင်းမြစ်များ  

ထို့နောက် တပည့်တော်ရို့သည် ကျမ်းစာကို နားလည်ကြစီရန် သူရို့၏ အသိဉာဏ်ကို ဖွင့်ပီးတော်မူ၏။


ပွဲတော်အတွင်း ဝတ်ပြုကိုးကွယ်ရန် ယေရုဆလင်မြို့သို့ လာကြသော လူထဲတွင် ဟေလသအမျိုးသား တချို့ပါ၏။


သူသည် ဘာသာတရား ကြည်ညိုသောသူ တစ်ယောက်ဖြစ်၏။ သူနှင့် သူ၏မိသားစုအားလုံးသည် ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ကြ၏။ ယုဒလူမျိုး ဆင်းရဲသူ ဆင်းရဲသားတိအား ရက်ရောစွာ ပီးကမ်းစွန့်ကြဲကာ ဘုရားသခင်အား အစဉ်ဆုတောင်းလျက်နိန်၏။


သခင်ဘုရား၏တန်ခိုးတော်သည် သူရို့နှင့်အတူ ဟိသောကြောင့် များစွာသောသူရို့သည် ယုံကြည်ခြင်းသို့ ရောက်ကြပြီးလျှင် သခင်ဘုရားထံသို့ ပြောင်းလဲလာကြ၏။


လူအပေါင်းရို့သည် ဝတ်ပြုစည်းဝေးပွဲမှ ထွက်ခွာလားကြပြီးနောက် ယုဒလူမျိုးတိနှင့် ယုဒဘာသာဝင်အဖြစ်သို့ ခံယူထားကြသော တခြားလူမျိုးများစွာရို့သည် ပေါလုနှင့် ဗာနဗ၏ နောက်သို့ လိုက်ပါလားကြ၏။ တမန်တော်တိက သူရို့အား ပြောဆို၍ ဘုရားသခင်၏ ကျေးဇူးတော်၌ အစဉ်အမြဲ ရှင်သန်ကြရန် သူရို့ကို အားပီးတိုက်တွန်းကြ၏။


သို့ရာတွင် ယုဒလူမျိုးရို့က မြို့မိမြို့ဖတိနှင့် ဘုရားသခင်ကို ကိုးကွယ်ကြသော ဂုဏ်အသရေဟိ လူမျိုးခြား မိန်းမတိကို သွီးထိုး လှုံ့ဆော်ကြ၏။ ထို့ကြောင့် ထိုသူရို့သည် ပေါလုနှင့် ဗာနဗ ကို စတင်၍ ညည်းပန်းနှိပ်စက်ကြပြီးလျှင် မိမိရို့၏အရပ်ဒေသမှ နှင်ထုတ်ကြလေ၏။


ထိုအခါ ပေါလုနှင့် သိလသည် ထောင်မှ ထွက်၍ လုဒိအိမ်သို့ လားကြ၏။ ထိုနီရာ၌ ဟိသော ယုံကြည်သူတိနှင့် တွိ့ဆုံပြီး၊ သူရို့ကို အားပီးစကားများ ပြောဆိုပြီးမှ ထိုအရပ်မှ ထွက်လားကြလေ၏။


ထို့နောက် သူရို့ကို ထားခပြီးလျှင် ထာဝရဘုရားသခင်ကို ကိုးကွယ်သည့် တိတု ယုတ္တု ဟူ၍ အမည်ဟိသော တစ်ပါးအမျိုးသားတစ်ယောက်၏အိမ်၌ နီထိုင်ရန်လားလေ၏။ သူ၏အိမ်သည် တရားဇရပ်နှင့် ကပ်လျက်ဟိ၏။


ထို့ကြောင့် ဖိလိပ္ပုသည် အသင့်ပျင်၍ လားလေ၏။ ထိုစဉ် အဲသယောပိဘုရင်မ၏ အမတ်တစ်ဦးဖြစ်ပြီး ဘုရင်မ၏ဘဏ္ဍာအားလုံးကို စီမံအုပ်ချုပ်ရသော အဲသယောပိပြည်သား မိန်းမစိုး အရာဟိ တစ်ယောက်သည် ယေရုဆလင်မြို့သို့ လားပြီး ဘုရားသခင်အား ဝတ်ပြုကိုးကွယ်လေ၏။ သူသည် အပြန်လမ်းခရီးတွင် မြင်းရထားထက်၌ ထိုင်လျက် ပရောဖက် ဟေသျှာယကျမ်းကို ဖတ်နိန်၏။


ထို့ကြောင့်၊ ဤသို့ပြုတော်မူခြင်းသည် လူ့အလိုဆန္ဒ သို့မဟုတ် လူ၏အကျင့် အားဖြင့်မဟုတ်။ ဘုရားသခင်၏ ကရုဏာတော်၌သာ တည်နိန်၏။


အကြောင်းမူကား၊ မိမိ၏အကြံအစည်အတိုင်း သင်ရို့အထဲ၌ နာခံလိုက်လျှောက်စီရန်နှင့် စိတ်ဆန္ဒဟိစီခြင်းငှာ အစဉ်လုပ်ဆောင်သော သူသည် ဘုရားသခင် ဖြစ်၏။


ထိုအသံက “သင် မြင်ရသည့်အရာကို စာစောင်တွင် ရီးသား၍ ဧဖက်မြို့၊ စမုရနမြို့၊ ပေရဂံမြို့၊ သွာတိရမြို့၊ သာဒိမြို့၊ ဖိလဒေလဖိမြို့၊ လောဒိကိမြို့များ၌ဟိသော အသင်းတော်ခုနစ်ပါးသို့ ပီးပို့လော့” ဟု ဆို၏။


နားထောင်လော့။ ငါသည် တန်းခါးရှိ့တွင် ရပ်၍ တန်းခါးခေါက်လျက် နိန်၏။ ငါ၏အသံကို ကြား၍ တန်းခါးကို ဖွင့်၏။ ထိုသူ၏ အိမ်သို့ ငါဝင်ပြီးလျှင် သူနှင့်အတူ စားသောက်မည်။ သူသည်လည်း ငါနှင့်အတူ စားသောက်ရလိမ့်မည်။


“ဖိလဒေလဖိမြို့ အသင်းတော်၏ ကောင်းကင်တမန်သို့ ဤသို့ စာရီးပီးလိုက်လော့။ “ဤသတင်းစကားသည် မြင့်မြတ်သန့်ယှင်းပြီး ဖြောင့်မှန်သောသူထံပါးမှ ဖြစ်၏။ ကိုယ်တော်သည် ဒါဝိဒ်မင်း၏ တန်းခါးသော့ကို ပိုင်တော်မူ၏။ ထိုတန်းခါးကို ကိုယ်တော်ဖွင့်တော်မူသောအခါ ဇာသူမျှ မပိတ်နိုင်ပေ။ ပိတ်တော်မူသောအခါလည်း ဇာသူမျှ မဖွင့်နိုင်ပေ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ