တမန်တော် 15:32 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား32 ယုဒနှင့် သိလသည် သူရို့ကိုယ်တိုင် ပရောဖက်တိ ဖြစ်ကြသည်နှင့်အညီ ယုံကြည်သူတိကို အားပီးတိုက်တွန်းကာ အချိန်ကြာမြင့်စွာ ဟောပြောနိန်ခကြ၏။ အခန်းကိုကြည့်ပါ။ |
သူတစ်ပါးကို တိုက်တွန်းနှိုးဆော်တတ်သည့် ဆုကျေးဇူးဟိလျှင် ထိုအမှုကို ဆောင်ရွက်စီ။ ပီးကမ်းစွန့်ကြဲခြင်း ဆုကျေးဇူးဟိလျှင် ရက်ရောစွာဖြင့် ပီးကမ်းကြစီ။ အုပ်ချုပ်ဖို့ရန် ဆုကျေးဇူး ဟိသောသူသည် လုံ့လဝိရိယစိုက်၍ အုပ်ချုပ်စီ။ သူတစ်ပါးကို သနားကရုဏာထားခြင်းငှာ ဆုကျေးဇူး ဟိသောသူသည်လည်း ဝမ်းမြောက်သောစိတ်ဖြင့် ထိုအမှုကို ပြုကြစီ။
နောက်ဆုံးအနေဖြင့်ဆိုရလျှင် ညီအစ်ကိုမောင်နှမရို့၊ သင်ရို့ကို ဘုရားသခင် နှစ်သက်တော်မူစီရန် မည်သို့ အသက်ရှင်နီထိုင်ရမည်ကို သင်ရို့အား ငါရို့ သွန်သင်ပြီး ဖြစ်၏။ သင်ရို့သည် ငါရို့ သွန်သင်ခသည်အတိုင်း အသက်ရှင်နီထိုင်ကြ၏။ အဂုတွင် ပို၍ ကြိုးစားအားထုတ်ကြရန် ငါရို့သည် အသျှင်ယေသျှု၏ နာမတော်၌ သင်ရို့အား တိုက်တွန်းနှိုးဆော်လျက် တောင်းပန်ကြ၏။
သို့ရာတွင် သင်ရို့သည် ဆင်းရဲဒုက္ခကို အနည်းငယ်မျှသာ ခံစားပြီးသောအခါ ခရစ်တော်နှင့် တစ်လုံးတစ်ဝတည်း ဖြစ်စီလျက် ထာဝရဘုန်းတော်ကို ဝင်စားခွင့်ပီးရန် ခေါ်တော်မူသောအသျှင်၊ ကျေးဇူးတော်အပေါင်းနှင့် ပြည့်စုံတော်မူသော ဘုရားသခင်ကိုယ်တော်တိုင်သည် သင်ရို့ကို စုံလင်စီ၍ ခွန်အားနှင့် ပြည့်ဝစီကာ ခိုင်ခံ့စွာ ရပ်တည်စီတော်မူလိမ့်မည်။