31 ထိုသူရို့သည် စာကို ဖတ်ရသောအခါ ထိုစာ၌ပါသော အားပီးတိုက်တွန်းစကားကြောင့် ဝမ်းမြောက်ခြင်းနှင့် ပြည့်ဝကြလေ၏။
ယုဒပြည်မှ အန္တိအုတ်မြို့သို့ ရောက်လာကြသော တချို့သောသူတိက “သင်ရို့သည် မောသျှေ၏ ပညတ်တရားအတိုင်း အရီဖျားလှီးခြင်းကို မခံလျှင် ကယ်တင်တော်မူခြင်းသို့ မရောက်နိုင်” ဟု ယုံကြည်သူတိကို ဆုံးမဩဝါဒပီးကြ၏။
သို့ဖြစ်၍ သင်ရို့သည် ငါရို့ကိုယ်တိုင်သာမက ငါရို့ အဖိုးအဖီးတိကိုယ်တိုင် မထမ်းနိုင်ခသော ထမ်းပိုးကို ယုံကြည်သူတိ၏ နောက်ကုန်းထက်မှာ တင်ပြီးလျှင် ဇာကြောင့် ဘုရားသခင်ကို မထီလေးစားလုပ်နိန်ကတ်စွာလဲ။
ထိုစီတမန်များသည် စီရွှတ်လိုက်သည်နှင့်အညီ၊ အန္တိအုတ်မြို့သို့ ရောက်ကြသောအခါ ယုံကြည်သူအားလုံးကို စုဝေးစီပြီးလျှင် ထိုစာကို သူရို့လက်သို့ ပီးအပ်ကြ၏။
ယုဒနှင့် သိလသည် သူရို့ကိုယ်တိုင် ပရောဖက်တိ ဖြစ်ကြသည်နှင့်အညီ ယုံကြည်သူတိကို အားပီးတိုက်တွန်းကာ အချိန်ကြာမြင့်စွာ ဟောပြောနိန်ခကြ၏။
ထို့ကြောင့် အသင်းတော်များသည် ယုံကြည်ခြင်း၌ သာ၍ ခိုင်မာလာကြပြီးလျှင် အရီအတွက်အားဖြင့်လည်း နိ့စဉ်နိ့တိုင်း တိုးပွားလာကြ၏။
ငါရို့သည် လွတ်လပ်မှုကို ရစီခြင်းငှာ ခရစ်တော်သည် ငါရို့အား လွတ်မြောက်စီတော်မူပြီ။ သို့ဖြစ်၍ လွတ်လပ်သော သူများအဖြစ် ရပ်တည်ကြလော့။ နောက်တဖန် သင်ရို့ကိုယ်တိုင် ကျွန်ဖြစ်ခြင်းစီခြင်းငှာ အခွင့်မပီးကတ်ကေ့။
စစ်မှန်သောအရီဖျားလှီးခြင်းကို ခံရသောသူရို့ကား ထိုသူရို့မဟုတ်ဘဲ ငါရို့သာလျှင် ဖြစ်ကြပေ၏။ ဇာကြောင့်ဆိုသော် ငါရို့သည် ကိုယ်တော်၏ ဝိညာဉ်တော်အားဖြင့် ဘုရားသခင်အား ကိုးကွယ်၍ ခရစ်တော်ယေသျှု၌ ရွှင်လန်းဝမ်းမြောက်သောသူတိ ဖြစ်ကြသောကြောင့်တည်း။ ငါရို့သည် ပြင်ပလက္ခဏာများကို မကိုးစား။