တမန်တော် 15:11 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား11 ယင်းပိုင် မလုပ်သင့်ပါကား။ အသျှင်ယေသျှု၏ ကျေးဇူးတော်ကြောင့် ငါရို့သည် ကယ်တင်တော်မူခြင်းကို ခံကြရသည်နည်းတူ၊ သူရို့သည်လည်း ခံကြရသည်ကို ငါရို့ ယုံကြည်ကြသည်” ဟူ၍ ပေတရုက ပြောဆို၏။ အခန်းကိုကြည့်ပါ။ |
သို့သော်လည်း အာဒံ၏ပြစ်မှားခြင်းနှင့် ဘုရားသခင်၏ အခမဲ့လက်ဆောင်သည် ကွာခြား၏။ အကြောင်းမူကား တစ်ယောက်သောသူ၏ ပြစ်မှားခြင်းအားဖြင့် များစွာသောလူအပေါင်းရို့သည် သီခြင်းသို့ ရောက်ကြရ၏။ သို့ရာတွင် ဘုရားသခင်၏ကျေးဇူးတော်သည် သာ၍ ကြီးမြတ်တော်မူသည်ဖြစ်၍ ယေသျှုခရစ်တော်တည်းဟူသော တစ်ယောက်သောသူ၏ ကျေးဇူးအားဖြင့် ဘုရားသခင်၏ အခမဲ့ကျေးဇူးတော်ကို များစွာသောလူအပေါင်းရို့သည် ခံစားကြရ၏။
သို့သော်လည်း လူသည် ပညတ်တရား၏ အကျင့်အားဖြင့် ဖြောင့်မတ်ရာသို့ မရောက်နိုင်၊ ယေသျှုခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့်သာလျှင် ရနိုင်ကြောင်းကို ငါရို့သိကြ၏။ ငါရို့ကလည်း ပညတ်တရား၏ အကျင့်အားဖြင့် မဟုတ်ဘဲ ခရစ်တော်ကို ယုံကြည်အားဖြင့် ဖြောင့်မတ်ရာသို့ရောက် ကြ၏။ ဇာကြောင့်ဆိုသော် ပညတ်တရား၏ အကျင့်အားဖြင့် တစ်ယောက်မျှ ဖြောင့်မတ်ရာသို့ မရောက်နိုင်သောကြောင့် ဖြစ်၏။
ထို့နောက် သူရို့က၊ “ကိုယ်တော်သျှင်သည် ဤစာလိပ်တော်ကို ယူ၍၊ ခြိပ်တံဆိပ်များကို ဖွင့်ထိုက်သောသူ ဖြစ်ပါ၏။ အကြောင်းမူကား ကိုယ်တော်သျှင်သည် အသီသတ်ခြင်းကို ခံတော်မူသောအားဖြင့်၊ ခပ်သိမ်းသော မျိုးနွယ်စုနှင့် ဘာသာစကားအမျိုးမျိုး၊ ခပ်သိမ်းသော လူမျိုးနှင့် တိုင်းနိုင်ငံအသီးသီးထဲမှ လူတိကို ဘုရားသခင်အဖို့ ရွီးနုတ်တော်မူပါ၏။