တမန်တော် 14:3 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား3 တမန်တော်ရို့သည် သခင်ဘုရားအကြောင်းကို ရဲရင့်စွာဟောပြောလျက် ထိုနီရာ၌ အချိန်အတန်ကြာ တည်းခိုနိန်ခလေ၏။ အသျှင်ဘုရားကလည်း တမန်တော်တိအား နိမိတ်လက္ခဏာနှင့် အံဖွယ်သောအမှုအရာတိကို ပြနိုင်စီခြင်းငှာ တန်ခိုးပီးတော်မူသည်ဖြစ်၍ သူရို့ဟောပြောသော သတင်းကောင်းတရားသည် သခင်ဘုရား၏ကျေးဇူးတော် အမှန်ပင်ဖြစ်ကြောင်းကို သက်သီပြတော်မူ၏။ အခန်းကိုကြည့်ပါ။ |
ထိုအခါ ပေါလုနှင့် ဗာနဗ ရို့က “ငါရို့သည် သင်ရို့အား ဘုရားသခင်၏ နှုတ်ကပတ်တော်ကို အဦးဆုံး ပြောပြလိုပါ၏။ သို့သော်လည်း သင်ရို့သည် ထာဝရအသက်ကို တန်ဖိုးမထားဘဲ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ငြင်းပယ်ကြသောကြောင့် ငါရို့သည် သင်ရို့ကို ထားခပြီးလျှင် အခြားလူမျိုးတိပါးသို့ ခရီးဆက်ကြရမည်ဟု ရဲရင့်ပြတ်သားစွာ ထုတ်ဖော်ပြောဆိုကြလေ၏။
“အို၊ ဣသရေလအမျိုးသားရို့၊ ငါ့စကားကို နားထောင်ကြလော့။ နာဇရက်မြို့သား ယေသျှုသည် ဘုရားသခင်၏ အံ့ဖွယ်ရာများနှင့် နိမိတ်လက္ခဏာများကို ပြသခသော ဘုရားသခင်၏ အခွင့်အာဏာရသည့် လူသားတစ်ယောက်ဖြစ်ကြောင်းကို သင်ရို့အား ထင်ရှားစွာ သက်သီပြတော်မူခယာ။ ထိုအရာများသည် သင်ရို့ကြားမှာ ဖြစ်ပျက်ခသည်ကို သင်ရို့ကိုယ်တိုင် သိခကြ၏။
သို့သော် ငါသည် ငါ့အသက်ကို နှမြောခြင်းမဟိဘဲ၊ ငါ၏အမှုတော်ကို ပြည့်စုံစီခြင်းငှာ လည်းကောင်း၊ အသျှင်ယေသျှု ပီးအပ်တော်မူသည့် အလုပ်တာဝန်ကို လည်းကောင်း ပြီးဆုံးအောင် ဆောင်ရွက်နိုင်မှုကိုသာလျှင် ပမာဏပြု၏။ ကိုယ်တော် ပီးအပ်တော်မူသော အမှုတော်မူကား ဘုရားသခင်၏ ကျေးဇူးတော်အကြောင်း သတင်းကောင်းကို ဟောပြောကြေညာရန်ပင် ဖြစ်သတည်း။