2 သို့ရာတွင် ယုံကြည်ခြင်းကို ငြင်းပယ်သော ယုဒလူမျိုးတိက ယုံကြည်သူတိအား ဆန့်ကျင်တိုက်ခိုက်ရန် တခြားလူမျိုးရို့၏ စိတ်ကို လှုံ့ဆော်ပီးကြ၏။
ထိုသားတော်ကို ယုံကြည်လက်ခံသောသူသည် ထာဝရအသက်ကို ရ၏။ သားတော်ကို မယုံကြည်သောသူမူကား အသက်ကိုမရဘဲ ဘုရားသခင်၏ အမျက်တော်အောက်၌ နိန်သောသူ ဖြစ်၏။
ရက်အင်တန်ကြာပြီးနောက် ၁၂၀ ခန့် ဟိသော ယုံကြည်သူရို့ စုဝေးနိန်ကြစဉ် ပေတရုသည် စကားပြောရန် ထ၍၊
ယုဒလူမျိုးတိသည် ထိုလူစုလူဝေးကို မြင်သောအခါ မနာလိုစိတ်ဖြစ်ကြပြီးလျှင် ပေါလုပြောသမျှကို ဆန့်ကျင်လျက် ကဲ့ရဲ့ဆဲဆိုကြ၏။
သို့ရာတွင် ယုဒလူမျိုးရို့က မြို့မိမြို့ဖတိနှင့် ဘုရားသခင်ကို ကိုးကွယ်ကြသော ဂုဏ်အသရေဟိ လူမျိုးခြား မိန်းမတိကို သွီးထိုး လှုံ့ဆော်ကြ၏။ ထို့ကြောင့် ထိုသူရို့သည် ပေါလုနှင့် ဗာနဗ ကို စတင်၍ ညည်းပန်းနှိပ်စက်ကြပြီးလျှင် မိမိရို့၏အရပ်ဒေသမှ နှင်ထုတ်ကြလေ၏။
သို့ရာတွင် ပိသိဒိပြည် အန္တိအုတ်မြို့နှင့် ဣကောနိမြို့မှ ရောက်လာကြသော ယုဒလူမျိုးတချို့သည် လူစုလူဝေးကြီးကို မိမိဖက်သို့ ပါအောင် စည်းရုံးသိမ်းသွင်းပြီးလျှင် ပေါလုကို ကျောက်သီးနှင့် ပစ်၍ သီလားယာဟု စိတ်ထင်မှတ်သောကြောင့် မြို့ပြင်သို့ ဆွဲထုတ်ထားကြ၏။
ထိုမြို့သူမြို့သားအပေါင်းရို့သည် ကွဲပြားကာ တချို့သည် ယုဒလူမျိုးရို့ဖက်၌ လည်းကောင်း၊ တချို့သည် တမန်တော်ရို့ဖက်၌လည်းကောင်း နီကြ၏။
ထို့နောက် တချို့သော ယုဒလူမျိုးတိနှင့် တချို့သော အခြားလူမျိုးရို့သည် မိမိရို့၏ခေါင်းဆောင်တိနှင့် ပူပေါင်းကာ တမန်တော်တိကို ညှည်းဆဲရန်နှင့် ကျောက်သီးနှင့် ပစ်ရန်ဆုံးဖြတ်ချက် ချထားကြ၏။
သို့ရာတွင် ပေါလုသည် ဗေရိမြို့၌လည်း ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို ဟောပြောနိန်သည်ကို သက်သာလောနိတ်မြို့သား ယုဒလူမျိုးများက ကြားသိကြလျှင် သူရို့သည် ဗေရိမြို့သို့ ရောက်လာ၍ လူအပေါင်းရို့အား သွီးထိုး၍ ဆူပူမှုဖြစ်စီရန် လှုံ့ဆော်ကြ၏။
သို့ရာတွင် ယုဒလူမျိုးတချို့သည် မနာလို ဖြစ်ကြသဖြင့်၊ လမ်းကြိုလမ်းကြားမှ အသုံးမကျသော ဆိုးသောသူအချို့ကို စုစည်းကာ ရုန်းရင်းဆန်ခတ်ပြုကြရန် ဖန်တီးကြသည်ဖြစ်၍ တစ်မြို့လုံးသည် ရုတ်ရုတ်သဲသဲဖြစ်လျက်ဟိ၏။ သူရို့သည် ယာသုန်၏အိမ်ကို ဝင်၍ ပေါလုနှင့် သိလကို လူတိရှိ့သို့ ဆွဲထုတ်ရန် ရှာဖွီကာ တိုက်ခိုက်ကြ၏။
ဂါလျုန်ကို အခါယပြည်၏ ရောမဘုရင်ခံ မြှောက်လိုက်သောအခါ ယုဒလူမျိုးများသည် ကောရိန္သုမြို့သို့ စုရုံး၍ ရောက်လာကြပြီး ပေါလုကို ဖမ်းဆီး၍ တရားပလ္လင်ရှိ့သို့ ခေါ်ဆောင်လားကြ၏။
ညီအစ်ကိုမောင်နှမရို့၊ သင်ရို့သည် ယေသျှုခရစ်တော်၌တည်သော ယုဒပြည်ဟိ ဘုရားသခင်၏ အသင်းတော်များ၌ ဖြစ်ပျက်ခသည့်နည်းတူ သင်ရို့၌လည်း ဖြစ်ပျက်ခ၏။ ထိုသူရို့သည် ယုဒလူမျိုးရို့လက်၌ ညှည်းဆဲခြင်းကို ခံရသကဲ့သို့ သင်ရို့သည်လည်း မိမိလူမျိုး၏လက်တွင် ညှည်းဆဲခြင်းကို ခံခရကြ၏။