Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တမန်တော် 14:1 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

1 ပေါလုနှင့် ဗာနဗ သည် ဣကောနိမြို့သို့ ရောက်လျှင် ယခင်နည်းတူ ယုဒတရားဇရပ်သို့ လားရောက်၍ ဟောပြောကြသဖြင့်၊ ယုဒလူမျိုးများနှင့် တခြားလူမျိုးများစွာရို့သည် ယုံကြည်သူများ ဖြစ်လာကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




တမန်တော် 14:1
33 ပူးပေါင်းရင်းမြစ်များ  

သူမသည် တစ်ပါးအမျိုး၊ ယှုရိပြည် ဖိနိတ်နယ်သူ ဖြစ်၏။ မိမိ၏သမီးပါးမှ နတ်ဆိုးကို နှင်ထုတ်ပီးတော်မူခြင်းငှာ ကိုယ်တော်အား တောင်းပန်၏။


ပွဲတော်အတွင်း ဝတ်ပြုကိုးကွယ်ရန် ယေရုဆလင်မြို့သို့ လာကြသော လူထဲတွင် ဟေလသအမျိုးသား တချို့ပါ၏။


ယုဒအာဏာပိုင်ရို့က “ငါရို့ကို မတွိ့စီခြင်းငှာ ဤသူသည် ဇာအရပ်သို့ လားမည်နည်း။ ဤသူသည် ဟေလသမြို့များ၌ ကွဲလွင့်လျက်ဟိသော ငါရို့လူမျိုးပါးသို့ လားပြီး ဟေလသလူမျိုးရို့ကို ဩဝါဒပီး မည်လော။


သခင်ဘုရား၏တန်ခိုးတော်သည် သူရို့နှင့်အတူ ဟိသောကြောင့် များစွာသောသူရို့သည် ယုံကြည်ခြင်းသို့ ရောက်ကြပြီးလျှင် သခင်ဘုရားထံသို့ ပြောင်းလဲလာကြ၏။


လူအပေါင်းရို့သည် ဝတ်ပြုစည်းဝေးပွဲမှ ထွက်ခွာလားကြပြီးနောက် ယုဒလူမျိုးတိနှင့် ယုဒဘာသာဝင်အဖြစ်သို့ ခံယူထားကြသော တခြားလူမျိုးများစွာရို့သည် ပေါလုနှင့် ဗာနဗ၏ နောက်သို့ လိုက်ပါလားကြ၏။ တမန်တော်တိက သူရို့အား ပြောဆို၍ ဘုရားသခင်၏ ကျေးဇူးတော်၌ အစဉ်အမြဲ ရှင်သန်ကြရန် သူရို့ကို အားပီးတိုက်တွန်းကြ၏။


ထိုအခါ ပေါလုနှင့် ဗာနဗ ရို့က “ငါရို့သည် သင်ရို့အား ဘုရားသခင်၏ နှုတ်ကပတ်တော်ကို အဦးဆုံး ပြောပြလိုပါ၏။ သို့သော်လည်း သင်ရို့သည် ထာဝရအသက်ကို တန်ဖိုးမထားဘဲ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ငြင်းပယ်ကြသောကြောင့် ငါရို့သည် သင်ရို့ကို ထားခပြီးလျှင် အခြားလူမျိုးတိပါးသို့ ခရီးဆက်ကြရမည်ဟု ရဲရင့်ပြတ်သားစွာ ထုတ်ဖော်ပြောဆိုကြလေ၏။


သူရို့သည် ယှာလမိမြို့သို့ ရောက်ကြသောအခါ ယုဒလူမျိုးရို့၏ တရားဇရပ်များ၌ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဟောပြောကြ၏။ ယောဟန် မာကု သည်လည်း သူရို့ကို အလုပ်ကူညီခြင်းငှာ သူရို့နှင့်အတူ လိုက်လာ၏။


တမန်တော်တိကလည်း ထိုသူရို့ကို ဆန့်ကျင်သောအားဖြင့် မိမိရို့၏ ခြီဖဝါး၌ ကပ်နိန်သော မြီမှုန့်ကို ခါချပြီးလျှင် ဣကောနိမြို့သို့ ခရီးဆက်ကြ၏။


သို့ရာတွင် ပိသိဒိပြည် အန္တိအုတ်မြို့နှင့် ဣကောနိမြို့မှ ရောက်လာကြသော ယုဒလူမျိုးတချို့သည် လူစုလူဝေးကြီးကို မိမိဖက်သို့ ပါအောင် စည်းရုံးသိမ်းသွင်းပြီးလျှင် ပေါလုကို ကျောက်သီးနှင့် ပစ်၍ သီလားယာဟု စိတ်ထင်မှတ်သောကြောင့် မြို့ပြင်သို့ ဆွဲထုတ်ထားကြ၏။


သို့ရာတွင် ယုံကြည်ခြင်းကို ငြင်းပယ်သော ယုဒလူမျိုးတိက ယုံကြည်သူတိအား ဆန့်ကျင်တိုက်ခိုက်ရန် တခြားလူမျိုးရို့၏ စိတ်ကို လှုံ့ဆော်ပီးကြ၏။


ပေါလုနှင့် ဗာနဗ ရို့သည် ဒေရဗေမြို့၌ သတင်းကောင်းတရားတော်မြတ်ကို ဟောပြောကြပြီးနောက် များစွာသောသူရို့သည် တပည့်တော်များဖြစ်လာကြ၏။ ထို့နောက် လုတ္တရမြို့၊ ဣကောနိမြို့နှင့် ပိသိဒိပြည် အန္တိအုတ်မြို့သို့ ပြန်လားခလေ၏။


ပေါလုသည် ဒေရဗေမြို့သို့ ခရီးထွက်လာခပြီး တိမောသေ ဟုခေါ်သော တပည့်တော်တစ်ယောက် နီထိုင်သည့် လုတ္တရမြို့သို့ ရောက်လာ၏။ ထိုသူ၏အမိသည် ယုဒလူမျိုး ယုံကြည်သူ တစ်ယောက်ဖြစ်ပြီး သူ၏အဖသည်ကား၊ ဟေလသလူမျိုးဖြစ်၏။


လုတ္တရမြို့နှင့် ဣကောနိမြို့၌ ဟိသော ယုံကြည်သူ အားလုံး၌ တိမောသေ၏ ဂုဏ်သတင်းသည် ကျော်ဇောလျက်ဟိ၏။


ထို့ကြောင့်၊ သူရို့အထဲမှ များစွာသောလူရို့သည် ယုံကြည်လာကြ၏။ များစွာသော အထက်တန်းလွှာ ဟေလသမိန်းမနှင့် ယောက်ျားရို့သည်လည်း ယုံကြည်လာကြ၏။


ထို့ကြောင့် သူသည် တရားဇရပ်၌ ယုဒလူမျိုးရို့အပြင် ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ကြသော တခြားလူမျိုးရို့နှင့် လည်းကောင်း၊ လူအများ စုဝေးရာအရပ်၌ နိ့တိုင်း တွိ့သမျှသော သူတိနှင့် လည်းကောင်း ဆွေးနွေးပြောဆိုခြင်းများ လုပ်ဆောင်လေ၏။


ထိုသူများအထဲမှ တချို့သည် ယုံကြည်လာကြသည်ဖြစ်၍ ပေါလုနှင့် သိလပါးသို့ လာရောက် ပေါင်းဖော်ကြ၏။ ဘုရားသခင်ကို ကိုးကွယ်ကြသော ဟေလသလူမျိုးအပေါင်းရို့နှင့် အမျိုးသမီးခေါင်းဆောင်ရို့လည်း ပါဝင်လာကြ၏။


ပေါလုသည် ယုဒနှင့် ဟေလသလူမျိုးတိကို ယုံကြည်လာကြစီရန် ဆွဲဆောင်သည့်အနေဖြင့် ဥပုသ်နိ့တိုင်း တရားဇရပ်၌ တရားဆွေးနွေးခြင်းများကို ကျင်းပလေ၏။


တရားဇရပ်မှူး ကရိပ္ပုသည် မိမိ၏အိမ်သူအိမ်သားအားလုံးနှင့် အတူတကွ သခင်ဘုရား၌ ယုံကြည်ကြလေ၏။ ထို့အပြင် တခြားသော ကောရိန္သုမြို့သူ မြို့သားများ များစွာရို့သည်လည်း သတင်းကောင်းတရားကို ကြားနာရကြသည်ဖြစ်၍ ယုံကြည်ခြင်းသို့ ရောက်ကြပြီးလျှင် ဗတ္တိဇံကို ခံကြလေ၏။


ဤသို့ဖြင့် နှစ်နှစ်ပတ်လုံး ဆွေးနွေးခြင်းကိုပြုရာ အာယှိပြည်တွင် နီထိုင်ကြသော ယုဒလူမျိုးရို့နှင့် တခြားလူမျိုးအပေါင်းရို့သည် သခင်ဘုရား၏ နှုတ်ကပတ်တရားတော်ကို ကြားနာရကြ၏။


ထိုအကြောင်းအရာများကို ဧဖက်မြို့၌ ဟိကြသော ယုဒလူရို့နှင့် ဟေလသ လူရို့သည် ကြားကြလျှင် သူရို့သည် ကြောက်ရွံ့ခြင်းသို့ ရောက်ကြ၍ အသျှင်ယေသျှု၏ နာမတော်ကို အလွန် ချီးမွမ်းကြကုန်၏။


ပေါလုသည် တရားဇရပ်သို့ ဝင်၍ ထိုနီရာ၌ လူရို့အား သုံးလပတ်လုံး ရဲ့ရင့်စွာ ဟောပြောလျက် ဘုရားသခင်၏ နိုင်ငံတော်အကြောင်းကို ထိုသူရို့ နားလည်သဘောပေါက်စီခြင်းငှာ ဆွေးနွေးနှီးနှောလေ၏။


ဘုရားသခင်ကိုလည်း ချီးမွမ်းပြီးလျှင် လူအပေါင်းရို့ရှိ့တွင် မျက်နှာပွင့်လန်းလျက် ဟိကြ၏။ သခင်ဘုရားသည်လည်း ကယ်တင်ခြင်းခံရသူရို့၏ အရီအတွက်ကို နိ့စဉ်နှင့်အမျှ တိုးပွားစီတော်မူ၏။


ငါသည် ယုဒလူမျိုးရို့နှင့် ဟေလသလူရို့အား မိမိရို့အပြစ်မှ နောင်တရ၍ ဘုရားသခင်ပါးသို့ လှည့်လာစီခြင်းငှာ လည်းကောင်း၊ အသျှင်ယေသျှုကို ယုံကြည်ကြစီခြင်းငှာ လည်းကောင်း လေးနက်စွာ သတိပီးခ၏။


သူရို့က “ဣသရေလအမျိုးသားရို့၊ အကျွန်ရို့ကို ကူမကြပါ။ ဤသူသည် လားသောနီရာတိုင်းမှာ ငါရို့လူမျိုးကို လည်းကောင်း၊ ပညတ်တရားနှင့် ဤအရပ်ကို လည်းကောင်း ဆန့်ကျင်ပြီး သွန်သင်နိန်သောသူ ဖြစ်ပါ၏။ ယခုလည်း ဤသူသည် သန့်ယှင်းသော ဌာနတော်ကို ညစ်ညူးစီရုံသာမက ဤဗိမာန်တော်ထဲကိုလည်း တခြားလူမျိုးတချို့ကို ခေါ်သွင်းလီယာ” ဟု ဟစ်အော်ကြ၏။


ထိုသူသည် ချက်ချင်းပင် တရားဇရပ်များသို့ လား၍ ယေသျှုသည် ဘုရားသခင်၏ သားတော်ဖြစ်ကြောင်း စတင်၍ ဟောပြောလေ၏။


ငါသည် သတင်းကောင်းတရားတော်၌ ယုံကြည်ခြင်း အပြည့်ဟိပါ၏၊ အကြောင်းမူကား၊ ဤတရားသည် ရှီးဦးစွာ၌ ယုဒလူ၊ ထို့နောက် တခြားလူမျိုးတိနှင့်တကွ ယုံကြည်သူအားလုံးကို ကယ်တင်ခြင်းပီးနိုင်သော ဘုရားသခင်၏တန်ခိုးတော် ဖြစ်သောကြောင့် ဖြစ်၏။


ယုဒလူမျိုး၊ တခြားလူမျိုးဟူ၍ ခွဲခြားမှုမဟိ၊ ဘုရားသခင်သည် လူအားလုံး၏အသျှင်သခင် ဖြစ်တော်မူ၍ ကိုယ်တော်၌ ဆုတောင်းသမျှ သောသူတိအား ကောင်းကြီးမင်္ဂလာများကို ကြွယ်ဝစွာ ချပီးတော်မူ၏။


ငါ၏ အပေါင်းဖော်ဖြစ်သော တိတုသည် ဂရိလူမျိုးဖြစ်လျက်ပင် အရီဖျားလှီးခြင်းကိုခံရန် အတင်းအကြပ် မခံယူစီ။


သို့ဖြစ်၍ ယုဒလူမျိုးနှင့် တခြားလူမျိုး ဟူ၍ မဟိ၊ ကျွန်နှင့် လွတ်လပ်သူ ဟူ၍ မဟိ၊ ယောက်ျားနှင့် မိန်းမ ဟူ၍ မဟိ။ သင်ရို့အားလုံးသည် ခရစ်တော်ယေသျှု၌ တစ်လုံးတစ်ဝတည်း ဖြစ်ကြ၏။


ထို့သို့ ဖန်ဆင်းပြုပျင်ရာ၌ တခြားလူမျိုးတိနှင့် ယုဒလူမျိုးတိ၊ အရီဖျားလှီးထားသောသူနှင့် အရီဖျားမလှီးထားသောသူ၊ မယဉ်ကျေးသောသူ၊ လူရိုင်းများ၊ ကျွန်များနှင့် ကျွန်မဟုတ်သောသူ ဟူ၍မဟိ။ ခရစ်တော်သည် အလုံးစုံ၌ ဟိတော်မူ၍ အလုံးစုံ ဖြစ်တော်မူ၏။


ငါခံခရသည့် ညှည်းပန်းနှိပ်စက်ခြင်းနှင့် ဒုက္ခဆင်းရဲခြင်းများကို လေ့လာသိမှတ်ထားပြီးဖြစ်ပေ၏။ အန္တိအုတ်မြို့၊ ဣကောနိမြို့နှင့် လုတ္တိရမြို့များတွင် ငါ၌ ဖြစ်ခသမျှအားလုံးကို သင်သိပေ၏။ ထို့အပြင် လုတ္တရမြို့၌ ငါ ကြံ့ကြံ့ခံခသည့် ကြောက်မက်ဖွယ်ရာ ညှည်းပန်းနှိပ်စက်ခြင်းကိုလည်း သင်သိပေ၏။ ဤသို့ ခံခရသော်လည်း သခင်ဘုရားသည် ထိုဒုက္ခအားလုံးမှ ငါ့ကို ကယ်နှုတ်တော်မူခ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ