Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တမန်တော် 13:6 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

6 သူရို့သည် တစ်ကျွန်းလုံးကို လှည့်လည်ကြပြီးမှ ပါဖုမြို့သို့ ရောက်ကြ၏။ ထိုမြို့၌ သူရို့သည် မိမိကိုမိမိ ပရောဖက်တစ်ပါးဟု ကြွေးကြော်နိန်သည့် ယုဒလူမျိုး ဗာယေသျှုဟု ခေါ်သော မှော်ဆရာတစ်ယောက်နှင့် တွိ့ဆုံကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




တမန်တော် 13:6
24 ပူးပေါင်းရင်းမြစ်များ  

ယေသျှုကလည်း “ယောန၏သား၊ သျှိမုန် သင်သည် မင်္ဂလာဟိ၏။ အကြောင်းမူကား ဤအမှန်တရားသည် လူအားဖြင့်မဟုတ်၊ ကောင်းကင်ဘုံ၌ဟိတော်မူသော ငါ၏အဖသည် သင့်အား တိုက်ရိုက် ဖော်ပြတော်မူခြင်းဖြစ်၏။”


အကြောင်းမူကား မေသျှိယအယောင်ဆောင်တိ၊ ပရောဖက်အယောင်ဆောင်တိ ပေါ်လာ၍ ဖြစ်နိုင်လျှင် ရွီးကောက်ထားသောသူတိကိုပင် လှည့်ဖျားနိုင်ခြင်းငှာ အံ့ဩဖွယ်ရာများ၊ ကြီးမားသောနိမိတ်လက္ခဏာများကို ပြကတ်လိမ့်မည်။


“မိစ္ဆာပရောဖက်တိကို သတိထားကတ်ပါ။ သူရို့သည် အတွင်း၌ ကြမ်းတမ်းသောမြီခွီး ဖြစ်သော်လည်း အပြင်ဖက်က သိုးကဲ့သို့ အယောင်ဆောင်၍ သင်ရို့ပါးကို လာကြလိမ့်မည်။


ကိုယ်တော်နှင့် တပည့်တော်ရို့သည် ယေရိခေါမြို့သို့ ရောက်ကြ၏။ ထို့နောက် များစွာသော လူရို့နှင့်တကွ ထိုမြို့မှ ထွက်ကြွတော်မူစဉ် တိမဲ၏သား ဗာတိမဲဆိုသူ မျက်မမြင် သူတောင်းစားတစ်ယောက်သည် လမ်းနားတွင် ထိုင်နိန်၏။


ပေါလုနှင့် သူ၏အပေါင်းအဖော်များသည် ပါဖုမြို့မှ ရွက်ရွှင့်၍ လာကြရာ ပမ်ဖုလိပြည် ပေရဂံမြို့သို့ ရောက်ကြ၏။ ယောဟန်သည် သူရို့ကို ထိုနီရာ၌ ထားခပြီးလျှင် ယေရုဆလင်မြို့သို့ ပြန်လာလေ၏။


သို့ရာတွင် ကျွန်းပိုင်မင်းကို ယုံကြည်ခြင်းမှ လမ်းလွဲစီရန် ကြိုးစားသည့် ဟေလသဘာသာ စကားအားဖြင့် ဧလုမဟု ခေါ်သော ထိုမှော်ဆရာသည် တမန်တော်တိကို ဟန့်တားလေ၏။


ထိုသူရို့သည် စစ်မှန်သော တမန်တော်များ မဟုတ်၊ မှားယွင်းသောတမန်တော်များသာ ဖြစ်ကြ၏။ မိမိကိုယ်ကို ခရစ်တော်၏ စစ်မှန်သော တမန်တော်တိ ဖြစ်ယောင်ဆောင်လျက် လှည့်စားသောသူများဖြစ်၏။


ယန္နေနှင့် ယံဗြေရို့သည် မောသျှေကို ဆန့်ကျင်ခကြသည့်နည်းတူ ဤသူရို့သည်လည်း သမ္မာတရားကို ဆန့်ကျင်လျက်ဟိကြ၏။ သူရို့၏စိတ်နှလုံးသည် ပျက်စီးယိုယွင်းလျက် ဟိသောကြောင့် ယုံကြည်ခြင်းတရားကို ငြင်းပယ်ကြ၏။


အဆွီရို့၊ ဝိညာဉ်တော်ကို ခံယူရဟိသည်ဟု ပြောဆိုသောသူတိုင်းကို မယုံကြည်ကတ်ကေ့။ သူရို့ ခံယူရဟိသည်ဆိုသော ဝိညာဉ်တော်သည် ဘုရားသခင်ထံတော်မှ ဆင်းသက်လာသည့် ဝိညာဉ်တော် ဟုတ်မဟုတ် စစ်ဆေးကြလော့။ ဇာကြောင့်ဆိုသော် မိစ္ဆာပရောဖက်များသည် ဤလောကသို့ ရောက်နိန်ကြသောကြောင့် ဖြစ်၏။


သားရဲနှင့်တကွ သူ၏ရှိ့တွင် နိမိတ်လက္ခဏာများကိုပြသော မိစ္ဆာပရောဖက်သည် အဖမ်းခံရ၏။ ထိုမိစ္ဆာပရောဖက်သည်ကား သားရဲ၏အမှတ်တံဆိပ်ကို ခံယူ၍ သူ၏ရုပ်တုကို ရှိ့ခိုးသူရို့အား နိမိတ်လက္ခဏာများကို ပြခြင်းအားဖြင့် လိမ်လည်လှည့်ဖျားသောသူ ဖြစ်သတည်း။ ထိုသူနှစ်ယောက်စလုံးသည် အသက်ရှင်လျက်ပင် တောက်လောင်နိန်သော ကန့်နှင့်ရောသော မီးအိုင်ထဲသို့ ပစ်ချခြင်းကို ခံရကြ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ