Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တမန်တော် 13:5 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

5 သူရို့သည် ယှာလမိမြို့သို့ ရောက်ကြသောအခါ ယုဒလူမျိုးရို့၏ တရားဇရပ်များ၌ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဟောပြောကြ၏။ ယောဟန် မာကု သည်လည်း သူရို့ကို အလုပ်ကူညီခြင်းငှာ သူရို့နှင့်အတူ လိုက်လာ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




တမန်တော် 13:5
20 ပူးပေါင်းရင်းမြစ်များ  

သို့သော်လည်း သင်ရို့တွင် ဤသို့မဟုတ်၊ အကြီးအကဲ လုပ်ချင်သောသူသည် အားလုံး၏ အခိုင်းအစီဖြစ်ရမည်။


ပေတရုသည် မိမိရောက်နိန်သည့် နီရာကို သတိထားမိကာ ယောဟန် မာကု၏အမိ မာရိ အိမ်သို့ လားလေ၏။ ထိုအိမ်သည်ကား လူအများစုဝေးကာ ဆုတောင်းနိန်ကြသော နီရာဖြစ်၏။


ဗာနဗနှင့် သျှောလုသည်လည်း မိမိရို့၏ သာသနာပြုခြင်းအမှုကို ပြီးမြောက်ပြီဖြစ်သောကြောင့်၊ ယောဟန် မာကု ကို သူရို့နှင့်အတူ ခေါ်ဆောင်၍ ယေရုဆလင်မြို့မှ ပြန်လာကြလေ၏။


သူရို့သည် ပေရဂံမြို့မှ ထွက်လာပြီးနောက် ပိသိဒိပြည် အန္တိအုတ်မြို့သို့ ရောက်ကြပြီးလျှင် သူရို့သည် ဥပုသ်နိ့၌ တရားဇရပ်သို့ လားရောက်၍ ဝင်ထိုင်ကြလေ၏။


ထိုအခါ ပေါလုနှင့် ဗာနဗ ရို့က “ငါရို့သည် သင်ရို့အား ဘုရားသခင်၏ နှုတ်ကပတ်တော်ကို အဦးဆုံး ပြောပြလိုပါ၏။ သို့သော်လည်း သင်ရို့သည် ထာဝရအသက်ကို တန်ဖိုးမထားဘဲ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ငြင်းပယ်ကြသောကြောင့် ငါရို့သည် သင်ရို့ကို ထားခပြီးလျှင် အခြားလူမျိုးတိပါးသို့ ခရီးဆက်ကြရမည်ဟု ရဲရင့်ပြတ်သားစွာ ထုတ်ဖော်ပြောဆိုကြလေ၏။


ပေါလုနှင့် ဗာနဗ သည် ဣကောနိမြို့သို့ ရောက်လျှင် ယခင်နည်းတူ ယုဒတရားဇရပ်သို့ လားရောက်၍ ဟောပြောကြသဖြင့်၊ ယုဒလူမျိုးများနှင့် တခြားလူမျိုးများစွာရို့သည် ယုံကြည်သူများ ဖြစ်လာကြ၏။


ဗာနဗက ယောဟန် မာကု ကို သူရို့နှင့်အတူ လိုက်စီလို၏။


ထို့ကြောင့် သူသည် တရားဇရပ်၌ ယုဒလူမျိုးရို့အပြင် ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ကြသော တခြားလူမျိုးရို့နှင့် လည်းကောင်း၊ လူအများ စုဝေးရာအရပ်၌ နိ့တိုင်း တွိ့သမျှသော သူတိနှင့် လည်းကောင်း ဆွေးနွေးပြောဆိုခြင်းများ လုပ်ဆောင်လေ၏။


ပေါလုသည် ယုဒနှင့် ဟေလသလူမျိုးတိကို ယုံကြည်လာကြစီရန် ဆွဲဆောင်သည့်အနေဖြင့် ဥပုသ်နိ့တိုင်း တရားဇရပ်၌ တရားဆွေးနွေးခြင်းများကို ကျင်းပလေ၏။


ထို့ကြောင့် သူသည် အာယှိပြည်၌ ကာလအတန် တည်းခိုနီစဉ်၊ မိမိအား အလုပ်အကျွေးပြုသောသူ တိမောသေနှင့် ဧရတ္တုရို့ကို မာကေဒေါနိပြည်သို့ စီရွှတ်လိုက်၏။


တစ်မြို့လုံး ရုန်းရင်းဆန်ခတ်ဖြစ်၍၊ လူအများရို့သည် ပေါလုနှင့်အတူ ခရီးလားဖော်တိဖြစ်သော မာကေဒေါနိပြည်သား ဂါယုနှင့် အာရိတ္တာခုရို့ကို ဖမ်းဆီး၍ ပွဲခံရာဇရပ်သို့ ဆွဲခေါ်လားကြ၏။


ပေါလုသည် တရားဇရပ်သို့ ဝင်၍ ထိုနီရာ၌ လူရို့အား သုံးလပတ်လုံး ရဲ့ရင့်စွာ ဟောပြောလျက် ဘုရားသခင်၏ နိုင်ငံတော်အကြောင်းကို ထိုသူရို့ နားလည်သဘောပေါက်စီခြင်းငှာ ဆွေးနွေးနှီးနှောလေ၏။


ထိုသူသည် ချက်ချင်းပင် တရားဇရပ်များသို့ လား၍ ယေသျှုသည် ဘုရားသခင်၏ သားတော်ဖြစ်ကြောင်း စတင်၍ ဟောပြောလေ၏။


ငါနှင့်အတူ ထောင်ကျခံနိန်ရသူ အာရိတ္တာခုနှင့် ဗာနဗ၏ ညီအစ်ကိုဝမ်းကွဲဖြစ်သောသူ မာကုသည် သင်ရို့ကို နှုတ်ဆက်လိုက်ပါ၏။ (မာကုသည် သင်ရို့ပါးသို့ ရောက်လာသောအခါ သူ့အား ကြိုဆိုလက်ခံကြရန် ညွှန်ကြားချက်များကို သင်ရို့ ရဟိထားပြီးဖြစ်၏။)


လုကာ လုံးချင်းတည်းသာ ငါနှင့် အတူဟိ၏၊ မာကုကို ရှာပြီး သင်နှင့်အတူ ခေါ်လာခ။ အကြောင်းမူကား သူသည် ငါ၏ အမှုတော်မြတ်၌ ကူညီနိုင်သူ ဖြစ်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ