တမန်တော် 13:43 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား43 လူအပေါင်းရို့သည် ဝတ်ပြုစည်းဝေးပွဲမှ ထွက်ခွာလားကြပြီးနောက် ယုဒလူမျိုးတိနှင့် ယုဒဘာသာဝင်အဖြစ်သို့ ခံယူထားကြသော တခြားလူမျိုးများစွာရို့သည် ပေါလုနှင့် ဗာနဗ၏ နောက်သို့ လိုက်ပါလားကြ၏။ တမန်တော်တိက သူရို့အား ပြောဆို၍ ဘုရားသခင်၏ ကျေးဇူးတော်၌ အစဉ်အမြဲ ရှင်သန်ကြရန် သူရို့ကို အားပီးတိုက်တွန်းကြ၏။ အခန်းကိုကြည့်ပါ။ |
တမန်တော်ရို့သည် သခင်ဘုရားအကြောင်းကို ရဲရင့်စွာဟောပြောလျက် ထိုနီရာ၌ အချိန်အတန်ကြာ တည်းခိုနိန်ခလေ၏။ အသျှင်ဘုရားကလည်း တမန်တော်တိအား နိမိတ်လက္ခဏာနှင့် အံဖွယ်သောအမှုအရာတိကို ပြနိုင်စီခြင်းငှာ တန်ခိုးပီးတော်မူသည်ဖြစ်၍ သူရို့ဟောပြောသော သတင်းကောင်းတရားသည် သခင်ဘုရား၏ကျေးဇူးတော် အမှန်ပင်ဖြစ်ကြောင်းကို သက်သီပြတော်မူ၏။
နီမောင်းသောအထည်များကို ရောင်းချသည့် လုဒိဟုခေါ်သော သွာတိရမြို့သူ တစ်ယောက်သည်လည်း ငါရို့ဟောပြောသော တရားကို ကြားနာကြသောသူရို့ထဲက တစ်ယောက်ဖြစ်၏။ သူမသည် ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်သော မိန်းမတစ်ယောက်ဖြစ်သည်နှင့်အညီ သခင်ဘုရားသည် ပေါလုဟောသော တရားကို အာရုံဝင်စားစီခြင်းငှာ ထိုမိန်းမ၏စိတ်နှလုံးကို ဖွင့်ပီးတော်မူ၏။
ထို့ကြောင့် သူရို့သည် ပေါလုကို ရက်ချိန်းပီးကြပြီး၊ ထိုနိ့ရက် ရောက်လာသောအခါ များစွာသောလူရို့သည် ပေါလုတည်းခိုရာသို့ ရောက်လာကြ၏။ ပေါလုကလည်း ထိုသူရို့အား မိုးထဖက်မှ စ၍ ညမိုးချုပ်သည်ထိတိုင်အောင် ဘုရားသခင်၏ နိုင်ငံတော်အကြောင်းကို ယှင်းပြဟောပြောလေ၏။ ယေသျှု၏ အကြောင်းကို နားလည်ယုံကြည်စီခြင်းငှာ မောသျှေ၏ပညတ္တိကျမ်းနှင့် ပရောဖက်ကျမ်းများမှ ကိုးကား၍ ကြိုးစားကာ ဟောပြောလေ၏။