30 သို့သော်လည်း ဘုရားသခင်သည် ကိုယ်တော့်ကို သီခြင်းမှ ထမြောက်စီတော်မူပြီးလျှင်
သူသည် ဤအရပ်၌ မဟိယာ၊ သူပြောထားခသည့်အတိုင်း သီခြင်းက ထမြောက်လားယာ၊ ဤနီရာသည် သူလဲလျောင်းနိန်ခသော နီရာ ဖြစ်၏၊ လာ၍ ကြည့်ကြလော့။
“ငါသည် ကိုယ့်အသက်ကို အလိုလျောက် စွန့်တော်မူသည့်အတိုင်း နောက်တဖန် အသက်ကို ပြန်ယူဦးမည် ဖြစ်သောကြောင့်၊ ခမည်းတော်သည် ငါ့ကို ချစ်တော်မူ၏။
ယေသျှုကလည်း “ဤဗိမာန်တော်ကို ဖြိုချလော့။ သုံးရက်အတွင်း၌ ပြန်၍ ငါတည်ဆောက်မည်” ဟု မိန့်တော်မူ၏။
သို့သော်လည်း ဘုရားသခင်သည် သုံးရက်မြောက်သောနိ့တွင် ထိုအသျှင်ကို သီခြင်းမှ ထမြောက်စီတော်မူပြီးလျှင် ကိုယ်ထင်ပြစီတော်မူခ၏။
ဘုရားသခင်သည် ယေသျှုကို သီခြင်းတရားက ထမြောက်စီခြင်းအားဖြင့် ထိုအဖိုးအဖီးရို့မှ ဆင်းသက်လာကြသော ငါရို့အတွက် ထိုဂတိတော်သည် ပြည့်စုံလာ၏။ ဆာလံကျမ်း၏ ဒုတိယအခန်း၌ ထိုကတိတော်အကြောင်းကို ရီးထားသည်မှာ၊ “ ‘သင်သည် ငါ၏သား ဖြစ်၏။ ဤနိ့၌ ငါသည်လည်း သင်၏အဖ ဖြစ်၏’ ဟူ၍ ဖြစ်လေ၏။
တဖန်ကိုယ်တော့်ကို သီခြင်းတရားက ထမြောက်တော်မူပြီး သင်္ချိုင်းတွင်း၌ ပုပ်ပျက်ခြင်းနှင့် အစဉ်ကင်းလွတ်စီမည့်အကြောင်း ဘုရားသခင် မိန့်တော်မူခသည်မှာ၊ ‘ငါသည် ဒါဝိဒ်အား ကတိပီးထားခသည့်အတိုင်း သန့်ယှင်းမြင့်မြတ်၍ စစ်မှန်သော ကောင်းကြီးမင်္ဂလာကို သင့်အား ပီးမည်’ ဟု ဆို၏။
သို့ရာတွင် ဘုရားသခင် သီခြင်းတရားက ထမြောက်စီတော်မူသော သူသည်ကား ပုပ်ပျက်ခြင်းသို့ မရောက်စီရ။
ဘုရားသခင်သည် သူရွီးချယ်ထားသော သူတစ်ယောက်အားဖြင့် လောကလူသားအာလုံးကို ဖြောင့်မတ်ခြင်း တရားတော်နှင့်အညီ တရားစီရင်မည့် နိ့ရက်ကို သတ်မှတ်ထားပြီးဖြစ်၏။ ထိုသူကို အသီခံခြင်းမှ ရှင်ပြန်ထမြောက် စီတော်မူသောအားဖြင့် လူတိုင်းအား ဤသက်သီကို ပြတော်မူပြီးပြီ” ဟု ပေါလုက ဟောပြောလေ၏။
သို့သော်လည်း ဘုရားသခင်သည် ထိုအသျှင်ကို သီခြင်းတရားမှ ထမြောက်စီတော်မူပြီး သီခြင်းတရား၏တန်ခိုးမှ လွတ်မြောက်စီတော်မူ၏။ ဇာကြောင့်ဆိုသော် သီခြင်းတရားသည် ထိုအသျှင်ကို အစဉ်အမြဲ ချုပ်နှောင်ထား၍ မရနိုင်။
ဘုရားသခင်က ထိုအသျှင်ယေသျှုအား သီခြင်းတရားမှ ထမြောက်စီတော်မူကြောင်းကို ငါရို့အားလုံးသည် ထိုအကြောင်းရင်း၏ သက်သီပင်ဖြစ်ကြ၏။
ငါရို့အဖိုးအဖီးတိ၏ဘုရား၊ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်ရို့၏ ဘုရားသခင်သည် မိမိ၏အခိုင်းအစီ ယေသျှုအား ဘုန်းတန်ခိုးတော်ကို ပီးတော်မူခယာ။ သင်ရို့သည် ထိုအသျှင်ကို အာဏာဟိသောသူတိလက်၌ အပ်သော်လည်း သူ့ကို လွှတ်ပီးရန် ဆုံးဖြတ်ထားသော ပိလတ်၏ ရှိ့တော်၌ ငြင်းပယ်ခကြ၏။
ထို့ကြောင့် အသက်ကို ပီးပိုင်သောသူကို ကွပ်မျက်လိုက်ကြ၏။ သို့သော် ဘုရားသခင်သည် ထိုသခင်ကို သီခြင်းတရားမှ ရှင်ပြန်ထမြောက်တော်၏။ ငါရို့သည် ထိုအကြောင်းအရာ၏ သက်သီဖြစ်ကြ၏။
ထို့ကြောင့် သင်ရို့တစ်ယောက်စီတိုင်းသည် မတရားသောလမ်းမှ နောင်တရခြင်းအားဖြင့် ကောင်းကြီးမင်္ဂလာကို ခံစားကြစီရန် ဘုရားသခင် ရွီးချယ်ထားသော မိမိအခိုင်းအစီအား သင်ရို့ပါးသို့ အဦးဆုံး စီရွှတ်တော်မူသည်” ဟု ဟောပြောလေ၏။
သင်ရို့သည် လက်ဝါးကပ်တိုင်ထက်၌ တင်၍ သတ်လိုက်ပြီး ဘုရားသခင်က ရှင်ပြန်ထမြောက်စီတော်မူသော နာဇရက်မြို့သား ယေသျှုခရစ်တော်၏ နာမတော်တန်ခိုးတော်အားဖြင့် ထိုသူသည် လုံးဝ ခြီသန်စွမ်းလာပြီးလျှင် အဂု သင်ရို့ရှိ့၌ ရပ်နိန်သည်ကို သင်ရို့နှင့်အတူ ဣသရေလလူမျိုးအပေါင်းရို့ သိအပ်ပေ၏။
ထာဝရပဋိညာဉ် အသွီးတော်ဖြင့် သိုးများ၏ကြီးမြတ်သော သိုးထိန်းဖြစ်တော်မူသော ငါရို့၏ အသျှင်ယေသျှုကို သီဆုံးခြင်းမှ ထမြောက်စီတော်မူသော ငြိမ်သက်ခြင်း၏အသျှင် ဘုရားသခင်သည်၊