Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တမန်တော် 13:14 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

14 သူရို့သည် ပေရဂံမြို့မှ ထွက်လာပြီးနောက် ပိသိဒိပြည် အန္တိအုတ်မြို့သို့ ရောက်ကြပြီးလျှင် သူရို့သည် ဥပုသ်နိ့၌ တရားဇရပ်သို့ လားရောက်၍ ဝင်ထိုင်ကြလေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




တမန်တော် 13:14
13 ပူးပေါင်းရင်းမြစ်များ  

ထို့နောက် ယေသျှုသည် မိမိကြီးပြင်းရာ နာဇရက်မြို့သို့ ကြွတော်မူပြီးလျှင် ဥပုသ်နိ့၌ ထုံးစံဟိသည်အတိုင်း တရားဇရပ်သို့ ဝင်တော်မူ၏။ ကိုယ်တော်သည် ကျမ်းစာကို ဖတ်ခြင်းငှာ ထတော်မူလျှင်၊


ပေါလုနှင့် ဗာနဗသည် တရားဇရပ်မှ ထွက်ခွာလာကြစဉ်တွင် လူများက ဤအကြောင်းအရာများကို သူရို့အား နောက်တစ်ပတ် ဥပုသ်နိ့တွင် ဤထက်မက ဟောကြားပီးပါရန် တောင်းပန်ကြ၏။


နောက်တစ်နိ့ ဥပုသ်နိ့တွင် မြို့လုံးကျွတ်နီးပါးသော လူများစွာရို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်ကို ကြားနာခြင်းငှာ ရောက်လာကြလေ၏။


ထိုအခါ ပေါလုနှင့် ဗာနဗ ရို့က “ငါရို့သည် သင်ရို့အား ဘုရားသခင်၏ နှုတ်ကပတ်တော်ကို အဦးဆုံး ပြောပြလိုပါ၏။ သို့သော်လည်း သင်ရို့သည် ထာဝရအသက်ကို တန်ဖိုးမထားဘဲ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ငြင်းပယ်ကြသောကြောင့် ငါရို့သည် သင်ရို့ကို ထားခပြီးလျှင် အခြားလူမျိုးတိပါးသို့ ခရီးဆက်ကြရမည်ဟု ရဲရင့်ပြတ်သားစွာ ထုတ်ဖော်ပြောဆိုကြလေ၏။


သူရို့သည် ယှာလမိမြို့သို့ ရောက်ကြသောအခါ ယုဒလူမျိုးရို့၏ တရားဇရပ်များ၌ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဟောပြောကြ၏။ ယောဟန် မာကု သည်လည်း သူရို့ကို အလုပ်ကူညီခြင်းငှာ သူရို့နှင့်အတူ လိုက်လာ၏။


သို့ရာတွင် ပိသိဒိပြည် အန္တိအုတ်မြို့နှင့် ဣကောနိမြို့မှ ရောက်လာကြသော ယုဒလူမျိုးတချို့သည် လူစုလူဝေးကြီးကို မိမိဖက်သို့ ပါအောင် စည်းရုံးသိမ်းသွင်းပြီးလျှင် ပေါလုကို ကျောက်သီးနှင့် ပစ်၍ သီလားယာဟု စိတ်ထင်မှတ်သောကြောင့် မြို့ပြင်သို့ ဆွဲထုတ်ထားကြ၏။


ဥပုသ်နိ့၌ ငါရို့သည် ယုဒလူမျိုးများ ဆုတောင်းရန် စုဝေးကြသည့် နီရာတစ်ခု ဟိလိမ့်မည်ဟု စိတ်အထင်ဖြင့် မြို့အပြင်ဖက် မြစ်နားသို့ ထွက်လာကြ၏။ ငါရို့သည် ထိုနီရာ၌ ဝင်ထိုင်ကြပြီးလျှင် စုဝေးနိန်ကြသော မိန်းမတိအား ဟောပြောလေ၏။


ပေါလုသည် မိမိပြုလေ့ဟိသည့်အတိုင်း တရားဇရပ်သို့ လား၍ ခရစ်တော်သည် ဒုက္ခဝေဒနာကို ခံယူပြီးမှ အသီခံခြင်းက ထမြောက်တော်မူမည့်အကြောင်းကို ကျမ်းစာကို အမှီပြု၍ ယှင်းပြပြီး ဥပုသ် သုံးပတ်တိုင်တိုင် လူတိနှင့် ဆွေးနွေးလေ၏။ ပေါလုက “ငါသည် သင်ရို့အား ဟောပြောနိန်သော ယေသျှုသည်ကား ကယ်တင်သျှင်ဖြစ်၏” ဟူ၍ ဆိုလေ၏။


ပေါလုသည် ယုဒနှင့် ဟေလသလူမျိုးတိကို ယုံကြည်လာကြစီရန် ဆွဲဆောင်သည့်အနေဖြင့် ဥပုသ်နိ့တိုင်း တရားဇရပ်၌ တရားဆွေးနွေးခြင်းများကို ကျင်းပလေ၏။


ပေါလုသည် တရားဇရပ်သို့ ဝင်၍ ထိုနီရာ၌ လူရို့အား သုံးလပတ်လုံး ရဲ့ရင့်စွာ ဟောပြောလျက် ဘုရားသခင်၏ နိုင်ငံတော်အကြောင်းကို ထိုသူရို့ နားလည်သဘောပေါက်စီခြင်းငှာ ဆွေးနွေးနှီးနှောလေ၏။


ထိုသူသည် ချက်ချင်းပင် တရားဇရပ်များသို့ လား၍ ယေသျှုသည် ဘုရားသခင်၏ သားတော်ဖြစ်ကြောင်း စတင်၍ ဟောပြောလေ၏။


ငါခံခရသည့် ညှည်းပန်းနှိပ်စက်ခြင်းနှင့် ဒုက္ခဆင်းရဲခြင်းများကို လေ့လာသိမှတ်ထားပြီးဖြစ်ပေ၏။ အန္တိအုတ်မြို့၊ ဣကောနိမြို့နှင့် လုတ္တိရမြို့များတွင် ငါ၌ ဖြစ်ခသမျှအားလုံးကို သင်သိပေ၏။ ထို့အပြင် လုတ္တရမြို့၌ ငါ ကြံ့ကြံ့ခံခသည့် ကြောက်မက်ဖွယ်ရာ ညှည်းပန်းနှိပ်စက်ခြင်းကိုလည်း သင်သိပေ၏။ ဤသို့ ခံခရသော်လည်း သခင်ဘုရားသည် ထိုဒုက္ခအားလုံးမှ ငါ့ကို ကယ်နှုတ်တော်မူခ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ