တမန်တော် 11:26 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား26 သျှောလုကို တွိ့သောအခါ အန္တိအုတ်မြို့သို့ ခေါ်လာပြီး၊ သူရို့နှစ်ယောက်သည် တစ်နှစ်ပတ်လုံး အသင်းတော်နှင့်အတူ နီထိုင်လျက် များစွာသောသူတိကို ဆုံးမသြဝါဒ ပီးကြ၏။ ယုံကြည်သူတိကို ခရစ်ယာန်ဟု အန္တိအုတ်မြို့၌ အစပြု၍ ခေါ်ဝေါ်ကြလေ၏။ အခန်းကိုကြည့်ပါ။ |
ထို့နောက် အာပေါလုက အခါယနယ်သို့ လားရန် ဆုံးဖြတ်လိုက်သောကြောင့် ဧဖက်မြို့မှ ယုံကြည်သူများက အခါယနယ်မှာ ဟိကြသော ယုံကြည်သူများထံသို့ သူ့အား ကြိုဆိုလက်ခံကြစီခြင်းငှာ တိုက်တွန်းစာရီး၍ ထိုသူကို ကူညီလိုက်ကြ၏။ အာပေါလု ရောက်လားသောအခါ သူသည် ဘုရားသခင်၏ကျေးဇူးတော်အားဖြင့် ယုံကြည်သူ ဖြစ်လာကြသောသူများအတွက် ကြီးမားသော အကူအညီတစ်ခု ဖြစ်လေ၏။
ဤအကြောင်းကြောင့် ငါသည် တိမောသေအား သင်ရို့ပါးသို့ ရွှတ်လိုက်၏။ သူသည် သခင်ဘုရား၌ ငါ နှစ်သက်မြတ်နိုးပြီးလျှင် သစ္စာဟိသော သားပင်ဖြစ်၏။ ခရစ်တော်ယေသျှုနောက်ကို ငါ ဇာပိုင်လိုက်လျှောက်သည် ကိုလည်းကောင်း၊ အရပ်ရပ်၌ဟိသော အသင်းတော်အပေါင်းရို့အား ငါဟောပြောသွန်သင်ခသော အရာတိကိုလည်းကောင်း သူသည် သင်ရို့အား သတိရစီပါလိမ့်မည်။
သို့ရာတွင် သင်ရို့အတွက်ကား ခရစ်တော်သည် မိမိ၏ ဝိညာဉ်တော်ကို သင်ရို့၌ သွန်းလောင်းတော်မူယာ။ ကိုယ်တော်၏ ဝိညာဉ်တော်သည် သင်ရို့အထဲ၌ ကိန်းဝပ်တော်မူသမျှကာလပတ်လုံး သင်ရို့အား မည်သူကမျှ သွန်သင်ပီးစရာ မလို။ အကြောင်းမူကား ကိုယ်တော်၏ ဝိညာဉ်တော်သည် သင်ရို့အား ခပ်သိမ်းသောအမှုအရာတိကို သွန်သင်ပီးတော်မူသောကြောင့် ဖြစ်၏။ ဝိညာဉ်တော်၏ သွန်သင်တော်မူချက်သည် မှန်ကန်သည်ဖြစ်၍ အမှားဟူ၍ မဟိ။ ထို့ကြောင့် သင်ရို့သည် ဝိညာဉ်တော်၏ သွန်သင်မှုအတိုင်း နာခံလိုက်လျှောက်၍ ခရစ်တော်နှင့် တစ်လုံးတစ်ဝတည်း တည်နိန်ကြလော့။