Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တမန်တော် 11:18 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

18 သူရို့သည် ပေတရု၏စကားကို ကြားကြသောအခါ ပြစ်တင်ဝေဖန်ခြင်းကို ရပ်ကြပြီးလျှင် “ဘုရားသခင်သည် လူမျိုးခြားတိကိုလည်း နောင်တရ၍ အသက်ရှင်ရန် အခွင့်ထူးကို ပီးတော်မူယာ” ဟု ဆို၍ ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်းကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




တမန်တော် 11:18
33 ပူးပေါင်းရင်းမြစ်များ  

လူတိက ဤအရာကို မြင်ကြသောခါ အလွန်ကြောက်ရွံ့ကြ၏။ ဤသို့သော အခွင့်အာဏာကို လူတိအား ပီးတော်မူသော ဘုရားသခင်၏ဂုဏ်တော်ကို ချီးမွမ်းကြ၏။


တခြားလူမျိုးတိလည်း ဘုရားသခင်၏နှုတ်ကပတ်တော် ခံယူကြသည်ကို ယုဒပြည်၌ ဟိကြသော တမန်တော်များနှင့် တခြားသော ယုံကြည်သူများသည်လည်း ကြားသိကြလေ၏။


သူရို့သည် အန္တိအုတ်မြို့သို့ ရောက်ကြသောအခါ အသင်းတော်၌ ဟိသောသူတိကို အတူတကွ စုဝေး၍ ဘုရားသခင်သည် သူရို့နှင့်အတူ ပြုတော်မူခသော အမှုအရာတိကိုလည်းကောင်း၊ လူမျိုးခြားတိ ယုံကြည်လာကြစီရန် ဘုရားသခင်က ဇာပိုင် လမ်းဖွင့်ပီးခသည်ကို လည်းကောင်း သူရို့အား ပြောပြကြ၏။


အသင်းတော်က သူရို့ကို ပို့ဆောင်ပီးသဖြင့် သူရို့သည် ဖိနိတ်ပြည်နှင့် ယှာမာရိပြည်ကို လျှောက်လားကြစဉ်တွင် လူမျိုးခြားတိ ဘုရားသခင်ထံသို့ ဇာပိုင် ပြောင်းလဲကြပုံကို ပြောပြကြသဖြင့် ယုံကြည်သူတိအားလုံး အလွန်ဝမ်းမြောက်ကြ၏။


ငါသည် ယုဒလူမျိုးရို့နှင့် ဟေလသလူရို့အား မိမိရို့အပြစ်မှ နောင်တရ၍ ဘုရားသခင်ပါးသို့ လှည့်လာစီခြင်းငှာ လည်းကောင်း၊ အသျှင်ယေသျှုကို ယုံကြည်ကြစီခြင်းငှာ လည်းကောင်း လေးနက်စွာ သတိပီးခ၏။


ထိုသို့ တင်ပြသမျှကို ကြားပြီးသည့်နောက်၊ သူရို့အားလုံးသည် ဘုရားသခင်အား ချီးမွမ်းကြ၏။ ထို့နောက် သူရို့အပေါင်းက “ညီအစ်ကို ပေါလု၊ သင်မြင်သည့်အတိုင်း ထောင်ပေါင်းများစွာသော ယုဒလူများသည် ယုံကြည်သူများ ဖြစ်လာကြပြီး ထိုသူအပေါင်းရို့သည်လည်း ပညတ်တရားကို ဆည်းကပ်စွဲလန်းသောသူတိ ဖြစ်ကြ၏။


သို့ဖြစ်၍ ဘုရားသခင်သည် သင်ရို့၏ အပြစ်တိကို လွှတ်ပီးစီရန် နောင်တရ၍ ပြောင်းလဲကြလော့။ ထိုသို့ပြုလျှင်၊


ထို့ကြောင့် သင်ရို့တစ်ယောက်စီတိုင်းသည် မတရားသောလမ်းမှ နောင်တရခြင်းအားဖြင့် ကောင်းကြီးမင်္ဂလာကို ခံစားကြစီရန် ဘုရားသခင် ရွီးချယ်ထားသော မိမိအခိုင်းအစီအား သင်ရို့ပါးသို့ အဦးဆုံး စီရွှတ်တော်မူသည်” ဟု ဟောပြောလေ၏။


ဘုရားသခင်သည် ဣသရေလလူမျိုးရို့၏ အပြစ်တိကို နောင်တရခြင်းနှင့် အပြစ်ခွင့်ရွှတ်ခြင်းကို ပီးသနားတော်မူရန် ထိုအသျှင်ကို ကယ်တင်သျှင်နှင့် အုပ်စိုးပိုင်သောအသျှင်အဖြစ် မိမိလက်ယာဖက်၌ ချီးမြှောက်တော်မူခယာ။


ထို့ကြောင့်၊ ဘုရားသခင်နှင့် မှန်ကန်ခြင်းငှာ မကြိုးစား၊ အားမထုတ်သော တခြားလူမျိုးရို့သည် ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်နှင့် မှန်ကန်သောတရားကို ရကြ၏ဟု ငါရို့ ပြောဆိုခြင်းဖြစ်၏။


ငါရို့အားလုံးသည် မျက်နှာကို မဖုံးအုပ်ဘဲ ဘုရားသခင်၏ ဘုန်းတန်ခိုးတော်သည် ထင်ဟပ်လျက် ဟိကြ၏။ ထိုဘုန်းတန်ခိုးတော်သည် သခင်ဘုရားထံမှ လာသော ဝိညာဉ်တော်ဖြစ်၏။ ထိုဝိညာဉ်တော်သည် ကြီးစွာသော ဘုန်းတန်ခိုးတော်၌ ကိုယ်တော်၏ ပုံသဏ္ဌာန်တော်နှင့်အညီ ငါရို့ကို ပြောင်းလဲစီတော်မူ၏။


အကြောင်းမူကား ဘုရားသခင် အလိုတော်နှင့်ညီသော ဝမ်းနည်းခြင်းသည် ကယ်တင်ခြင်းကို ရစီသည့် နောင်တစိတ်ကို ဖြစ်ပေါ်စီတတ်၏။ ထို့ကြောင့် ဝမ်းနည်းမိသည့်အတွက် စိတ်မကောင်းမဖြစ်သင့်။ သို့ရာတွင် လောကီ ဝမ်းနည်းခြင်းသည်ကား သီဆုံးခြင်းကို ဖြစ်စီတတ်၏။


သို့ဖြစ်၍ သူရို့သည် ငါ့ကြောင့် ဘုရားသခင်ကို ချီးမွမ်းကြလေ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ