1 တခြားလူမျိုးတိလည်း ဘုရားသခင်၏နှုတ်ကပတ်တော် ခံယူကြသည်ကို ယုဒပြည်၌ ဟိကြသော တမန်တော်များနှင့် တခြားသော ယုံကြည်သူများသည်လည်း ကြားသိကြလေ၏။
ဟေရုဒ်မင်းကြီး နန်းစံကာလ၊ ယုဒပြည် ဗက်လင်မြို့၌ ယေသျှုကို ဖွားမြင်ခလေ၏။ ဖွားမြင်တော်မူပြီးနောက် အရှိ့အရပ်မှ နက္ခတ်ပညာဟိတချို့သည် ယေရုဆလင်မြို့သို့ ရောက်လာကြပြီးလျှင်
သင်ရို့ကို ငါအမှန်ဆိုသည်ကား၊ လူရို့သည် အရှိ့ရပ်၊ အနောက်ရပ်က ရောက်လာကြပြီးလျှင် ကောင်းကင်နိုင်ငံ၏ပွဲတော်၌ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်ရို့နှင့်အတူ ထိုင်ကြလိမ့်မည်။
ထိုမိန်းမရို့သည် ဂူထဲသို့ ဝင်ကြလျှင် ဝတ်ရုံဖြူကို ဝတ်ဆင်ထားသော လုလင်တစ်ယောက်သည် လက်ယာဖက်၌ ထိုင်နိန်သည်ကို မြင်ကြသဖြင့် — ကြောက်လန့်ကြ၏။
ရက်အင်တန်ကြာပြီးနောက် ၁၂၀ ခန့် ဟိသော ယုံကြည်သူရို့ စုဝေးနိန်ကြစဉ် ပေတရုသည် စကားပြောရန် ထ၍၊
ထိုအချိန်၌ တပည့်တော်ရို့သည် ယုဒပြည်၌ နီထိုင်ကြသော မိမိရို့၏ယုံကြည်သူ ညီအစ်ကိုတိအား တတ်နိုင်သလောက် အကူအညီအထောက်အပံ့ ပို့ပီးရန် ဆုံးဖြတ်ကြ၏။
သူရို့သည် အန္တိအုတ်မြို့သို့ ရောက်ကြသောအခါ အသင်းတော်၌ ဟိသောသူတိကို အတူတကွ စုဝေး၍ ဘုရားသခင်သည် သူရို့နှင့်အတူ ပြုတော်မူခသော အမှုအရာတိကိုလည်းကောင်း၊ လူမျိုးခြားတိ ယုံကြည်လာကြစီရန် ဘုရားသခင်က ဇာပိုင် လမ်းဖွင့်ပီးခသည်ကို လည်းကောင်း သူရို့အား ပြောပြကြ၏။
အသင်းတော်က သူရို့ကို ပို့ဆောင်ပီးသဖြင့် သူရို့သည် ဖိနိတ်ပြည်နှင့် ယှာမာရိပြည်ကို လျှောက်လားကြစဉ်တွင် လူမျိုးခြားတိ ဘုရားသခင်ထံသို့ ဇာပိုင် ပြောင်းလဲကြပုံကို ပြောပြကြသဖြင့် ယုံကြည်သူတိအားလုံး အလွန်ဝမ်းမြောက်ကြ၏။
ရောမမြို့၌ ဟိသော ယုံကြည်သူများသည် အကျွန်ရို့၏ သတင်းကို ကြားကြလျှင်၊ ကြိုဆိုခြင်းငှာ တချို့သည် အပ္ပိဈီးတိုင်အောင်လည်းကောင်း၊ တချို့သည် ဧည့်ရိပ်သာသုံးဆောင်ဟု ခေါ်သော အရပ်တိုင်အောင်လည်းကောင်း လာကြ၏။ ပေါလုသည် ထိုသူရို့ကို မြင်သောအခါ ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းလျက် ကြီးစွာ စိတ်အားတက်လေ၏။