Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တမန်တော် 10:45 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

45 ဘုရားသခင်သည် မိမိ၏သန်ယှင်းသော ဝိညာဉ်တော် ဆုကျေးဇူးကို တခြားလူမျိုးတိကိုလည်း သွန်းလောင်းတော်မူသည်ကို ပေတရုနှင့်အတူ ယုပ္ပေမြို့မှ လိုက်ပါလာကြသော ယုဒလူမျိုး ယုံကြည်သူများသည်လည်း မြင်ကြရသည်ဖြစ်၍ အံ့သြကြရလေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




တမန်တော် 10:45
12 ပူးပေါင်းရင်းမြစ်များ  

ပေတရုသည် ထိုလူတိကို အိမ်ထဲသို့ ဖိတ်ခေါ်၍ ထိုအိမ်၌ ညအိပ်ရန် ပြော၏။ နောက်တစ်နိ့တွင် ပေတရုသည် အသင့်ပျင်ဆင်၍ ထိုသူရို့နှင့်အတူ လိုက်လားလေ၏။ ယုပ္ပေမြို့မှ ယုံကြည်သူတချို့လည်း ပေတရုနှင့်အတူ လိုက်ပါကြ၏။


ပေတရုသည် ယေရုဆလင်မြို့သို့ ရောက်သောအခါ အရီဖျားလှီးခြင်း ခံယူထားသော ယုံကြည်သူတိက


“သင်သည် အရီဖျားလှီးခြင်းကို မခံသော တခြားလူမျိုးတိ အိမ်၌ အဂန္တုတစ်ယောက်အဖြစ်ဖြင့် လည်ပတ်ပြီးလျှင် သူရို့နှင့် အတူ စားသောက်ပါသည်တကား” ဟု ပေတရုအား အပြစ်တင်ဝေဖန်ကြ၏။


ကိုယ်တော့်ကို ဘုရားသခင်၏ လက်ယာတော်ဖက်၌ ချီးမြှောက်တော်မူပြီးနောက် ကတိထားတော်မူသည်အတိုင်း သန့်ယှင်းသောဝိညာဉ်တော်ကို ခမည်းတော်ထံမှ ခံယူလေ၏။ အဂုတွင် သင်ရို့ တွိ့မြင်ကြားသိနိန်သော ထိုဝိညာဉ်တော်ကို ငါရို့အထက်၌ သွန်းလောင်းတော်မူပြီ။


ပေတရုက၊ “သင်ရို့၏အပြစ်မှ ခွင့်ရွှတ်ခြင်းရစီရန် တစ်ယောက်စီတိုင်း နောင်တရပြီးလျှင် ယေသျှုခရစ်တော်၏ နာမတော်မြတ်၌ ဗတ္တိဇံကို ခံယူကြလော။ ထိုသို့ပြုလျှင် ဘုရားသခင်၏ လက်ဆောင်ဖြစ်သော သန့်ယှင်းသောဝိညာဉ်တော်ကို လက်ခံရကြလိမ့်မည်။


ဤမျှော်လင့်ခြင်းသည် ငါရို့ကို အရှက်ရစီမည်မဟုတ်။ အကြောင်းမူကား ဘုရားသခင်သည် သန့်ယှင်းသော ဝိညာဉ်တော်အားဖြင့် မိမိ၏မေတ္တာကို ငါရို့ စိတ်နှလုံးထဲသို့ သွန်းလောင်းပီးထားသောကြောင့် ဖြစ်၏။ ထိုသန့်ယှင်းသော ဝိညာဉ်တော်သည်ကား ငါရို့အတွက် ဘုရားသခင်၏ လက်ဆောင်ဖြစ်ပေ၏။


ငါရို့သည် ဇာတိအားဖြင့် ယုဒလူမျိုးဖြစ်ပြီး၊ “အပြစ်ကျူးလွန်သော တခြားလူမျိုးများ” မဟုတ်ကြပေ။


ယုဒအမျိုးသားများက ဇာတိအားဖြင့် တစ်ပါးအမျိုးသားများဖြစ်ကြသော သင်ရို့အား “အရီဖျားလှီးခြင်းကို မခံသောသူများ” ဟု ခေါ်ကြပြီး၊ သူရို့သည် သူရို့ကိုသူရို့ “အရီဖျားလှီးခြင်းကို ခံယူကြသောသူရို့” ဟု ခေါ်ကြ၏။ အရီဖျားလှီးခြင်း ဟုဆိုရာ၌ ကိုယ်ကာယနှင့် သက်ဆိုင်သောအမှုဖြစ်၏။ အတိတ်က သင်ရို့၏အခြေအနေကို အောက်မိ့သတိရကြလော့။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ