Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တမန်တော် 10:22 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

22 ထိုသူရို့က “ဘုရားသခင်ကို ကြည်ညို၍ ယုဒလူမျိုးအားလုံးက အလွန်လေးစားရသော၊ သူတော်ကောင်းတစ်ယောက်ဖြစ်သူ တပ်မှူး ကော်နေလိက အကျွန်ရို့ကို ရွှတ်လိုက်ပါ၏။ အကြောင်းမှာ သင်၏စကားကို ကြားနာခြင်းငှာ သင့်ကို သူ့အိမ်သို့ ခေါ်ဖိတ်ရန် ဘုရားသခင်၏ သန့်ယှင်းသောကောင်းကင်တမန်တစ်ပါးက သူ့အား ပြောသောကြောင့် အကျွန်ရို့ လာရခြင်းဖြစ်ပါ၏” ဟု ပြန်ပြောကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




တမန်တော် 10:22
36 ပူးပေါင်းရင်းမြစ်များ  

ယောသပ်သည် ဖြောင့်မတ်သောသူ ဖြစ်သည်နှင့်အညီ မာရိကို လူပုံအလည်၌ အသရေမပျက်စီလို၍ လူသိသျှင်ကြား စိ့စပ်ထားသည်ကို တိတ်တဆိတ် ဖျက်သိမ်းရန် ကြံစည်နိန်၏။


ဘုရားသခင်က ဟေရုဒ်မင်းကြီးထံပါးသို့ ပြန်၍ မလားကြရန် အိပ်မက်ထဲ၌ နက္ခတ်ပညာဟိရို့ကို ပြောထားပြီးဖြစ်သောကြောင့် သူရို့သည် မိမိတိုင်းပြည်သို့ အခြားသောလမ်းဖြင့် ပြန်လားကြ၏။


အကြောင်းမူကား ယောဟန်သည် ကောင်းမြတ်ပြီး၊ သန့်ယှင်းသူဖြစ်ကြောင်းကို ဟေရုဒ် သိသဖြင့် ကြောက်၍ စောင့်ရှောက်လျက် ထား၏။ ယောဟန်၏ ဟောပြော သွန်သင်ချက်များကို ကြားနာရသောအခါ၌ စိတ်အနှောက်အယှက်ဖြစ်သော်လည်း ဝမ်းမြောက်စွာနှင့်ပင် ကြားနာလေ့ ဟိသောကြောင့်ဖြစ်၏။


ဖောက်ပြန်၍၊ ဒုစရိုက်တိနှင့် ပြည့်နိန်သော ဤလောက၌ အကြင်သူသည် ငါနှင့် ငါ၏သြဝါဒကို ရှက်လျှင်၊ လူသားသည်လည်း အဖခမည်းတော်၏ ဘုန်းတန်ခိုးတော်ကို ဆောင်၍ သန့်ယှင်းသော ကောင်းကင်တမန်ရို့နှင့် ကြွလာသောအခါ ထိုသူကို ရှက်လိမ့်မည်” ဟု မိန့်တော်မူ၏။


ထိုအချိန်၌ သျှုမောင်ဟု ခေါ်သော လူတစ်ယောက်သည် ယေရုဆလင်မြို့တွင် နီထိုင်လျက်ဟိ၏။ သူသည် ဖြောင့်မတ်သောသူဖြစ်၍ ဘာသာတရားကိုင်းယှိုင်းသောသူဖြစ်၏။ သူသည် ဣသရေလလူမျိုးတိ ကယ်တင်ခြင်းရဖို့ရန် စောင့်မျှော်နိန်သောသူလည်း ဖြစ်ပြီး သန့်ယှင်းသောဝိညာဉ်တော်သည် သူ၌ တည်တော်မူ၏။


ထိုအခါ ယုဒပြည်၌ ယောသပ်အမည်ဟိသော အရိမဿဲမြို့သားဖြစ်၍ လူကောင်းလူဖြောင့်တစ်ယောက် ဖြစ်သည်နှင့်အညီ ဘုရားသခင်၏ နိုင်ငံတော် တည်လာမည့်အချိန်ကို စောင့်မျှော်နိန်သူဖြစ်၏။ သူသည် လွှတ်တော်အဖွဲ့ဝင် တစ်ယောက်ဖြစ်သော်လည်း တရားလွှတ်တော်၏ ဆုံးဖြတ်ချက်နှင့် လုပ်ဆောင်ချက်ကို သဘောမတူခပေ။


အကြင်သူသည် ငါနန့် ငါ၏ တရားစကားကြောင့် ရှက်လျှင် လူသားသည် မိမိ၏ ဘုန်းတန်ခိုးတော်၊ ခမည်းတော်၏ ဘုန်းတန်ခိုးတော်၊ သန့်ယှင်းသော ကောင်းကင်တမန်ရို့၏ ဘုန်းတန်ခိုးကိုဆောင်ပြီး ကြွလာသောအခါ ထိုသူကို ရှက်တော်မူလိမ့်မည်။


ငါအမှန်ဆိုသည်ကား၊ ငါစီရွှတ်သောသူကို လက်ခံသောသူသည် ငါ့ကို လက်ခံခြင်းဖြစ်၏။ ငါ့ကို လက်ခံသောသူသည်လည်း ငါ့ကို စီရွှတ်သော အသျှင်ကိုလက်ခံ၏” ဟု မိန့်တော်မူ၏။


“အကျွန်သည် သူရို့အတွက်သာ ဆုတောင်းသည် မဟုတ်ပါ၊ သူရို့၏ နှုတ်ကပတ်တော်အားဖြင့် အကျွန့်ကို ယုံကြည်လာကြမည့် သူရို့အတွက်လည်း ဆုတောင်းပါ၏။


အကြောင်းမူကား ကိုယ်တော်သည် အကျွန်အား ပီးတော်မူသော နှုတ်ကပတ်တော်ကို သူရို့အား အကျွန် ဟောပြောပြီးဖြစ်၍ သူရို့သည်လည်း လက်ခံကြပါ၏။ အကျွန်သည် ကိုယ်တော်ထံမှ လာသူဖြစ်ကြောင်းကို သူရို့သည် အမှန်သိကြပါ၏။ အကျွန်သည် ကိုယ်တော်စီရွှတ်သူဖြစ်ကြောင်းကို သူရို့သည် ယုံကြည်ကြပါ၏။


“ငါအမှန်ဆိုသည်ကား၊ ငါ့စကားကို ကြားလျက် ငါအား စီရွှတ်သောသူကို ယုံကြည်သော သူရို့သည် ထာဝရအသက်ကို ရ၏။ ထိုသူရို့သည် တရားစီရင်ခြင်းကို မခံရဘဲ သီခြင်းမှ အသက်ရှင်ခြင်းသို့ ကူးမြောက်သော သူများ ဖြစ်ကြ၏။


ဘုရားသခင်၏ ဝိညာဉ်တော်သာလျှင် အသက်ကို ပီးနိုင်၏။ လူသားရို့၏ အစွမ်းတန်ခိုးမူကား အသက်ကို မပီးနိုင်။ သင်ရို့အား ငါပြောသောစကားသည် အသက်ရှင်စီသော ထိုဝိညာဉ်တော်နှင့်သာ သက်ဆိုင်၏။


ထိုအခါ သျှိမုန်ပေတရု ကလည်း “အသျှင်၊ အကျွန်ရို့ ဇာသူ့ပါးသို့ လားရပါမည်နည်း။ ထာဝရအသက်နှင့်ဆိုင်သော တရားကို ကိုယ်တော် ဟောပါ၏။


သူသည် ဘာသာတရား ကြည်ညိုသောသူ တစ်ယောက်ဖြစ်၏။ သူနှင့် သူ၏မိသားစုအားလုံးသည် ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ကြ၏။ ယုဒလူမျိုး ဆင်းရဲသူ ဆင်းရဲသားတိအား ရက်ရောစွာ ပီးကမ်းစွန့်ကြဲကာ ဘုရားသခင်အား အစဉ်ဆုတောင်းလျက်နိန်၏။


ထို့ကြောင့် ပေတရုသည်လည်း အိမ်ထက်က ဆင်းလာပြီးလျှင် “ငါသည်ကား သင်ရို့ ရှာနိန်သောသူဖြစ်၏။ သင်ရို့သည် ဇာအကြောင်းကြောင့် ရောက်လာကတ်ပါလဲ” ဟု ထိုသူရို့အား မိန်း၏။


ကော်နေလိကလည်း “လွန်ခသော သုံးရက်ခန့်က မွန်းလွဲသုံးချက်တီး ဤအချိန်တွင် အကျွန်သည် အကျွန့်အိမ်၌ ဆုတောင်းနိန်စဉ်၊ အရောင်တောက်ပသော အဝတ်ကို ဝတ်ဆင်ထားသော လူတစ်ယောက်သည် အကျွန်၏ရှိ့မှာ အမှတ်မထင် လာရပ်ပြီးလျှင်


ထို့ကြောင့် အကျွန်သည် ကိုယ်တော်ပါးသို့ ချက်ချင်း စီရွှတ်လိုက်သည် ဖြစ်၍ ကိုယ်တော်ကြွလာခြင်းအတွက် ကျေးဇူးတင်ပါ၏။ ယခုတွင် အကျွန်ရို့ အားလုံးသည် ကိုယ်တော်အား သခင်ဘုရား သွန်သင်ထားသော ဩဝါဒစကားတိကို ကြားနားခြင်းငှာ စောင့်ဆိုင်းလျက် ဘုရားသခင်၏ရှိ့မှောက် ဤအရပ်၌ ရောက်နိန်ကြခြင်းဖြစ်ပါသည်” ဟု ပေတရုအား ဆို၏။


ထိုသူသည် ပင်လယ်နားမှာ နီထိုင်သော သားရီနယ်လုပ်သား သျှိမုန်၏ အိမ်မှာ တည်းနိန်သော အာဂန္တုတစ်ယောက်ဖြစ်၏” ဟု ပြောဆို၏။


သူသည် သင်နှင့်တကွ သင်၏မိသားစုအားလုံးကို ကယ်တင်ခြင်းရစီခြင်းငှာ သင်ရို့အား နှုတ်ကပတ်တရားတော်ကို ပြောကြားလိမ့်မည် ဟူ၍ ဖြစ်၏။


“ထို့နောက် အာနနိဆိုသူ တစ်ယောက်သည် ငါ့ပါးသို့ ရောက်လာ၏။ ထိုသူသည် ငါရို့၏ပညတ်တရားကို လိုက်လျှောက်၍ ဘုရားဝတ်၌ မွိ့ပျော်သောသူ ဖြစ်သည်နှင့်အညီ ထိုအရပ်၌ နီထိုင်ကြသော ယုဒလူအားလုံး၏ ရိုသီလေးစားခြင်းကို ခံရသော သူဖြစ်၏။


ဘုရားသခင်ကို အမှီပြု၍ ကောင်းသောသူ၊ မကောင်းသောသူ အားလုံးရို့သည် သီခြင်းမှ ရှင်ပြန်ထမြောက်မည်ကို သူရို့သည် မျှော်လင့်သကဲ့သို့ အကျွန်ကလည်း မျှော်လင့်ပါ၏။


ထို့ကြောင့် ညီအစ်ကိုမောင်နှမရို့၊ သင်ရို့အထဲမှ သန့်ယှင်းသောဝိညာဉ်တော်နှင့် လည်းကောင်း၊ ဉာဏ်ပညာနှင့် လည်းကောင်း ပြည့်ဝပြီးလျှင် ဂုဏ်သရေဟိသော လူခုနစ်ယောက်ကို ရွီးချယ်ကြလော့။ ငါရို့သည် ထိုသူရို့ကို ဤတာဝန်အတွက် ခန့်ထားမည်။


အကြောင်းမူကား “ဖြောင့်မတ်သောသူသည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်လိမ့်မည်” ဟု ကျမ်းစာက ပြောထားသည်နှင့်အညီ၊ အစမှ အဆုံးတိုင်အောင် ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်သည် မိမိ၏မျက်မှောက်တော်တွင် ငါရို့အား ဖြောင့်မတ်ခြင်းတရား၌ ဇာပိုင် တည်နိုင်သည်ဆိုစွာကို ဤသတင်းကောင်းတရားတော်က ဖော်ပြထား၏။


ဤအမှုအရာ အားလုံးသည် ဘုရားသခင် ပြုတော်မူခြင်း ဖြစ်၏။ ဘုရားသခင်သည် ခရစ်တော်အားဖြင့် ငါရို့ကို မိမိနှင့် ပြန်လည်သင့်မြတ်စီ၍ ပြန်လည်သင့်မြတ်ခြင်းနှင့်ဆိုင်သော အမှုတော်ကို ငါရို့အား ပီးအပ်တော်မူ၏။


ကဲ့ရဲ့ပြစ်တင်ခြင်း မခံရစီခြင်းငှာ လည်းကောင်း၊ မာရ်နတ်၏ကျော့ကွင်းထဲသို့ မကျရောက်စီခြင်းငှာ လည်းကောင်း သင်းအုပ်သည် အသင်းတော်ပြင်ပလူတိ ရိုသီလေးစားခြင်းကို ခံရသောသူဖြစ်ရမည်။


ငါ၏ဖြောင့်မတ်သောသူသည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်လိမ့်မည်။ သို့ရာတွင် ထိုသူသည် နောက်သို့ ပြန်လှည့်လျှင် ငါသည် သူ့ကို နှစ်သက်လိမ့်မည်မဟုတ်” ဟူ၍ ဖော်ပြထား၏။


ရှီးလူရို့သည် ဘုရားသခင်၏ နှစ်သက်ခြင်းကို ခံရကြသည်မှာ သူရို့၏ယုံကြည်ခြင်းကြောင့် ဖြစ်၏။


ကောင်းကင်ဘုံ၌ နာမည်စာရင်းဝင်လျက်ဟိကြသော အဦးဆုံးသောသားများ၏အသင်းတော်သို့ လည်းကောင်း၊ လူသားအားလုံးကို တရားစီရင်တော်မူသော ဘုရားသခင်ထံပါးသို့ လည်းကောင်း၊ စုံလင်ခြင်းသို့ ရောက်ကြကုန်သော ဖြောင့်မတ်သူရို့၏ ဝိညာဉ်များသို့ လည်းကောင်း၊


သန့်ယှင်းသော ပရောဖက်ရို့ အယင်က ဟောပြောခသည့် စကားများကို လည်းကောင်း၊ သင်ရို့၏ တမန်တော်ရို့မှတစ်ဆင့် ပီးအပ်ခသည့် သခင်ဘုရားဟူသော ကယ်တင်သျှင်၏ ပညတ်တော်ကို လည်းကောင်း သင်ရို့ကို ပြန်လည်သတိရစီရန် ဖြစ်၏။


ဒေမေတရိကို လူတိုင်းက ချီးကျူးပြောဆို ကြ၏။ သမ္မာတရားသည် သူ့ဖက်၌ သက်သီခံ၏။ ငါရို့သည် ထပ်၍ သက်သီခံကြ၏။ ငါရို့၏ သက်သီခံချက်သည် မှန်ကန်ကြောင်းကိုလည်း သင်သိ၏။


ဘုရားသခင်၏ အမျက်တော်ဖလားမှ ပြင်းထန်သော ဒေါသတည်းဟူသော စပျစ်ရည်ကို သောက်ရလိမ့်မည်။ ထိုသူသည် သန့်ယှင်းသောကောင်းကင်တမန်တိနှင့် သိုးသူငယ်တော်၏ ရှိ့၌ ကန့်နှင့်ရောသော မီးထဲတွင် နှိပ်စက်ညှည်းဆဲခြင်းကို ခံရလိမ့်မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ