14 သူရို့သည် ယေသျှု၏ မယ်တော်မာရိ အပါအဝင် မိန်းမတချို့နှင့် လည်းကောင်း၊ ကိုယ်တော်၏ ညီတော်များနှင့် လည်းကောင်း၊ မကြာမကြာ စုရုံး၍ အတူတကွ ဆုတောင်းလျက်နိန်ကြ၏။
ယေသျှုသည် ပရိသတ်တိနှင့် စကားပြောနိန်သောအခါ သူ့အမိနှင့် သူ၏ညီအစ်ကိုတိ ရောက်လာကြ၏။ သူရို့သည် သူနှင့် စကားပြောချင်၍ အပြင်က ရပ်စောင့်နိန်ကြ၏။
သင်ရို့သည် ယုံကြည်ခြင်း ဟိကြလျှင် သင်ရို့ တောင်းသမျှကို ရကြလိမ့်မည်” ဟု မိန့်တော်မူ၏။
ထိုနီရာ၌ မလှမ်းမကမ်းမှ ကြည့်နိန်ကြသော မိန်းမများလည်း ဟိကြ၏။ သူရို့သည် ကိုယ်တော်အား အလုပ်အကျွေးပြုရန် ဂါလိလဲပြည်မှ ကိုယ်တော့်နောက်ကို လိုက်လာကြလေ၏။
မိန်းမတချို့သည် အဝီးမှ ရပ်၍ ကြည့်နိန်ကြ၏။ ထိုမိန်းမရို့တွင် မာဂဒလမြို့သူ မာရိ၊ လူငယ်ယာကုပ်နှင့် ယောသေ ရို့၏အမိ မာရိနှင့် သျှာလုံ ရို့လည်းပါ၏။
ဥပုသ်နိ့ လွန်ပြီးနောက် မာဂဒလမြို့သူ မာရိ၊ ယာကုပ်၏အမိ မာရိနှင့် သျှာလုံ ရို့သည် ယေသျှု၏အလောင်းတော်ကို လိမ်းကျန်ခြင်းငှာ အမွှီးနံ့သာများကို ဝယ်ယူကြ၏။
သင်ရို့သည် အဆိုးဖြစ်လျက်ပင် သားသမီးရို့အား ကောင်းသောအရာများ ပီးရမည်ကို သိကြလျှင်၊ ထိုမျှမက ကောင်းကင်ဘုံသျှင် အဖသည် တောင်းသောသူရို့အား သန့်ယှင်းသောဝိညာဉ်တော်ကို သာ၍ ပီးတော်မူမည်မဟုတ်လော” ဟု မိန့်တော်မူ၏။
ထို့နောက် ယေသျှုသည် တပည့်တော်ရို့အား စိတ်အားမလျော့ဘဲ အမြဲတမ်းဆုတောင်းပဌာနာ ပြုသင့်ကြောင်းကို ပုံဥပမာဆောင်၍ သွန်သင်တော်မူ၏။
ဂါလိလဲပြည်မှ ကိုယ်တော်၏ နောက်သို့လိုက်ကြသော မိန်းမတိအပါအဝင် ယေသျှုကို သိကျွမ်းသူအပေါင်းရို့သည် အဝီးကရပ်ပြီး ကြည့်ရှုနိန်ကြ၏။
ဂါလိလဲပြည်မှ ယေသျှုနှင့်အတူလာသော မိန်းမရို့သည် ယောသပ်နှင့်အတူ သင်္ချိုင်းတော်ကို လည်းကောင်း၊ အလောင်းတော်ကို မည်သို့ထားသည်ကို လည်းကောင်း တွိ့မြင်ခြင်းငှာ လာကြ၏။
ထိုအကြောင်းအရာကို တမန်တော်တိအား ပြောပြသူရို့မှာ မာဂဒလရွာသူ မာရိ၊ ယောဟန္န၊ ယာကုပ်၏အမိ မာရိမှစသော အခြားသော မိန်းမတိ ဖြစ်ကြ၏။
သူရို့သည် ချက်ချင်းထ၍ ယေရုဆလင်မြို့သို့ ပြန်ကြ၏။ ထိုအရပ်၌ တစ်ကျိပ်တစ်ပါးသော တပည့်တော်ရို့နှင့် အခြားသောတပည့်တော်ရို့ အတူတကွ စုဝေးနိန်ကြသည်ကို တွိ့ရကြ၏။
ဘုရားသခင်၏ ဗိမာန်တော်၌ အမြဲမပြတ် ကျေးဇူးတော်ကို ချီးမွမ်းလျက်နိန်ကြ၏။
လူတစ်ယောက်က ယေသျှုအား “ကိုယ်တော်၏ မယ်တော်နှင့် ညီတော်တိက ကိုယ်တော့်ကို တွိ့ချင်သောကြောင့် အပြင်မှာ စောင့်နိန်ကြပါ၏” ဟု လျှောက်ကြ၏။
ပင်တေကုတ္တေပွဲတော်နိ့ ရောက်သောအခါ ယုံကြည်သူအပေါင်းရို့သည် တစ်နီရာတည်းတွင် စုရုံးနိန်ကြ၏။
ထိုသူရို့သည် တမန်တော်ရို့၏ သွန်သင်ခြင်းကိုခံယူခြင်း၊ မိတ်ဖွဲ့ခြင်း၊ မုန့်ဖဲ့ခြင်း၊ ဆုတောင်းခြင်းများဖြင့် အချိန်ကုန်လွန်စီကြ၏။
သူရို့သည် နိ့စဉ်နိ့တိုင်း ဗိမာန်တော်၌ စုဝေးကြပြီးလျှင် သူရို့၏အိမ်များတွင် မုန့်ကိုဖဲ့လျက် စေတနာစိတ်နှင့် ဝမ်းမြောက်စွာ အတူတကွ အစားအစာများကို သုံးဆောင်ကြကာ၊
ငါရို့ကား ဆုတောင်းခြင်းနှင့် နှုတ်ကပတ်တော် ဟောပြောခြင်း အမှုကိုသာ အစဉ်တစိုက် ဆောင်ရွက်ကြမည်” ဟု ဆို၏။
ဆင်းရဲဒုက္ခရောက်စဉ်ခါ သည်းခံလျက် ဝမ်းမြောက်စိတ်နှင့် မျှော်လင့်၍ နိန်ကြလော့။ အမြဲမပြတ်ဆုတောင်းပတ္ထနာပြုလျက် နိန်ကြလော့။
ထို့ကြောင့် အမျိုးမျိုးသော ဘာသာစကားဖြင့် ပြောသောသူသည် မိမိပြောသည့်စကား၏ အဓိပ္ပာယ်ကို ဖော်ပြနိုင်သော တန်ခိုးစွမ်းရည်ကို ရဟိခြင်းငှာ ဆုတောင်းပတ္ထနာပြုရမည်။
သင်ရို့အား ကူညီမစတော်မူခြင်းငှာ ဘုရားသခင်အား တောင်းလျှောက်ကြလော့။ ဝိညာဉ်တော် ညွှန်ကြားသည့်အတိုင်း အရာရာ၌ ဆုတောင်းကြလော့။ ထို့ကြောင့် နိုးနိုးကြားကြားဖြင့် နီကြလော့။ ကာလအစဉ် အားမလျှော့ဘဲ၊ ဘုရားသခင်၏လူစုတော်အဖို့ ဆုတောင်းကြလော့။
ဆုတောင်းခြင်းအမှုကို အစဉ်တစိုက် ပြုကြလော့။ ထိုသို့ပြုရာတွင် ဘုရားသခင်အား ကျေးဇူးတော်ချီးမွမ်းလျက် သတိဟိကြလော့။