၂ တိမောသေ 2:19 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား19 သို့သော်လည်း ဘုရားသခင် တည်ဆောက်ထားသော အုတ်မြစ်သည် ခိုင်ခန့်စွာ ရပ်တည်လျက်ဟိ၏။ ထိုအုတ်မြစ်ထက်တွင် “သခင်ဘုရားသည် မိမိ၏ လူတိကို သိတော်မူ၏” ဟူ၍ လည်းကောင်း၊ “ဘုရားသခင်၏နာမတော်ကို ဝန်ခံသောသူတိုင်းသည် မတရားသောအမှုကို ယှောင်ရမည်” ဟူ၍လည်းကောင်း ကမ္ပည်းစာ ရီးထား၏။ အခန်းကိုကြည့်ပါ။ |
သို့ရာတွင် ဘုရားသခင် ရွီးချယ်ထားသော သားတစ်ယောက်သာ ဘုရားသခင်၏ အလိုတော်နှင့် ဆိုင်၏။ “သားကြီးသည် သားငယ်၌ ကျွန်ခံရလိမ့်မည်” ဟု ထိုမိန်းမအား ဘုရားသခင် ဗျာဒိတ် ပီးထားတော်မူ၏။ သူရို့ကို မမွီးဖွားခင်၊ ထိုသားတိသည် ကောင်းသောအကျင့်၊ မကောင်းသောအကျင့်ကို မကျင့်ခင်ကပင် ဘုရားသခင်က ဤသို့ မိန့်တော်မူထားပြီး ဖြစ်၏။ ထို့ကြောင့် ဘုရားသခင် ရွီးကောက်တော်မူခြင်းသည် ခေါ်တော်မူခြင်းနှင့်သာ ဆိုင်၏၊ သူရို့၏အကျင့်နှင့် မဆိုင်။
သင်မြင်ရသည့် သားရဲသည် တစ်ခါက အသက်ရှင်ခသော်လည်း ယခု အသက်မရှင်ယာ။ သူသည် တွင်းနက်ကြီးထဲမှ တက်လာပြီးလျှင် ဖျက်ဆီးခြင်းကို ခံရလိမ့်မည်။ လောကကို မဖန်ဆင်းခင်ကပင် အသက်စာစောင်စာရင်းတွင် မပါသူ မြီကြီးသားရို့သည် ထိုသားရဲကို မြင်သောအခါ အံ့သြကြလိမ့်မည်။ သူသည် အယင်က အသက်ရှင်ခ၏။ ယခု အသက်မရှင်သော်လည်း နောက်တဖန် အသက်ရှင်လာဦးမည်။