8 ငါရို့သည် အဖိုးအခမပီးဘဲ ဇာသူ၏ အထောက်ပံ့ကိုမျှ အလကားမယူခကတ်။ သင်ရို့ တစ်ဦးတစ်ယောက်ကိုမျှ ငါရို့အတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်စီရန် ငါရို့သည် အလုပ်ကို ပင်ပန်းစွာ နိ့ညမပြတ် လုပ်ကိုင်ခ၏။
အကျွန်ရို့လိုအပ်သောအစာကို အကျွန်ရို့အား ဤနိ့ ပီးသနားတော်မူပါ။
အကြောင်းမူကား သူသည် တဲရှင်လုပ်ငန်း လုပ်ကိုင်ခြင်းဖြင့် မိမိ၏အသက်မွီးဝမ်းကျောင်းအတွက် ဝင်ငွီရှာသူဖြစ်၍ အလုပ်ချင်း တူသောကြောင့် သူရို့နှင့်အတူ နီထိုင်ကာ အလုပ်လုပ်လေ၏။
ငါနှင့် ငါ့အပေါင်းဖော်ရို့၏ လိုအပ်ချက်များအတွက် ငါသည် ငါ့လက်ဖြင့် အလုပ်လုပ်၍ ထောက်ပံ့ခကြောင်းကို သင်ရို့ကိုယ်တိုင် သိကြ၏။
ငါရို့ကိုယ်တိုင် ကိုယ့်လက်ဖြင့် ပင်ပန်းစွာလုပ်ဆောင်ကြရ၏။ ငါရို့သည် ကျိန်ဆဲခြင်းကို ခံရသောအခါ ကောင်းကြီးပီးကြ၏။ ညှည်းဆဲခြင်းကို ခံရသောအခါ သည်းခံကြ၏။
ငါ၏ လုပ်ဆောင်မှုအဖို့ ငါ၌ စားသောက်ခွင့် မဟိလား။
အလုပ်ကို ပင်ပန်းခက်ခဲစွာ လုပ်ကိုင်ရခြင်း၊ မကြာခဏ အိပ်ပျက်ခြင်း၊ ဆာလောင်မွတ်သိပ်ခြင်းနှင့် ရီငတ်ခြင်း၊ မကြာခဏ အစာ ပြတ်လပ်ခြင်း၊ အအီးဒဏ်ခံရခြင်း၊ ဝတ်စရာ လုံလောက်စွာ မဟိခြင်းများကို ငါ ခံရခ၏။
ထို့အပြင် မာကေဒေါနိပြည်မှ လာကြသည့် ညီအစ်ကိုမောင်နှမရို့က ငါလိုသမျှကို ယူလာကြသည်ဖြစ်၍ ငါသည် သင်ရို့နှင့်အတူ ဟိနိန်စဉ် ငွီကြေးလိုအပ်ချိန်၌ သင်ရို့အား ဒုက္ခမပီးခ။ ငါသည် သင်ရို့အတွက် အယင်ကဖြစ်စီ၊ နောင်အခါ၌ဖြစ်စီ ဝန်ထုပ်ဝန်ပိုး ဖြစ်စီလိမ့်မည်မဟုတ်။
ခိုးဝှက်ဖူးသူသည် နောက်တဖန် မခိုးမဝှက်ဘဲ ဆင်းရဲသောသူရို့အား ပီးကမ်းနိုင်ရန် မိမိ လက်ဖြင့် ကောင်းသောအလုပ်ကို ကြိုးစားလုပ်ကိုင်ကြလော့။
ညီအစ်ကိုမောင်နှမရို့၊ ငါရို့၏ ကြိုးပမ်းအားထုတ်မှုနှင့် ပင်ပန်းခက်ခဲမှုများကို သင်ရို့သည် အမှန်ပင် မှတ်မိကြ၏။ ငါရို့သည် သင်ရို့အတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်စီရန် နိ့ရော၊ ညပါ အလုပ်လုပ်လျက် ဘုရားသခင်၏ သတင်းကောင်းကို သင်ရို့အား ဟောပြောကြ၏။
သင်ရို့သည် အယင်က ငါရို့ မှာကြားခသည့်အတိုင်း ငြိမ်ဝပ်စွာနီ၍၊ မိမိရို့၏အရေးကိစ္စကို မိမိရို့ကိုယ်တိုင် ဆောင်ရွက်ကြရန် ကြိုးစားအားထုတ်ကြလော့။
ထိုသို့သော လူတိအား ငြိမ်ဝပ်စွာဖြင့် နီထိုင်၍ မိမိရို့၏အသက်မွီးဝမ်းကျောင်းအတွက် မိမိရို့ကိုယ်တိုင် လုပ်ဆောင်ကြရန် အသျှင်ယေသျှု ခရစ်တော်၏ နာမတော်မြတ်၌ ငါရို့ တိုက်တွန်းလိုက်၏။